Lynn Ze

စစ်ကောင်စီ အသည်းအသန်ကာကွယ်နေရတဲ့ တန့်ဆည်မြို့သိမ်းတိုက်ပွဲ

တန့်ဆည်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်လိုက်မယ်ဆိုရင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အခြေစိုက်တဲ့ မုံရွာမြို့ကို ခြိမ်းခြောက်ထားနိုင်မယ့် အခြေအနေဖြစ်ပါတယ်။

စစ်ကိုင်းက ချေမှုန်းအောင်မြင်ခဲ့တဲ့ စစ်ကောင်စီစခန်းစာရင်းကို NUG ဆက်တိုက်ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာတတိယပတ်အတွင်း စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီတပ်စခန်းတွေကို စခန်းသိမ်းစစ်ဆင်ရေးတွေ ဆင်နွှဲခဲ့ပြီး သိမ်းပိုက်ချေမှုန်းနိုင်ခဲ့တဲ့ စာရင်းကို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

သင့်ကို ထောက်ပို့တပ်က အလိုရှိသည် (အတွေးအမြင်)

ဒီလမှာရရှိလာမယ့် သင့်ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို တော်လှန်ရေးရဲဘော်တွေအတွက် ထောက်ပို့ပေးရင်း သမိုင်းမှတ်တမ်းတင်မယ့် စစ်အာဏာရှင်ဖြုတ်ချရေး တော်လှန်ရေးကြီးမှာ ထောက်ပို့တပ်သားအဖြစ် ပါဝင်လိုက်ပါလို့ အရေးတော်ပုံအောင်မြင်ရေးကို ရှေ့ရှုလျက် ကျွန်ုပ်အနေနဲ့ အလေးအနက် တိုက်တွန်းလိုပါတယ်။

ရေတာရှည်တိုက်ပွဲမှာ စစ်ကောင်စီ ၄၀ ကျော်သေဆုံးဟု NUG ထုတ်ပြန်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း နိုဝင်ဘာ ၁၆ ရက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) စစ်ရုံးချုပ်က နိုဝင်ဘာ ၁၉ ရက် မနေ့က ထုတ်ပြန်ကြေညာပါတယ်။

သွေးပျက်နေတဲ့ စစ်ကောင်စီတပ် (ရုပ်သံဆောင်းပါး)

အညာတခွင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ မင်းအောင်လှိုင်ဦးဆောင်နေတဲ့ နှစ် ၇၀ ကျော်သက်တမ်းရှိ စစ်ကောင်စီတပ်နဲ့ လက်လုပ်သေနတ်ဆွဲကိုင်ပြီး လက်နက်ကိုင်တော်လှန်ရေးကိုစခဲ့တဲ့ စစ်ရေးအတွေ့အကြုံ ၂ နှစ်ဝန်းကျင်သာရှိသေးတဲ့ အညာသားတွေရဲ့ တိုက်ပွဲဖြစ်ပါတယ်။

" ၁၀၂၇ လှိုင်းများ အောင်ရမည်” လူထုလှုပ်ရှားမှု ကနီမှာ ပြုလုပ်

“၁၀၂၇ စစ်ဆင်ရေးလှိုင်းဟာ ကျနော်တို့ အညာလူထု သွေးအေးနေတာကို နိုးကြားတတ်ကြွလာဖို့အတွက် စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေတယ်။ ဒီစိတ်ဓာတ်ခွန်အားတွေနဲ့အတူတူ လက်နက်ကိုင်တော်လှန်ရေး၊ လက်နက်မဲ့တော်လှန်ရေး အတူတကွ သွားမယ်ဆိုရင် အခုတော်လှန်ရေးက မကြာတော့ပါဘူး”

ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင် ဘာ‌တွေလိမ်ခဲ့သလဲ (အတွေးအမြင်)

အာဏာရှင်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေးလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဘာတွေလိမ်ခဲ့သလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။ တနည်းပြောရရင်တော့ မင်းအောင်လှိုင်နဲ့ နောက်လိုက် အပေါင်းအပါတသိုက်က သူတို့ရဲ့ နောက်လိုက်တွေကို ဘာတွေလိမ်ခဲ့သလဲ၊ ဘယ်လိုဝါဒမှိုင်းတွေ တိုက်ခဲ့သလဲဆိုတာကို ကြည့်ကြရအောင်ပါ။

အညာစစ်ဆင်ရေးမှာ အရေးနိမ့်နေတဲ့ မင်းအောင်လှိုင်စစ်တပ်(သတင်းဆောင်းပါး)

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားရေတပ်နဲ့ ပူးတွဲပြီး နိုဝင်ဘာ ၇ ရက်ကနေ ၉ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်မှာ ရေပြင်၊ ဝေဟင်၊ ရေအောက် လက်တွေ့ပစ်ခတ်လေ့ကျင့်မှုတွေ လုပ်နေတဲ့တချိန်တည်းမှာပဲ ရှမ်းပြည်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတခွင်က စစ်ဆင်ရေးတွေမှာ စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ အောက်တိုဘာ ၂၇ ရက် ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်းရေးစတင်ပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ခေါင်းဆောင်းမင်းအောင်လှိုင်နောက်လိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အသေအဆုံးများစွာနဲ့ ရင်ဆိုင်နေရပြီး မြို့ ၅ မြို့အပါအဝင် စစ်တပ်စခန်းပေါင်းရာချီ လက်လွှတ်ဆုံးရှုံးနေရတာဖြစ်ပါတယ်။

မင်းအောင်လှိုင်ကို အားစမ်းလိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အာဏာရှင်စစ်ခေါင်းဆောင်မင်းအောင်လှိုင်အုပ်ချုပ်နေတဲ့ သက်တမ်းရှည်တပ်မတော်ကြီးအတွက် မေးခွန်းထုတ်စရာတွေဖြစ်လာသလို အမျိုးသားညီညွတ်ရေးအတွက်လည်း အဖြေပေးရမယ့် အခြေအနေတွေ ဖြစ်လာပါပြီ။

တော်လှန်ရေးလမ်းဘေးက အမှိုက်သရိုက် အနုပညာရှင်တွေ (အတွေးအမြင်ဆောင်းပါး)

လူထုအနေနဲ့ကလည်း အာဏာရှင်တော်လှန်ရေးလုပ်တာဟာ လက်နက်ကိုင်တောခိုမှ၊ ငွေကြေး လှူဒါန်းပြီး ထောက်ပို့ပေးမှ မဟုတ်ပါဘူး၊ အခုလို အနုပညာသန္ဓေ မမှန်၊ ရပ်တည်ချက်မရှိ၊ စစ်တပ်ရဲ့ ဝါဒဖြန့် လက်နက်တခုအဖြစ်သာ အသုံးတော်ခံနေကြတဲ့ တော်လှန်ရေးလမ်းဘေးက အမှိုက်အသရိုက် အနုပညာရှင်တသိုက်နဲ့ အတင်းဖျင်းအဆံချောင်မီဒီယာတွေကို အားမပေးတာဟာလည်း တော်လှန်ရေးလုပ်နေတာလို့သာ နှလုံးပိုက်စေချင်တယ် ။

စစ်သင်္ဘော ၉ စီးရဲ့ ဗန်းမော်ခရီး  (ဆောင်းပါး)

မန္တလေးကနေ ဗန်းမော်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘောစီးသွားမယ်ဆိုရင် ၂ ညအိပ် ၃ ရက် ခရီးပါ။ အသွားအပြန်ဆိုရင် ၇ ရက်အထိ ကြာမြင့်တတ်ပါတယ်။ ဒါပေမဲ့ နွေဦးတော်လှန်ရေး စစ်အတွင်း ကာလမှာတော့ စစ်ကောင်စီရဲ့ သင်္ဘောတွေဟာ မန္တလေးကနေ ဗန်းမော် ကိုရောက်ဖို့ ၂၃ ရက်အထိ ကြာမြင့်ခဲ့ပါတယ်။ ဒီသင်္ဘော ၉ စီးရဲ့ ခရီးစဉ်တလျှောက် မြစ်ကမ်းဘေးနေထိုင်ကြတဲ့ ကလေးငယ်တဦး အပါအဝင် ဒေသခံ ပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး ၂ ဦးဒဏ် ရာရခဲ့ပါတယ်။ ဒါ့အပြင် အဖမ်းခံရတဲ့ ဒေသခံပြည်သူ ၅၀ နီးပါးရှိခဲ့ပြီး ၅ ဦးကတော့ ပျောက်ဆုံးနေပါတယ်။ ရက်ပေါင်း ၂၀ ကျော်ကြာ မန္တလေးကနေ ဗန်းမော်ကို ခရီးဆက်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဒီသင်္ဘောတွေ နောက်ကို ခြေရာကောက်ကြည့်ကြရအောင်ပါ။

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမယ့် အညာမြေ (အတွေးအမြင်ဆောင်းပါး)

စစ်အာဏာရှင်တော်လှန်ရေးကြီးကို ကိုယ်ထူကိုယ်ထရုန်းကန်တော်လှန်ခဲ့ကြတဲ့ အညာမြေဟာ လက်ရှိအချိန်မှာလည်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရတော့မယ့်အခြေအနေတွေနဲ့ ကြုံနေရပါပြီ။ တော်လှန်ရေးခရီးရှည်ကြီးကို ဆက်လျှောက်ဖို့နဲ့ တော်လှန်ရေးကြီးကို အဆုံးသတ်ဖို့အတွက် အညာလူထုနဲ့ အညာတော်လှန်ရေးသမားတွေရဲ့ ညီညွတ်မှုဟာ အရေးကြီးလာတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရပါတော့မယ်။

အညာခေါ်သံ (အသံလွှင့်ဆောင်းပါး)

သေနတ်ကိုင်ပြီး ဖြေရှင်းမှရတော့မယ့်အဆုံးမှာ အညာမြေဟာ ရှိသမျှရောင်းချလို့ ရရာလက်လုပ် တထောင့်ထိုး သေနတ်နဲ့ တော်လှန်ရေးကိုစခဲ့ကြတယ်။ အညာမြေရဲ့ စစ်အာဏာရှင်တော်လှန်ရေးဟာ ကိုယ်ထူကိုယ်ထ၊ ကိုယ့်ဒူးကိုယ်ချွန်ပဲ။ ဆယ်ဂဏန်းနဲ့စခဲ့ကြတဲ့ တော်လှန်ရေးအင်အားစုတွေဟာ အခုတော့ ထောင်ချီကျော်လို့ သောင်းချီလာခဲ့ကြပြီ။

လိပ်ပြာ

တကယ်က သူ့အရွယ်ဟာ ကျောင်းတက်၊ စာဖတ်၊ ပညာရေးကို လေ့လာ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေ နေရမယ့်အရွယ်ပါ။ ဒါပေမဲ့ မြန်မာပြည်မှာ အဲဒီလိုတွေလုပ်ဖို့ အခွင့်အရေးတွေ မပေးတဲ့အခါ ဒီလိုအခွင့်အရေးတွေ ရနိုင်ဖို့အတွက် သူတို့ရဲ့ ငယ်ရွယ်နုပျိုမှုတွေ၊ ဘဝတွေကို ရင်းနှီးပြီး တော်လှန်ရေးမှာ အသက်တွေ ပေးထားရတာပါ။

NUG က အညာဒေသအတွက် လိုနေတာလား ပိုနေတာလား

ပြဿနာကို ကိုင်တွယ်ဖြေရှင်းမှုဟာ တော်တော်လွှဲချော်နေသလို လူထုအထင်သေးကဲ့ရဲ့စရာ၊ လူထုအယုံအကြည်မဲ့စရာ ဖြစ်စေတယ်လို့ မြင်မိတယ်။ ဒီကိစ္စကို NUG လုပ်တာ မဟုတ်တာတော့ ကျိန်းသေတယ်။ ဒါပေမဲ့ NUG မှာ လုံးလုံးတာဝန် မရှိဘူးလား၊ ဒီနေရာမှာ အပြစ်မဟုတ်ဘဲ မစ်ရှင်ဖြစ်နေရင်ရော ဘယ်လိုသဘောထားမလဲ။ ဒါမှမဟုတ် NUG က ကြိတ်ပြီးတော့ ဖြေရှင်းပေးနေကြတာလား။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10