MLAT

"ညောင်မြစ်တူးလိုက်တာ ကွန်ဒိုတိုက်ခန်းကြီးပေါ်လာ"

ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် "ညောင်မြစ်တူးလိုက်တာ ကွန်ဒိုတိုက်ခန်းကြီးပေါ်လာ"

စစ်တပ်ကို မိုင်းဆွဲပြီး အပြန် မင်္ဂလာဆောင်တခုမှာ သီချင်းဝင်ဆိုတဲ့ PDF ( ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်အနီး အင်အား ၅၀ ခန့်နဲ့တက်လာတဲ့ စစ်ကောင်စီတပ်ကို Dynamite Empire အဖွဲ့က မိုင်းခွဲတိုက်ခိုက်ကာ အောင်မြင်စွာဆုတ်ခွာလာပြီး အပြန်လမ်းက ရွာတရွာမှာ မင်္ဂလာဆောင်တွေ့လို့ သီချင်းဝင်ဆိုပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

၂၀၂၃ မှာ မြေလတ်ဒေသအပါအဝင် တနိုင်ငံလုံး စပါးစိုက်ဧကကျဆင်းပြီး ဆန်ဈေးနှုန်းကြီးမြင့်နိုင်

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာတနိုင်ငံလုံး စစ်အာဏာသိမ်းမှုကိုခံခဲ့ကြရပြီးနောက်ပိုင်းမှာ တနိုင်ငံလုံးက ကျေးလက်နေတောင်သူလယ်သမားအားလုံးရဲ့ သီးနှံစိုက်ပျိုးရေးနဲ့ လယ်ယာလုပ်ငန်းတွေအပေါ် များစွာထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သီတဂူဗုဒ္ဓတက္ကသိုလ်ရဲ့ အရေးပါတဲ့ ဆရာတော်နဲ့ ပြည်သူ ၃ဦးကို ပစ်သတ်ခဲ့တဲ့ သတင်းနဲ့ နောက်ဆက်တွဲသတင်းများ

သီတဂူဗုဒ္ဓတက္ကသိုလ်ရဲ့ အရေးပါတဲ့ ဆရာတော်နဲ့ ပြည်သူ ၃ဦးကို ပစ်သတ်ခဲ့တဲ့ သတင်းနဲ့ နောက်ဆက်တွဲသတင်းများ(Podcast)

"လိမ်စရာမရှိရင် ကိုယ့်မသာကိုယ် ပြန်လိမ်တဲ့ စကစ"

ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် "လိမ်စရာမရှိရင် ကိုယ့်မသာကိုယ် ပြန်လိမ်တဲ့ စကစ"

တကိုယ်ရေကျန်းမာရေး အရေးပါပုံနဲ့ အကြပ်အတည်းကာလအတွင်း စိတ်ပိုင်းဆိုင်ရာပြင်ဆင်နေထိုင်ပုံ ၁

အခုတပတ်မှာတော့ "တကိုယ်ရေကျန်းမာရေး အရေးပါပုံနဲ့ အကြပ်အတည်းကာလအတွင်း စိတ်ပိုင်းဆိုင်ရာပြင်ဆင်နေထိုင်ပုံ" တွေအကြောင်းကို တင်ဆက်ပေးထားပါတယ် ။

PDFနဲ့ ရဲတပ်ဖွဲ့ စိန်ခေါ်တိုက်ပွဲ ရဲတွေအထိနာလို့လေကြောင်းပစ်ကူခေါ်တဲ့သတင်းနဲ့ တပတ်အတွင်းသတင်းများ

PDFနဲ့ ရဲတပ်ဖွဲ့ စိန်ခေါ်တိုက်ပွဲ ရဲတွေအထိနာလို့လေကြောင်းပစ်ကူခေါ်တဲ့သတင်းနဲ့ တပတ်အတွင်းသတင်းများ(Podcast)

လူထုအကြိုက်နှင့်လူထုအကျိုး

သတင်းမီဒီယာ၏မူလအလုပ်မှာ မတရားမှုတို့ကိုဖော်ထုတ်တိုက်ဖျက်ရခြင်းဖြစ်ပြီး လူတစုကောင်းကျိုးအတွက် လူအများကိုအမှောင်ချထားခြင်း၊ ဖုံးကွယ်ထားခြင်းများကို ဖော်ထုတ်ရေးသား တင်ဆက်ရခြင်းဖြစ်သည်။ စစ်အာဏာသိမ်းမှုသည် မတရားမှုဖြစ်သည်ဆိုတာပေါ်လွင်နေပေသည်။ ထိုအရာကိုစိုက်လိုက်မတ်တပ်ရေးသားဖော်ထုတ်ရန် လိုပေသည်။

စစ်ကောင်စီက ခင်ဦးဒေသခံ ၈ ဦးကိုပစ်သတ်ပြီး ၂၀ ဦးထက်မနည်းဖမ်းဆီးထား

"စကစတွေက ရွာထဲကိုဝင်တဲ့အချိန် မနက် ၅ နာရီလောက်ကဝင်တာ။ ကျောက်တွေတင်တဲ့ ကားနဲ့ဝင်တာ။ ဝင်တဲ့အချိန်ကမနက်ခင်းဆိုတော့ ပြင်ဆင်ချိန်မရလိုက်ဘူး။ ဝင်တာကလည်း သူတို့(စကစ)ကားနဲ့မဟုတ်ဘူး။ ကျောက်တင်တဲ့ကားနဲ့ဝင်လာတာ။ ဝင်ပြီးတော့ ကင်းစောင့်နေသူတွေကိုပစ်သတ်တာ”

မြိုင်နယ်က ရွာ ၃ ရွာကို စစ်အုပ်စု မီးရှို့လို့ အိမ်ခြေ ၁၃၀ ကျော် မီးလောင်ပျက်စီး

"ဒီစစ်ကောင်စီတွေနဲ့ ပျူတွေက မနေ့ကဆိုရင် မန်ကျည်းလေးပင်ရွာကို စပြီးတော့ မီးရှို့တယ်။ ပြီးတော့ ကန်နက်ရွာကို မီးရှို့တယ်။ အဲဒီကနေ အိုးဘိုရွာကိုဝင်ပြီး ညအိပ်တယ်။ မနက်ရောက်တော့ အိမ်တွေကို မီးရှို့တော့တာပဲ။ မီးရှို့ပြီးတော့ အဲဒီကောင်တွေက ၁၂ နာရီလောက်မှာ ပြန်ထွက်သွားတယ်။ အခုတော့ မီးရှို့ခံရွာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ရှင်းလင်းရေးလုပ်ပေးနေကြတယ်"

ခင်ဦးမှာ နေအိမ်ကို လက်နက်ကြီးကျလို့ ၅ ဦး ဒဏ်ရာရပြီး ၁ ဦး ဒဏ်ရာပြင်းထန်

"ဒဏ်ရာရသူတွေရဲ့နာမည်တွေကိုတော့ လုံခြုံရေးအရပြောလို့ မရဘူးဗျ။ ငါးယောက်ဒဏ်ရာရတဲ့အထဲမှာ ဝါးရုံကုန်းရွာက အမျိုးသားတယောက်ကတော့ ဒဏ်ရာတော်တော်လေးပြင်းပါတယ်။ သူ့ရဲ့ခန္ဓာတကိုယ်လုံးမှာ ကျည်စတွေဝင်သွားတာ။ ကျန်တဲ့လေးယောက်ကိုတော့ ကျည်စတွေက အနည်းငယ်ပဲထိမှန်ခဲ့တာ။ အခုတော့ အကုန်လုံးဆေးကုသမှု ခံယူနေရတုန်းပါ"

မြိုင်နယ်က မန်ကျည်းလေးပင်ရွာကို စစ်အုပ်စုက ဒုတိယအကြိမ် မီးရှို့နေ

"လက်ရှိမီးခိုးတော့ ငြိမ်သွားပြီ။ မီးလောင်သွားတဲ့ အိမ်ခြေအတိကျတော့ မသိရသေးဘူး။ တိုက်ပွဲဆက်ဖြစ်မယ့်အခြေအနေမို့ ရွာခြေကပ်စုံစမ်း မရသေးပါဘူးရှင့်။ စစ်** က နည်းပါတယ် ကန်နီပျုရွာက ပျူတွေများတာပါ။ စစ်ကြောင်းကတော့ လယ်စုကနေပေါင်းလာတဲ့ စခတွေကန်နီရောက်ပြီး ကန်နီက ပျူတွေနဲ့ပေါင်းထွက်တဲ့ စစ်ကြောင်းပါ"

အောင်လံ စသုံးလုံးရုံးမှာ ဗုံးကွဲလို့ မြို့မရဲစခန်းကို ပြင်ပလူ ဝင်၊ထွက်ခွင့်မပြုဘဲ အချုပ်သားတွေ့ခွင့်ပါပိတ်ထား

''ဗုံးကွဲတာက စသုံးလုံးရုံးမှာကွဲတာ၊ စသုံးလုံးရုံးနဲ့ ကြံ့ ခိုင်ရေးရုံးက ကပ်လျက်ဘဲ။ ဗုံးကွဲတော့ ရုံး အဆောက် အဦအမိုးတွေ လန်ကုန်တယ်လို့ သိရတယ်။ လူထိခိုက်တာတော့ မကြားဘူး။ ဗုံးကွဲတဲ့နေရာနဲ့ရဲစခန်းနဲ့ကလမ်း ၁ လမ်းဘဲခြားတယ်။ အဲ့ဒီလမ်းကလည်း ရဲစခန်းနောက်ကျောလမ်းဖြစ်နေလို့ အာဏာသိမ်းပြီးထဲက ပိတ်ထားတာ မသုံးခိုင်းဘူး။ အဲ့ဒီမှာ စသုံးလုံရုံး ဗုံးကွဲလို့တဲ့ ရဲစခန်းက အပြင်လူပေးမဝင်တော့ဘူး။ အချုပ်သားတွေ့ခွင့်လည်း ပိတ်ထားတယ်။ ထမင်းတောင် ပို့လို့မရတော့ဘူး''

စစ်ကိုင်းနယ်က ကျေးရွာ၂ရွာကို စစ်ကောင်စီမီးရှို့နေ

"စကစတွေက ပထမတော့ မြင်းဆည်ရွာကို မီးရှို့တယ်။ ပြီးတော့ အဲဒီရွာနားကသုံးလင့်ရွာကိုရှို့တယ်။ မြင်းဆည်ကရွာတော်တော်လည်း ကြီးတယ်ဗျ။ မီးရှို့သွားတာရွာတခြမ်းလောက်တော့ ပျက်စီးသွားတယ်။ သုံးလင့်ရွာကတော့ အခုအချိန်ထိမီးရှို့နေတုန်းပါ။ စကစတွေက ရွာကမထွက်သေးဘူး"

ဖမ်းဆီးခံပြည်သူ ၁၅ ဦးပြန်လွှတ်လာပေမယ့် စစ်သင်တန်းဆင်း ၃ ဦးကိုတော့ စစ်အုပ်စုကပြန်မလွှတ်သေး

"အဲဒီသုံးယောက်က နယ်စည်းမခြားတပ်ရင်း ၁၈ ကနေ သင်တန်းဆင်းပြီး ပကဖဖွဲ့ဖို့ ရွာတွေပြန်ဆင်းလာတဲ့လူငယ်တွေပါ။ သူတို့နဲ့တူတူ ဖမ်းခံထားရတဲ့ပြည်သူတွေကိုတော့ ပြန်လွှတ်ပေးခဲ့တယ်။ စကစတွေက အဲဒီလူငယ်သုံးယောက်ကို ကြိုးတုတ်ပြီးတော့ ပိုဝရွာကနေ မတ္တရာဘက်ကို ထွက်သွားကြတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10