Kyaw Gyi

မင်းဘူးမြို့နယ်ထဲမှာ လေပြင်းထိလို့ နေအိမ် ၁၂၂ လုံးပျက်စီး

"ဖြစ်ချိန်ခါက လေတွေပဲ အရင်တိုက်လာတာ။ ပြီးမှ မိုးပါ ပါလာတာ။ မြို့ပေါ်ရပ်ကွက်တွေမှာလည်း တော်တော်လေး ပျက်စီးတာတွေရှိတယ်။ ကျနော်တို့ ရုံးလည်း လေပြင်းတိုက်တဲ့အထဲ ပါသွားလို့ ပြိုကျသွားတယ်။ ရွာတွေဘက်မှာလည်း တော်တော်လေး ပျက်စီးသွားတယ်လို့လည်း သိရတယ်"

လေယာဥ်နဲ့ဗုံးကြဲခံရလို့ ဒေသခံ ၃ ဦးသေပြီး၊ ၃ ဦးဒဏ်ရာရ

"ဗုံးကြဲသလို စက်သေနတ်နဲ့ ပစ်တာလည်း ရှိတယ်။ ဘုမ္မတီး စကစ တပ်စွဲထားတဲ့နေရာကနေလည်း လက်နက်ကြီးနဲ့ ပစ်တာရှိတယ်။ လေယာဥ်ဗုံးကျတာမဖြစ်ခင် တနာရီလောက်အလိုမှာ ဘုမ္မတီးမှာ တပ်စွဲထားတဲ့ စကစနေရာကို ကာကွယ်ရေးအဖွဲ့တွေဘက်က ဝင်ပစ်တာရှိတယ်။ အဲဒါကြောင့် လေယာဥ်နဲ့ ဗုံးလာကြဲတဲ့ အခြေနေထိ ဖြစ်သွားတယ်လို့ ယူဆရတယ်။ စကစ ဘက်က လေယာဥ်နဲ့ လာကြဲချိန်မှာ ကာကွယ်ရေးအဖွဲ့တွေက ရွာထဲမှာ တယောက်မှ မရှိတော့ဘူး။ ရွာသားတွေပဲ ကျန်တဲ့အချိန် လာလုပ်တာ"

မီးမလာရေပြတ်လို့ စစ်ကိုင်းတံတားအောက် မြစ်ထဲ နေ့စဉ် ရေချိုး၊ ရေစိမ်လာသူ ရာချီရှိနေ

"ဧပြီလလောက်ကတည်းက မီးကမမှန် ရေကမရတာနဲ့ အပူကလည်း ပြင်းတာနဲ့ ညနေလောက်ဆို မြစ်ဆိပ်ကို လာကြပြီ။ မီးဆိုတာလည်း တနေ့ကို သုံးလေးနာရီလောက်ပဲ လာတာဆိုတော့။ နေ့စဥ် မြစ်ဆိပ်ရေဆင်းချိုးတဲ့သူနဲ့ အပန်းဖြေသူတွေဆိုရင် ၅၀၀ အထက်လောက်ရှိမယ်။ လူတွေကတော့ ညနေဆိုရင် လာနေကြတုန်းပဲ"

ပြည်ဆေးရုံကြီးမှာ ကိုဗစ်ရောဂါနဲ့ အဘွားအို ၁ ဦးသေဆုံး

"ဆုံးသွားတဲ့သူက ပြည်ကတော့ မဟုတ်ပါဘူး။ ကိုဗစ်ဆိုတာကို ဆေးရုံက ဆရာဝန်တွေက အတည်ပြုပေးထားတာပါ။ သူက ဆေးရုံလာတက်တာ တပတ်လောက်ရှိနေပြီလို့တော့ သိရတယ်။ ဘာရောဂါနဲ့လာတက်တာလဲ ဆိုတာတော့ မသိရဘူး။ ဆေးရုံက စစ်ဆေးချိန်မှာ တွေ့တဲ့ ကိုဗစ်ပိုးက အရင်ကဖြစ်နေတဲ့ ပိုးအမျိုးအစားတွေတော့ မဟုတ်ဘူး။ မျိုးကွဲအသစ်ပုံစံဖြစ်နိုင်တယ်လို့တော့ သုံးသပ်ထားကြတယ်"

ဧရာဝတီမြစ်အတွင်း ဦးခေါင်းပြတ် ပုတ်ပွနေတဲ့ အမျိုးသားအလောင်းတွေ့

"မြစ်ထဲရေနဲ့ မျောလာလို့ သက်ဆိုင်ရာကို အကြောင်းကြားလိုက်ရတာ။ ပြီးတော့ ကမ်းနားထိလှေနဲ့ဆွဲလာပြီး ကြည့်တော့မှ ခေါင်းကမပါဘူး။ အလောင်းအနေအထားကြည့်ရတာ သတ်ဖြတ်ခံရပြီး ရေထဲမျောခံရတာ တပတ်လောက်ရှိနိုင်တယ်"

ရေတာရှည်က စစ်တပ်သတင်းပေးဆိုသူ အမျိုးသားတဦး ရှင်းလင်းခံရ

"စကစတွေ ဝင်လာရင် သူ့ကူးတို့ကနေ ကူးခိုင်းပြီ PDF တွေရှိတဲ့နေရာကို လမ်းပြပေးတာအပြင် ကျေးရွာအတော်များများရဲ့ PDF ထောက်ခံသူတွေကို သတင်းပေးနေသူ ဖြစ်တယ်။ ပြီးတော့ သူက စကစနဲ့ပေါင်းပြီး တနယ်လုံးကို ဒုက္ခပေးနေတဲ့ ဒလန်အကြီးစားဖြစ်လို့ ရှင်းလိုက်တာ"

အင်းတော်မှာ စစ်တပ်က နေအိမ် ၁၂ လုံးကို မီးရှို့ပြီး၊ အမျိုးသား ၂ ဦးကိုပါဖမ်းသွား

"အဲဒီစစ်ကောင်စီတပ်က နန့်သာကို အထိုင်ချပြီး ရွာစဥ်လှည့် စစ်ကြောင်းထိုးနေတာ။ သူတို့ တုံတော်ကိုရောက်တဲ့အချိန် စာသင်ကျောင်းနဲ့ကျောင်းနားကအိမ်တွေကို မီးရှို့သွားတယ်။ အောင်ကုန်းမှာလည်း ထပ်ရှို့သွားတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိဘဲ အကြောင်းမဲ့ရွာထဲဝင်လာပြီး ရှို့သွားတာ။ ညနေပိုင်းမှာတော့ သူတို့အထိုင်ချတဲ့နေရာ ပြန်သွားတယ်"

ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး

"သူတို့တွေက ရဲစခန်းတိုက်ခံရတဲ့ နေ့ကစပြီးနေ့တိုင်းရွာတွေကို ဝင်မွှေ၊ လမ်းပိတ်ပြီး ဖမ်းတာ။ အဓိက ရွာအုပ်ကြီးတွေနဲ့ သူတို့သတင်းပေးတွေက သတင်းပေးလို့ လိုက်ရှာဖမ်းတဲ့သဘောမျိုးပါ။ ဖမ်းခံရတဲ့သူတွေထဲမှာ ဆိုင်ပိတ်ရတာမျိုး၊ သားကိုမမိလို့ ဖအေကိုဖမ်းတာမျိုးတွေလည်းရှိနေတယ်"

ညောင်လေးပင်-မဒေါက်လမ်းပိုင်းက တံတား ၁ စင်း မိုင်းခွဲခံရလို့ ပျက်စီး

"အဲဒီတံတားက လမ်းသွားလမ်းလာတွေ အသုံးပြုများတဲ့တံတားလို့ ပြောရမှာပေါ့။ လမ်းမကြီးပေါ်က တံတားပါ။ တံတားကတော့ ပေ ၁၂၀ ကျော်တယ်။ ခုတံတားမိုင်းခွဲခံရတော့ လောလောဆယ် သွားမရတော့ဘူးလို့ သိရတယ်" လို့ ပြောပါတယ်။

ကြေးနီသယ်ကား လုံခြုံရေးလာယူတဲ့စစ်တပ်က ပြည်သူနေအိမ်တွေကို မွှေနှောက်၊မီးရှို့ ပစ္စည်းတွေယူသွား

"သူတို့က လာကတည်းကိုက ကားပေါ်ကနေ လမ်းဘေးဝဲ၊ယာကို ပစ်ခတ်ပြီးလာကြတော့ ရွာသားတွေက ပြေးကြတာ။ အဲ့တော့မှ သူတို့က အိမ်တွေတက်မွှေ၊ မီးရှို့တာတွေလုပ်တာ။ ပြီးတော့ ဝမ်ပေါင်ကုမ္ပဏီထဲ ဝင်တယ်။ ကြေးနီသယ်ကားတွေကို လုံခြုံရေးယူပေးပြီး နမခဘက် ပြန်လှည့်သွားကြတာ။ ဒေသခံတွေဆီက ယူသွားတဲ့ပစ္စည်းတွေကိုတော့ နောက်ထပ်ကားတွေနဲ့ သယ်သွားတယ်"လို့ ပြောပါတယ်။

ပေါက်မှာ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့ဗုံးချခံရလို့ ၁ ဦးသေ ၁ ဦးဒဏ်ရာရ( ရုပ်/သံ)

ဧပြီလ ၂၈ ရက် ညနေပိုင်းမှာ အင်အား ၁၃၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဒရုန်းသီးတွေဟာ စစ်ကြောင်းကြားထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်

စစ်ကိုင်းတံတားအောက် ဧရာဝတီမြစ်ထဲ ရေဆင်းကူးတဲ့ အမျိုးသား ၁ ဦး ရေနစ်သေဆုံး

"စစ်ကိုင်းမှာဒီလိုပါဘဲ မီးကမလာ ရာသီဥတုကပူတာဆိုတော့ မြစ်ဆိပ်တွေမှာ ရေဆင်းကူးနေကြပါဘဲ။ ခုလည်း အဖော်တွေနဲ့ ရေဆင်းကူးချိန်ဖြစ်သွားတာ။ လူတဦး ရေနစ်တယ်ဆိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေ ဝိုင်းရှာကြတာ၊ နေ့လည် ၁ နာရီလောက်မှာ သူတို့ရေဆင်းကူးတဲ့နေရာနားလောက်ကဘဲ အလောင်းကို ပြန်ဆယ်ရခဲ့တယ်"

ကျေးရွာထဲ နေရာတကာပါတဲ့ အုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

"အုပ်ကြီးကနေ နားထားတာ ၁၀ နှစ်လောက်တောင် ရှိတော့မယ်။ အဲဒီနောက်ပိုင်းမှာ ဟိုနေရာ ဒီနေရာ ပါတာ၊ အမှုအခင်းကိစ္စတွေရှိရင် ပိုင်ရာဆိုင်ရာတွေနဲ့ ဖြေရှင်းပေးတာ လိုက်လုပ်ပေးတာတွေ ရှိနေတော့ တပ်တို့၊ ရဲတို့နဲ့တော့ အဆက်အသွယ်ရှိနိုင်တယ်။ သတင်းပေးဆိုတာကတော့ ဟုတ် မဟုတ်က အတည်မပြုနိုင်ဘူး။ သူက သားသမီးလည်း မရှိဘူး။ ကျန်းမာရေးမကောင်းတဲ့ မိန်းမပဲ ရှိတယ်"

ကညွှတ်ကွင်းမြို့ လျှပ်စစ်အင်ဂျင်နီယာ သေနတ်နဲ့ပစ်သတ်ခံရ

"သူက ကျောက်တံခါးသားပါ။ တခါတလေ ကညွှတ်ကွင်းကနေ သူ့အိမ်ကို ဆိုင်ကယ်နဲ့ပြန်လေ့ရှိတယ်။ ခုလည်း သူအပြန်ကို စောင့်ပြီးပစ်သွားတာနေမယ်။ ဒီဘက်ခြမ်းမှာက ရွာတွေက လျှပ်စစ်မီးကိစ္စ မီတာခမပေးလို့ မီးဖြတ်ခံရတာတွေ ရှိတယ်။ အဲဒီပြသနာတွေကြောင့်ပဲလား ဘာကြောင့်လဲဆိုတာတော့မသိရဘူး"

ဝေါမြို့၊ ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရလို့ ရဲ ၁ ဦးသေဆုံး

"ညက သူတို့တန်းစီးနေချိန် စခန်းအဝင်အဝနားထိ သွားပြီး အလစ်အငိုက်ဖမ်းပစ်ခတ်ခဲ့တာ။ ကျနော်တို့ဘက်က ပစ်ချိန် စခန်းရဲ့အခြားနေရာမှာ ရှိနေတဲ့ ဘန်ကာနဲ့ကတုတ်ကျင်းတွေထဲမှာ ရှိနေတဲ့ ရဲတွေကလည်း ပြန်ပစ်တာ။ စခန်းအနေထားက ပတ်ဝန်းကျင်မှာ အိမ်တွေရှိနေတော့ ပြည်သူတွေ ထိခိုက်မှာစိုးပြီး ပြန်ဆုတ်လာရတယ်။ စခန်းအထဲထိ ဝင်ပစ်ဖို့အစီစဥ်ကတော့ အထမမြောက်ခဲ့ဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10