ရွှေဘိုမှာ မိုင်းထိလို့ ကလေး ၁ ဦးအပါအဝင် ၃ ဦးဒဏ်ရာရ
"သူတို့က ရွှေဘိုမြို့မှာ သွားနေပြီး ရွာကို လာလိုက်ပြန်လိုက်ရှိတယ်။ အဲ့လမ်းမှာ မိုင်းရှိနေလို့ ဒေသခံတွေကို မသွားလာဖို့ ကာကွယ်ရေးအဖွဲ့က သတိပေးထားတယ်။ သူတို့က မသိဘဲလာတာ၊ မိုင်းကလည်း error တက်ပြီး ကွဲတာနဲ့တိုက်ဆိုင်ပြီး ထိသွားတာ။ ပြီးတော့ မနေ့က ၆ ရပ်ကွက်နားမှာလည်း ကလေးတယောက်မိုင်းထိတယ်လို့ သိရတယ်" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။