မကွေးတိုင်းထဲက ရေနံမှော်တွေကို စစ်ကောင်စီဘက်က ထပ်မံပိတ်သိမ်းခိုင်းလို့ ပြောင်းရွှေ့နေရ
"၃ ရက်နေ့ကစပြီး အင်အား ၅၀ ကျော်ပါတဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့လာပြီး နလဲ ရေနံမှော်လမ်းဘေးက ရေနံတူးနေတဲ့ နေရာတွေကို အင်အားနဲ့လာဖျက်သွားတယ်။ အဲနောက်မှာ ခုလုပ်နေတဲ့ ရေနံမှော်တွေကို ဖျက်ရမယ်ဆိုပြီး ပါးစပ်ကနေ ပြောသွားတာ။ စာထုတ်တာမျိုးလဲ မရှိဘူး။ ကျနော်တို့က ပြည်သူဆိုတော့ ကြောက်တာပေါ့။ သူတို့ဖျက်ဆိုလို့ ဖျက်နေရတယ်။ ပြည်သူကို မွဲအောင်လုပ်နေတာလို့ မြင်တယ်"