ရဲအုပ်တွေလိုက်လာတဲ့ကားနဲ့ အိမ်စီးကားတိုက်မိပြီး ရဲအုပ် ၁ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရ
“အကုန်ရဲအုပ်တွေပဲ ဒုရဲအုပ်တောင်မပါဘူး။ CID (မှုခင်းတပ်ဖွဲ့ဌာနချုပ်) မှာသင်တန်းတက်နေတဲ့ သူတွေလေ၊”
“အကုန်ရဲအုပ်တွေပဲ ဒုရဲအုပ်တောင်မပါဘူး။ CID (မှုခင်းတပ်ဖွဲ့ဌာနချုပ်) မှာသင်တန်းတက်နေတဲ့ သူတွေလေ၊”
ရွှေဆိုင်ဓားပြတိုက်ရာမှာပါဝင်သူ ၂ ဦးအနက် ၁ ဦးကို အခင်းဖြစ်ပွားတဲ့ နိုဝင်ဘာ ၂၈ ရက် ည ၇ နာရီခွဲခန့်မှာ မကွေးမြို့နယ်၊ ယင်းဆိပ်ရွာစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပြီး ကျန် ၁ ဦးကိုတော့ ကနဦးဖမ်းဆီးရမိသူရဲ့ ထွက်ဆိုချက်တွေအရ နိုဝင်ဘာ ၂၉ ရက် ည ၇ နာရီခန့်မှာ ပြည်မြို့၊ ရွှေဆံတော်ဘုရားပေါ်မှာ ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။
"လမ်းဘေးမှာက ကားလေး(အိမ်စီးကား) ၁ စီးရပ်ထားတယ်။ သူတို့သားမိ၊ သားဖ ၃ ယောက်က ဆိုင်ကယ်နဲ့အလာ ရပ်ထားတဲ့ကားလေးက ကားတံခါးကိုဖွင့်လိုက်တဲ့အချိန် အဲ့ဒီကားတံခါးကို ရှောင်လိုက်တာ။ အဲ့မှာ နောက်ကလာတဲ့ တွဲကားနဲ့တိုက်မိလိုက်တာပါ "
"လမ်းက လေးလမ်းသွားဆိုတော့ ဒုတိယလမ်းလောက်ကနေ တိုက်ခံရပြီး ပါသွားတာနေမယ်။ တက်ကြိတ်ခံထားရတယ်နဲ့တူတယ်။ ဦးနှောက်ကို အပုံလိုက်ထွက်ကျနေတယ်။ အလောင်းနဲ့ ဦးနှောက်က ၆ ပေလောက်ကွာတယ်။"
ရန်ပယ်စျေးအနီးမှာရှိတဲ့ ချိုချိုရွှေဆိုင်ကို ဆိုင်ကယ်နဲ့လာတဲ့ အမည်မသိသေနတ်သမား ၂ ဦးက ဆိုင်အတွင်းဝင်ရောက်ကာ ရွှေဆိုင်ပိုင်ရှင်အမျိုးသား ၂ ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့ပြီးနောက် ရွှေထည်တွေထည့်ထားတဲ့မှန်ဗီဒိုကို ရိုက်ဖွင့်လုယူထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာရှိ "ထူး" KTV ဆိုင်မှာ မန်နေဂျာနဲ့ဆိုင်ဝန်ထမ်းတွေက ဝိုင်းရိုက်ခဲ့တာကြောင့် လူငယ် ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ ကျောင်းဝန်းထဲမှာ သူတို့ကို မီးစက်ခန်းအဟောင်းလေးတခု ပေးထားတာပေါ့။ သူတို့လင်မယား အဲ့မှာနေတာပေါ့။ သူ(ကိုထွန်းထွန်း)က အဲ့ထဲမှာ ဆေးသုံးဖို့လုပ်နေတဲ့အချိန် သူ့အမျိုးသမီးဝင်လာတယ်။ ဆေးကနည်းနည်းပဲ သုံးခင်ရတယ် (သုံးတယ်လို့ပြောတယ်)။ သုံးပြီးတော့ လင်မယားနည်းနည်းစကားအခြေတင်ဖြစ်တာ။”
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအတွင်း မူးယစ်ဆေးဝါးသယ်ဆောင်ဖြန့်ဖြူးနေသူတွေဆီကနေ ငွေကျပ် ၂၇ ဒဿမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိထားတယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၂၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
“ခုတ်တဲ့သူပြောတာကတော့ သေတဲ့ကောင်လေးက အလုပ်ရှင်အိမ်ကို ဆိုင်ကယ်နဲ့ရောက်လာချိန်မှာ သူ့(ကိုညွန့်စန်း)စိတ်ထဲမှာ မှောင်နေတယ်။ အဲဒီအချိန်မှာ ကိုင်းခုတ်ဓါးနဲ့ ခုတ်ချလိုက်တာတဲ့။ ကျန်တာ အဲ့ဒီလူ ဘာမှမသိဘူးလို့ပြောတယ်။ ရဲတွေလာတော့ ခုတ်တဲ့သူက သူ့အိမ်ကနေပဲ အေးအေးဆေးဆေး အဖမ်းခံတယ်။”
“သေဆုံးတဲ့အမျိုးသမီးက ရင်ဘတ်ပွင့်ပြီး တခါတည်းသေသွားတာ။ သူညီမကတော့ ဒူးမှာဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ မှောက်တဲ့ကားကတော့ ရှေ့ခေါင်းခြမ်းကြေပြီး သိန်း ၂၀ ဖိုးလောက် ပျက်သွားတယ်။”
"သူတို့(ရဲတွေ)က အိပ်တဲ့သူအိပ်၊ စောင့်တဲ့သူစောင့်နေချိန် ကားကဝင်အောင်းလိုက်တာ။ ညောင်ပင်ဘုကြီးကို ဝင်တိုက်တာ။ သူတို့ဂိတ်က ညောင်ပင်နားကပ်လျက်ဆိုတော့။ ကားကလည်း လွှင့်စင်ထွက်သွားတာ။"
" တိုက်သွားတဲ့ကားက ကျွဲပွဲမြို့မှူး အေးဟန်စီးတဲ့ကား။ တောင်ငူကနေ ဝယ်ထားတဲ့ လိုင်စင်မဲ့ကား။ အေးဟန်က စစ်မှုထမ်းပို့ထားတဲ့ တောင်ပိုင်းတိုင်း(စစ်ဌာနချုပ်)ထဲမှာ ဂျူတီကျနေတော့ သူ့ကားကို မြင့်ဇော်(အုတ်တွင်းမြို့နယ် စီမံအုပ်ချုပ်အဖွဲ့ဝင် ၁)ကို ပေးထားတာ။"
ဖမ်းဆီးခံရသူတွေဟာ ပြည်ခရိုင်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်၊ ပန်းတောင်းမြို့မရဲစခန်းမှူး ဒုရဲမှူး တင်မောင်နိုင်နဲ့ ရဲအုပ်ဗလအောင်ကျော်စိုး တို့ဖြစ်ပြီး ၎င်းတို့ကို မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုပြီး ဇူလိုင်လနဲ့ ယခုနိုဝင်ဘာလ ဒုတိယအပတ်တွေမှာ နေပြည်တော်နဲ့ တိုင်းအဆင့်အထူးစစ်ဆေးရေးအဖွဲ့တွေက အသီးသီးဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
" နောက်ဘီးကနေ မီးစွဲလောင်လာပြီး စလစ်ဖြစ်ပြီး မှောက်သွားတာ။ လူကတော့ ၁ ယောက်သေသွားတယ်။ လမ်းကြုံလိုက်လာသူ ၁ ယောက်သေတယ်။ ကားကတော့ မီးလောင်သွားတယ်။"
"ဘယ်လိုဖြစ်လဲဆိုတော့ သူတို့သူငယ်ချင်း ၇ ယောက်ပုဂံကိုခရီးထွက်တယ်။ သောကြာနေ့ညရောက်တော့ သူတို့အိပ်လိုက်တယ်၊ စနေနေနိုးလာတယ်၊ လျှောက်လည်ကြတယ်။ အဲ့လိုသူတို့တွေလျှောက်သွားတယ် လျှောက်လည်တယ်။ တနင်္ဂနွေနေ့ ည ၇ နာရီလောက်မှာပဲ မြစ်ဘေးနားက ကန်ဘောင်မှာသောက်ရင်းစားရင်း Bluetooth Speaker နဲ့သီချင်းဖွင့်တယ်။ အဲဒါကို အသံတိုးပေးဖို့ ဟိုတယ်ဝန်ထမ်း ၁ ဦးလာပြောတယ်။ သောက်ရင်းစားရင်းဆိုတော့ နည်းနည်းတော့ စကားအချေအတင်ဖြစ်ပုံပဲ။ ဒါပေမဲ့ ပြဿနာတက်တဲ့ အဆင့်ရောက်မသွားဘူး။ ကျနော့်ကောင်တွေက Bluetooth ပိတ်လိုက်ကြတယ်။ ၅ ဦးဟိုတယ်ကို ပြန်တယ်။ ကျန် ၂ ယောက် သူတို့ကောင်မလေးတွေနဲ့ စကားပြောနေတော့ ကျန်ခဲ့တယ်။ အဲ့မှာ ဟော်တယ်အခန်းနား အရောက် စရိုက်တာပဲ"