မှုခင်း

ညောင်ဦးမှာ နေအိမ် ၂ လုံးဓားပြတိုက်ခံရလို့ ကျပ်သိန်း ၂၀၀ ဆုံးရှုံးပြီး အိမ်ရှင် ၁ ဦးဒဏ်ရာရ

"ဦးရွှေတင့်အိမ်ကျ ငွေလည်းပါသွားတာများတယ်။ ရိုက်နှက်လည်းခံရတာရှိတယ်။ သူက ထိုးကြိတ်ခံရတာဆိုတော့ ဒဏ်ရာလည်းများတယ်။ ဦးမောင်ဝင်းအိမ်ကျတော့ ၂ ယောက်တည်း လာတာဆိုတော့ ထိုးကြိတ်မခံရဘဲ ငွေပါသွားတာ"

စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီး ၁ ဦးကြိုးဆွဲချသေဆုံး

"သူကစိတ်မနှံ့ဘူး။ နေအိမ်ကနေထွက်သွားရာကနေ ဒီနေ့မနက်မှာ သစ်ပင်မှာကြိုးဆွဲချသေ​နေတာကို တွေ့ရတာပဲ။ သူတို့က ရော်ဘာခြစ်တဲ့သူတွေ။ သူကအရင်ကတည်းကလည်း စိတ်မနှံ့ဘူး။ "

သံဃာ ၂ ပါးစီးလာတဲ့ဆိုင်ကယ်နဲ့ ကုန်တင်တွဲကားတိုက်မိလို့ ၁ ပါးပျံလွန်တော်မူပြီး တွဲကားသမား မောင်းပြေး

" ကျောင်းတိုက်ဘက်ကိုကွေ့အဝင် နောက်ကပါလာတဲ့ တွဲကားနဲ့ချိတ်မိတာ။ ဆိုင်ကယ်နောက်မြီးကို ချိတ်မိသွားသလိုဖြစ်တာ။ အထင်ပြောရရင် ဆိုင်ကယ်ပါကြိတ်မိလို့ ဆိုင်ကယ်က ကြေနေတယ်။ သံဃာတွေကတော့ ကြိတ်ထားတာမတွေ့ဘူး။ ဒါပေမယ့် ဦးထုပ်မပါ၊ ဘာမပါဆိုတော့ နောက်စေ့ကြေပြီးသေတာ"

ပျူစောထီးမင်းမင်းကို သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်ဟာ နိုင်ငံတကာဥပဒေတွေနဲ့ငြိလို့ ကျူးလွန်တဲ့ ရဲဘော် ၄ ဦးကို ထောင် ၁ နှစ်စီချ

"လူတယောက်ကိုသက်တာ သေသွားရင် ရပါပြီ။ သို့သော်လည်းပဲ ခန္ဓာကိုယ်အစိတ်ပိုင်းကိုဖြတ်တောက်ပြီး မီဒီယာမှာ သူတို့ကိုယ်ပိုင်အကောင့်တွေကနေ အဆင်ခြင်မဲ့ တင်တဲ့အတွက်ကြောင့်ပါ။ ဒါဟာကျွန်တော်တို့ကခွင့်ပြုမထားပါဘူးခင်ဗျာ။"

တပ်ဖွဲ့ဝင်ချင်း လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်လို့ တိုင်ကြားခံရသူရဲဘော်ကို ဖမ်းဆီးစစ်ဆေးနေ

“အားလုံးမူးကြတဲ့အချိန်မှာ တခြားရဲဘော်တွေကိုတော့ ခေါင်းဆောင်လုပ်တဲ့သူက အပြင်ကို ပ,ထုတ်လိုက်တယ်၊ နစ်နာတဲ့သူပဲ ကျန်ခဲ့တယ်ပေါ့၊ အဲ့ချိန်မှာ ဒီလိုမျိုး Rape Case က ဖြစ်သွားတယ်။”

ရဲအုပ်တွေလိုက်လာတဲ့ကားနဲ့ အိမ်စီးကားတိုက်မိပြီး ရဲအုပ် ၁ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရ

“အကုန်ရဲအုပ်တွေပဲ ဒုရဲအုပ်တောင်မပါဘူး။ CID (မှုခင်းတပ်ဖွဲ့ဌာနချုပ်) မှာသင်တန်းတက်နေတဲ့ သူတွေလေ၊”

မကွေးကရွှေဆိုင်ပိုင်ရှင်ကို သေနတ်နဲ့ပစ်ပြီးလုယက်သွားသူတွေထဲက ၁ ဦးကို ပြည်မြို့မှာဖမ်းမိ ◼ ရွှေဆိုင်ပိုင်ရှင် ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး အသက်ဘေးက လွတ်မြောက်

ရွှေဆိုင်ဓားပြတိုက်ရာမှာပါဝင်သူ ၂ ဦးအနက် ၁ ဦးကို အခင်းဖြစ်ပွားတဲ့ နိုဝင်ဘာ ၂၈ ရက် ည ၇ နာရီခွဲခန့်မှာ မကွေးမြို့နယ်၊ ယင်းဆိပ်ရွာစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပြီး ကျန် ၁ ဦးကိုတော့ ကနဦးဖမ်းဆီးရမိသူရဲ့ ထွက်ဆိုချက်တွေအရ နိုဝင်ဘာ ၂၉ ရက် ည ၇ နာရီခန့်မှာ ပြည်မြို့၊ ရွှေဆံတော်ဘုရားပေါ်မှာ ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

ကားတံခါးဖွင့်တာကိုရှောင်တိမ်းရာက ဆိုင်ကယ်မှောက်ပြီး လမ်းပေါ်လွင့်ကျတဲ့သားအမိကို တွဲကားကဝင်တိုက်လို့ မိခင်သေဆုံး

"လမ်းဘေးမှာက ကားလေး(အိမ်စီးကား) ၁ စီးရပ်ထားတယ်။ သူတို့သားမိ၊ သားဖ ၃ ယောက်က ဆိုင်ကယ်နဲ့အလာ ရပ်ထားတဲ့ကားလေးက ကားတံခါးကိုဖွင့်လိုက်တဲ့အချိန် အဲ့ဒီကားတံခါးကို ရှောင်လိုက်တာ။ အဲ့မှာ နောက်ကလာတဲ့ တွဲကားနဲ့တိုက်မိလိုက်တာပါ "

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ အမျိုးသား ၁ ဦး ကားတိုက်ခံရပြီးသေဆုံး

"လမ်းက လေးလမ်းသွားဆိုတော့ ဒုတိယလမ်းလောက်ကနေ တိုက်ခံရပြီး ပါသွားတာနေမယ်။ တက်ကြိတ်ခံထားရတယ်နဲ့တူတယ်။ ဦးနှောက်ကို အပုံလိုက်ထွက်ကျနေတယ်။ အလောင်းနဲ့ ဦးနှောက်က ၆ ပေလောက်ကွာတယ်။"

မကွေးမြို့ပေါ်က ရွှေဆိုင်မှာ ပိုင်ရှင်တွေကိုသေနတ်နဲ့ပစ်ပြီး ရွှေထည်တွေလုယူသွား

ရန်ပယ်စျေးအနီးမှာရှိတဲ့ ချိုချိုရွှေဆိုင်ကို ဆိုင်ကယ်နဲ့လာတဲ့ အမည်မသိသေနတ်သမား ၂ ဦးက ဆိုင်အတွင်းဝင်ရောက်ကာ ရွှေဆိုင်ပိုင်ရှင်အမျိုးသား ၂ ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့ပြီးနောက် ရွှေထည်တွေထည့်ထားတဲ့မှန်ဗီဒိုကို ရိုက်ဖွင့်လုယူထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။

ပဲခူးက KTV မှာ မန်နေဂျာနဲ့ဆိုင်ဝန်ထမ်းတွေက ဝိုင်းရိုက်လို့ လူငယ် ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာရှိ "ထူး" KTV ဆိုင်မှာ မန်နေဂျာနဲ့ဆိုင်ဝန်ထမ်းတွေက ဝိုင်းရိုက်ခဲ့တာကြောင့် လူငယ် ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ဘေးရှောင်လင်မယားချင်းစကားများရာက မိန်းမဖြစ်သူ ဓားထိုးခံရပြီး သေဆုံး

“ ကျောင်းဝန်းထဲမှာ သူတို့ကို မီးစက်ခန်းအဟောင်းလေးတခု ပေးထားတာပေါ့။ သူတို့လင်မယား အဲ့မှာနေတာပေါ့။ သူ(ကိုထွန်းထွန်း)က အဲ့ထဲမှာ ဆေးသုံးဖို့လုပ်နေတဲ့အချိန် သူ့အမျိုးသမီးဝင်လာတယ်။ ဆေးကနည်းနည်းပဲ သုံးခင်ရတယ် (သုံးတယ်လို့ပြောတယ်)။ သုံးပြီးတော့ လင်မယားနည်းနည်းစကားအခြေတင်ဖြစ်တာ။”

စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာ ငွေကျပ် ၂၇ ဒဿမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအတွင်း မူးယစ်ဆေးဝါးသယ်ဆောင်ဖြန့်ဖြူးနေသူတွေဆီကနေ ငွေကျပ် ၂၇ ဒဿမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိထားတယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၂၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

စိတ်ကျန်းမာရေးမကောင်းဘူးဆိုတဲ့ စစ်မှုထမ်းဟောင်းက ဓါးနဲ့ခုတ်လို့ လူငယ် ၁ ဦးသေဆုံး

“ခုတ်တဲ့သူပြောတာကတော့ သေတဲ့ကောင်လေးက အလုပ်ရှင်အိမ်ကို ဆိုင်ကယ်နဲ့ရောက်လာချိန်မှာ သူ့(ကိုညွန့်စန်း)စိတ်ထဲမှာ မှောင်နေတယ်။ အဲဒီအချိန်မှာ ကိုင်းခုတ်ဓါးနဲ့ ခုတ်ချလိုက်တာတဲ့။ ကျန်တာ အဲ့ဒီလူ ဘာမှမသိဘူးလို့ပြောတယ်။ ရဲတွေလာတော့ ခုတ်တဲ့သူက သူ့အိမ်ကနေပဲ အေးအေးဆေးဆေး အဖမ်းခံတယ်။”

ပန်းတောင်းမှာ ယာဥ်တိုက်မှုဖြစ်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး တိုက်တဲ့ကားပါတိမ်းမှောက်

“သေဆုံးတဲ့အမျိုးသမီးက ရင်ဘတ်ပွင့်ပြီး တခါတည်းသေသွားတာ။ သူညီမကတော့ ဒူးမှာဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ မှောက်တဲ့ကားကတော့ ရှေ့ခေါင်းခြမ်းကြေပြီး သိန်း ၂၀ ဖိုးလောက် ပျက်သွားတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10