သတင်း

ဆားလင်းကြီးမှာ စစ်အုပ်စု ၃ ကြိမ် တိုက်ခိုက်ခံရပြီး စစ်သား ၇ ဦးသေဆုံး (ရုပ်/သံ)

ဇန်နဝါရီ ၁၇ ရက်ဆားလင်းကြီးမြို့ပေါ်ကနေ စစ်ကြောင်းထိုးလာတဲ့အင်အား ၁၀၀ ဝန်းကျင်ခန့်ပါ စစ်ကြောင်းနဲ့ နံနက် ၁၀ နာရီကစပြီး ပေပင်ကန်တိုက်ဟောင်းကျောင်းဘက်ကနေ ဆားထုံးရွာအဝင်မှာ ၁ ကြိမ် ဆားထုံးရွာထဲမှာ ၂ ကြိမ် ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ Chindwin Dynamice(Salingyi) တာဝန်ခံက ဆိုပါတယ်။

လောက်ကိုင်ပြန်တွေထဲက တပ်တွေကိုပြန်ရောက်မလာသူများနေ၊ ပြန်ရောက်လာသူတွေကိုလည်း ရှမ်းမြောက်တပ်တွေဆီပြန်ပို့နေကာ အရေးယူမှုနဲ့ပတ်သက်ပြီး အတိကျမသိရဟုဆို

" ရက်တပတ်လောက်ပဲ အချိန်ပေးတယ်။ သက်ဆိုင်ရာတပ်ရင်းတွေဆီကို ပြန်ဝင်ခိုင်းထားတာ။ ပျောက်နေတဲ့သူတွေက အများကြီးပဲ။ ရောက်လာတဲ့သူတွေလည်း အကုန်စိတ်ဓာတ်ကျနေကြတယ်"

ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပါဝင်လုပ်နေသူတွေကို ပြင်းထန်စွာအရေးယူမယ်လို့ တောင်ပိုင်းစစ်ဒေသ သတိပေး

"စကစ တပ်က အားလုံးသိတဲ့အတိုင်း အင်အားတွေ ပြုန်းတီးနေတယ်။ ပြိုကွဲမှုတွေ ဖြစ်နေတယ်။ ဒါကို အင်အားပြန်လည် ဖြည့်တင်းဖို့ ပြည်သူတွေကိုအတင်းအကြပ်ကို ဖိအားပေးပြီး လူစုဆောင်းလာတယ်။ စစ်အာဏာရှင်တွေရဲ့ ယုတ်မာတဲ့နည်းလမ်းတွေထဲက ပြည်သူအချင်းချင်းရန်တိုက်ပေးတဲ့ လုပ်ရပ်ပဲ"

ရှေ့တန်းရောက် ခလရ ၂၆၉ က စစ်သား ၃ ဦး လက်နက်တွေနဲ့အတူ အလင်းဝင်

"ရှေ့တန်းစခန်းမှာ သူတို့ချိတ်ဆက်ပြီး အလင်းဝင်လာတာပါ။ ဆုကြေးငွေ မပေးရသေး ပါဘူး။ လုံခြုံတဲ့နေရာမှာပဲ စောင့်ရှောက်ထားပါတယ်”

တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုက ဆားထုံးရွာကို မီးဝင်ရှို့

“ကျနော်တို့ကြားတာကတော့ ထိတွေ့ပစ်ခတ်မှုဖြစ်ကြတယ်။ **တွေဘက်က အကျအဆုံးရှိတော့ ရွာထဲဝင်ပြီး နေအိမ်တွေကို မီးရှို့တော့တာပဲ။ ရွာသားတွေက ကြိုရှောင်ထားတော့ ဖမ်းဆီးခံရတာမျိုးတွေ မရှိဘူး”

PDF သင်တန်းဆင်း ရဲဘော်တွေကို မြိုင်ပကဖ က လက်နက်တပ်ဆင်ပေး (ရုပ်/သံ)

သင်တန်းတက်စဥ်က သင်တန်းသား ၈၀ ကျော်တက်ခဲ့ပေမယ့် စည်းကမ်းမကိုက်ညီတာ၊ ကျန်းမာရေးအခြေအနေတွေကြောင့် ရဲဘော် ၄၃ ဦးသာ ကျန်ရှိပြီး သူတို့ကို အခုလိုလက်နက်တပ်ဆင်ပေးခဲ့တာလို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

အုတ်ဖိုနယ် ဂမုန်းဆည်မှာတပ်စွဲတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး ၁၁ ဦးဒဏ်ရာရ

"လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ကြတယ်။ တပ်ဆုတ်တဲ့ပုံစံနဲ့ မိုင်းကွင်းရှိရာ မျှားခေါ်တိုက်တယ်။ ၃ ကောင်သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်"

ကိုယ်တိုင်လုပ်ဗုံးသီးတွေနဲ့ တိုက်ပွဲဝင်နေတဲ့ လူငယ်ဒရုန်းတပ်ဖွဲ့ (ရုပ်/သံ)

မြေပြင်စစ်ဆင်ရေးများကို ပြောက်ကျားစနစ်ဖြင့် ဖော်ဆောင်နေပြီး ဒရုန်းစစ်ဆင်ရေးတွင်ဗုံးသီးဝယ်ဖို့ ငွေကြေးအခက်အခဲများ ရှိလာသည်။ ဘယ်လိုမှ မတတ်နိုင်တော့သည့်အဆုံးဗုံးသီးတွေကို သူတို့ကိုယ်တိုင် ထုတ်လုပ်ခဲ့ကြသည်

ပဒူရွာရဲစခန်းကထွက်လာတဲ့ စစ်သားနဲ့ ရဲ ၇ ဦးကို PDF တွေ တိုက်ခိုက်ရာ သေဆုံးမှုရှိ

"ကိုက် ၁၀၀ အတွင်း အလစ်အငိုက် တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ရှေ့မှာပဲ ၃ ယောက်သေတယ်။ စစ်ကားနဲ့ တင်ခေါ်သွားတယ်"

ပြည်သူအင်အား ထောင်ကျော်ပါဝင်တဲ့ မုံရွာလူထုသပိတ် (Photo News)

"တော်လှန်ရေးက ပြည်သူတွေကိုယ်တိုင် ဦးဆောင်ပါဝင်တော်လှန်နေတဲ့ လူထုတော်လှန်ရေး ဖြစ်တယ်။ တော်လှန်ရေးရဲ့ပိုင်ရှင်ဖြစ်တဲ့ လူထုကို အင်အားစုအသီးသီးက ဦးညွှတ်ဖို့ လူထုရဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ပေးဖို့အတွက် သပိတ်စစ်ကြောင်းထွက် ပြသရတာပါ "

စစ်ကောင်စီတင့်ကား ၂ စီးနဲ့ သံချပ်ကာ ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ဟု KNU ထုတ်ပြန်

"တင့်ဖျက်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာက ဟုတ်ပါတယ်။ စကစ စစ်ကူလမ်းကြောင်း ယာဥ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်တာပါ။ အဲ့ရက်တွေမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ခဲ့တယ်"

ထီးချိုင့်တွင် စစ်တပ်က အင်အားတိုးမြှင့်ထားပြီး တိုက်ပွဲပြင်းထန်နေ

"မြတောင်ဘက်ခြမ်းမှာတင် ဖြစ်နေတာ။ မနက်ကတည်းကပဲ။ စစ်တပ်ဘက်ကလည်း ဒရုန်းတွေ အများအပြား သုံးနေတယ်။”

ပြည်သူတွေဆီက ပိုက်ဆံတောင်းနေတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေပြီး လက်နက်အချို့သိမ်းဆည်းနိုင်

"ပြည်သူတွေဆီက မတရားငွေကောက်နေလို့ တိုက်ခိုက်ခဲ့တာပါ။ ခြုံခိုတိုက်တဲ့ တိုက်ပွဲအဆင့်သာ ဖြစ်တယ်။ စစ်သား ၁ ယောက်သေတယ်"

နတ်တလင်းမှာ အချိန်အခါမဟုတ် မိုးသက်လေပြင်းတိုက်လို့ နေအိမ်အဆောက်အဦတွေပျက်စီးမှုရှိ

“တာပွန်မြို့မှာတော့ လေတိုက်တာအရမ်းမဆိုးဘူး။ မိုးလောက်ပဲရွာတာ။ တာပွန်မြို့နားက ရွာတွေကတော့ တော်တော်ဆိုးတယ်။ အိမ်အမိုးတွေလန် ဓါတ်တိုင်တွေကျိုးပြီး သစ်ပင်တွေပါ လဲကုန်တာ။ လူတော့အန္တရာယ်မရှိဘူး”

အထက်မင်းလှ၊ ရှမ်းတပ်ရဲစခန်းကို PDF တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာရဟုဆို

“စခန်းသိမ်းဖို့ ရည်ရွယ်ချက်မရှိပေမယ့် ထိရောက်မှုရှိအောင် မီတာ ၁၀၀ ဝန်းကျင်က ပစ်ခဲ့တာ။ နောက်ဆက်တွဲ စုံစမ်းလို့ သိရတာက ၂ ယောက်က အပြင်ဆေးရုံတွေ မပို့ဘဲ ကြိတ်ကုတာ။ ၂ ယောက်သေသွားပြီးတော့ စခန်းထဲမှာရှိတဲ့ မိသားစုဝင် ၁ ယောက်အပြင် ကျန်တဲ့ ၄ ယောက်နဲ့ စုစုပေါင်း ၅ ယောက်ဒဏ်ရာရတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10