သတင်း

စစ်တပ်ကပစ်တဲ့ ၁၂၀ မမ ကျည်ထိလို့ ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး

ဇန်နဝါရီလ ၂၁ ရက် ည ၁၀ နာရီလောက်ကနေ ည ၁၁ နာရီအထိ ရေတာရှည်အခြေစိုက် ၆၀၄ ဒုံးတပ်က ၁၂၀ မမ လက်နက်ကြီး ၈ လုံးပစ်ခတ်ရာ ၃ လုံးဟာ ရှမ်းစုကျေးရွာထဲကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

ဂန့်ဂေါ ခလရ ၅၀ ဆီလာတဲ့ စစ်ကြောင်းကို PDF က မိုင်းဆွဲလို့ အရာရှိ ၁ဦးအပါ ၇ဦးထက်မနည်းသေ

“သူတို့လာမှာကို ကျနော်တို့သတင်းရထားလို့ မိုင်း ၃ နေရာထောင်ခဲ့တယ်။ ကျနော်တို့မိုင်းဆွဲတဲ့နေ့မှာပဲ ၇ ကောင်သေတယ်။ မနေ့က ထပ်ပြီးကြားသိရတာတော့ ဒဏ်ရာရတဲ့နောက်ထပ် ၂ ဦးထပ်သေတယ်လို့ ကြားတယ် ”လို့ ဂန့်ဂေါကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ရာထူးတိုးပေးမယ်ဆိုပြီး ညောင်လေးပင်အပို့ခံရတဲ့ ပြည်မြို့ကစခန်းမှူး တပတ်အကြာမှာ ကျည်ထိသေဆုံး

"ပြည်အမှတ် ၃ စခန်းမှုး ညောင်လေးပင်အပို့ခံရပြီး ၁ ပတ်တောင်မကြာဘူး။ ကျောကနေပစ်တာ နှလုံးအထိပေါက်ပြီးသေလို့ မနေ့က ပြည်ကိုပြန်သယ်လာတယ်။ သူက ပြောင်းရွှေ့ခွင့်ရတာ ၁ လခွဲလောက်ရှိပြီ။ မပြောင်းချင်လို့ လှည့်ပတ်ပြီး ဝေ့ဝိုက်နေတာ။"

နတ်တလင်းမှာ ဒေသခံတွေကို ပြည်သူ့စစ်ထဲ အတင်းအဓမ္မဝင်ခိုင်းတဲ့ ပျူခေါင်းဆောင် ရှင်းလင်းခံရ

“သေနတ်နဲ့ ၆ ချက် ပစ်ခတ်ခဲ့တာပါ။ ထိမှန်တဲ့နေရာတွေကတော့ နားထင်၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်တွေကိုပါ“

မြိုင်မြို့အထွက် တိုက်ပွဲမှာ စစ်သား ၄ ဦးနဲ့ တော်လှန်ရေးရဲဘော် ၁ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့အရှေ့ဘက် မန္တလေးထွက်တဲ့ လမ်းပေါ်မှာရှိတဲ့ဂိတ်က စစ်ကောင်စီတပ်သားတွေကို ယနေ့ ဇန်နဝါရီ ၂၂ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။

ထီးလင်းမြို့ပေါ်အထိုင်စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ သားအဖ ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

“ရွာထဲမှာ မနေရဲလို့ ရွာပြင်မှာ တဲထိုးပြီးနေတာ။ အဲ့ဒါကို လက်နက်ကြီးထိသွားတာပဲ။ ဒဏ်ရာရတဲ့ အမျိုးသမီး ၂ ယောက်ကိုလည်း လုံခြုံတဲ့နေရာမှာ ဆေးကုသမှုပေးနေပါတယ်။ သမီးဖြစ်တဲ့သူကတော့ စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်”

ပဲခူးမြို့မှာ စစ်ကောင်စီက နေအိမ်ဓာတ်ပုံရိုက်တာ၊ အိမ်ထောင်စုစစ်ဆေးတာတွေကြောင့် မြို့ခံတွေ ထိတ်လန့်နေ

"ဘာကြောင့်လာကောက်တယ်ဆိုတာ မေးလည်း မဖြေဘူး။ သူတို့လိုချင်တာ တောင်းတယ်။ မပေးဘူးလို့လည်း မပြောရဲဘူး။ သူတို့ခေတ်ဆိုတော့ ပြဿနာရှာမှာလည်း စိုးရိမ်နေရတယ်"

ထီးချိုင့်မှာ ကြံသိမ်းချိန်ဖြစ်လို့ PDF က တိုက်ပွဲရပ်နားပေးတာကို အခွင့်ကောင်းယူပြီး စစ်တပ်က နယ်မြေချဲ့လာ

"ဒီဘက်(တော်လှန်ရေးအဖွဲ့တွေ)က လမ်းဖွင့်ပေးနိုင်အောင် ငြိမ်ပေးထားတာ။ ဒါကို အခွင့်ကောင်းယူပြီး သူတို့က တိုးခဲ့တာလေ။ အဲ့ဒါကြောင့် တိုက်ရတာ"

စစ်ကိုင်းနယ်စပ်အနီးက မဘိမ်းမြို့သိမ်းတိုက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်းနယ်စပ်အနီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မဘိမ်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ပြီး လက်နက်တွေလည်း သိမ်းဆည်းထားနိုင်တယ်လို့ ABSDF စစ်ကြောင်း ၂ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာကာ က ပြောပါတယ်။

သီးလုံးကျေးရွာ ပြည်သူ့စစ်စခန်းကို ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ဇန်နဝါရီ ၂၀ ရက် ည ၁၂ နာရီကျော်ခန့်ကနေ ၁ နာရီကျော်ကြာတိုက်ခိုက်ပြီးနောက် ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်သားတွေကတော့ ထွက်ပြေးသွားတဲ့အတွက် ကာဘိုင် ၁ လက်နဲ့ ပြောင်းချော ၁ လက် သာသိမ်းဆီးရခဲ့တယ်လို့ ရွှေဘိုအားမာန်မြို့ပြောက်ကျား UG တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအားမာန်က ပြောပါတယ်။

ပဲနွယ်ကုန်းမှာ ကောက်ရတဲ့ ဗုံးသီးနဲ့ ဆော့ကစားသူ ဗုံးကွဲလို့ ပွဲချင်းပြီသေ၊ ၅ ဦးဒဏ်ရာရ

"ကောက်ရတဲ့ဗုံးကို ပိုက်လုံးထဲထည့်ပြီး လှုပ်ကစားတယ်လို့ သိရတယ်။ ဗုံးပေါက်တော့ သူရော အနားမှာရှိနေတဲ့သူတွေရော ထိကုန်တာ"

စစ်တပ်က ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ဒဏ်ရာတွေနဲ့ မတ္တရာသံဃနာယက အတွင်းရေးမှူးဆရာတော် ပျံလွန်

" သေလောက်ပြီထင်ပြီး အလောင်းလာပစ်သွားတာ။ ရိုက်နှက်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေပါတယ်လို့ သိရပါတယ်။ ဆရာတော်ကမသေဘဲ ဒကာ၊ဒကာမတွေက ကောက်ပြီး တိုးတိုးတိတ်တိတ် ဆေးကုပေးနေကြတာကနေ အခုမှပျံလွန်တာ"

ပြည်သူ့စစ်ဖွဲ့ဖို့ဖိအားပေးနေတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦး သေနတ်ပစ်ခံရပြီး ၁ ဦးသေ

" စောင့်ပစ်တဲ့အချိန်မှာ နိုင်ကြီးက အရင်လာတာ အရှိန်များတော့ တည့်မထိဘဲ ရှပ်မှန်တာလောက်ပဲ ဖြစ်သွားတယ်။ အုပ်ကြီးကျတော့ တည့်တည့်မှန်တာ၊ နှစ်ယောက်စလုံး ဆိုင်ကယ်လဲသွားပေမယ့် နိုင်ကြီးကို ထပ်ပစ်ဖို့အချိန်မရဘဲ ပြန်ဆုတ်လာရတာ"

စစ်ကိုင်းနယ်စပ်အနီးက မဘိမ်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

“စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေများစွာလုပ်တယ်။ လေယာဉ်ဗုံး ၁၀၀ ဝန်းကျင် လည်းကြဲချတယ်၊ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာ၊ ရန်သူဖမ်းမိတာတွေလည်း ရှိတယ်၊ ရဲစခန်းအလံဖြူပြတယ်ဆိုတာတော့ မဟုတ်ဘူး။ ၂ နေရာ ထိုးစစ်ဆင်ပြီး ပြင်းပြင်းထန်ထန် တိုက်ခဲ့ရတာ”

ဂန့်ဂေါမှာ လက်နက်ကြီးစထိပြီး ၁၀ နှစ်အရွယ်ကလေးနဲ့ မိခင်ဖြစ်သူသေဆုံး

“ကလေးအမေကတော့ ပွဲချင်းပြီးသေသွားတယ်။ ကလေးကတော့ ဆေးကုဖို့သွားရင်း လမ်းမှာပဲ သေသွားတယ်။ အခုချိန်ထိတော့ သင်္ဂြိုဟ်တာတွေမလုပ်ရသေးဘူး။ ဒဏ်ရာရသွားတဲ့ ၂ ယောက်ကလည်း မစိုးရိမ်ရတော့ပါဘူး”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10