သတင်း

လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတဲ့ စစ်သား၂ ဦးကို NUGက သိန်း ၁၂၀ ကျော်ချီးမြှင့်

တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းမှ ရဲဘော် ၂ ဦးဖြစ်တဲ့ အသက် ၃၀ အရွယ် ကျော်လင်းထိုက်နဲ့ အသက် ၂၂ နှစ်အရွယ် ကောင်းထက်အောင်တို့က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ MA 4 သေနတ် ၁ လက်၊ MA 2 သေနတ် ၁ လက်၊ ကျည်ဆန်များ၊ ၄၀ မမ ကျည်ဆန် ၂၀ ကျော်တို့နဲ့အတူ အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။

ပေါင်းတည်မြို့နယ်အတွင်းက ကျေးရွာတွေကို လိုက်လံမီးရှို့နေတဲ့ စစ်ကြောင်းကို PDF တိုက်ခိုက်

“သက်သက်မဲ့ကို စစ်တပ်က မီးရှို့နေတာ။ တော်တော်ယုတ်မာတယ်ဗျာ။ သူတို့က PDFကို မနိုင်တော့ ရွာသား လာအပြစ်ရှာနေတဲ့ သူတို့ရဲ့ အကုသိုလ်အကျိုးတော့ ပြန်ခံရမှာပေါ့“

ဆက်ကြေးကောက်နေတဲ့ဂိတ် တိုက်ခိုက်ခံရပြီး စစ်သားနဲ့ပျူ ၅ ဦးသေဆုံး အများအပြားဒဏ်ရာရ

" အနီးကပ်ဝင်ပစ်ခဲ့တယ်။ ဒီလူတွေထွက်ပြေးသွားတော့ လက်နက်တွေမရလိုက်ပါဘူး။ စစ် ကူလာလို့ ပြန်ဆုတ်ခဲ့ရတယ်။ ၅ ယောက်သေတယ်။ ကျနော်တို့ဘက်က ၄ ယောက်ဒဏ်ရာရတယ် "

စစ်တပ်က ၂ ရက်ဆက် လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ

"ဒီရက်ပိုင်းမှာ စကစဘက်က နေ့တိုင်းလိုလို အလုံးရေအများကြီး ရွာတွေဘက်ကို ပစ်နေတာ။ အရင်ကထက် ပစ်ခတ်တဲ့အရေအတွက်က ပိုများလာတယ်။ အများစုက ညပိုင်းနဲ့မနက်အစောပိုင်းတွေမှာ ပစ်တာများတယ်"

အင်ကြင်းတောင် ပြည်သူ့စစ်စခန်းက ပျူစောထီး ၁ ဦး ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ပြည်သူ့စစ်စခန်းက ပျူစောထီး ၁ ဦး Student's Revolutionary Force ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)ထံ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူလေဆိပ်ကနေ မျောက်လူးကန်ရွာကို လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မျောက်လူးကန်ကျေးရွာကို ပုခုက္ကူလေယာဥ်ကွင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၅လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေတာရှည်က စစ်စခန်းကို PDF တိုက်ခိုက်၊ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

"တပ်စွဲလာတော့ စစ်ဆိုင်နေတာ တပတ်ကျော်ပြီ။ အပိုင်ပစ်ခွင့်ရလို့ စနိုက်ပါနဲ့ ပစ်လိုက်တာပါ။ ၂ ဦး သေတယ်။ ၁ ဦးဒဏ်ရာရသွားတယ်"

ဝေါဒေသခံ ၈၀ ကျော်ကို စစ်တပ်ဖမ်းဆီးပြီး တံတား ၁ စင်းကိုပါ မီးရှို့ဖျက်ဆီး

"စကစ အဖွဲ့က တံတားကို အညာစုဘက်ကနေ ရှို့လိုက်တာ။ အဲ့ဒီအချိန်မှာ တံတားကိုဖြတ်နေတဲ့သူတွေရော တံတားထိပ်တွေမှာ ရောက်နေတဲ့သူတွေရောကို စကစဘက်က ပိတ်ဖမ်းထားလိုက်တယ်။ ပြီးတော့ အညာစုရွာထဲကသူတွေရော ဖမ်းဆီးတာတွေရှိတယ်"

သာယာဝတီမှာ ပျူ‌စောထီးသင်တန်းဆင်း အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ

”သေနတ်နဲ့ ၄ ချက်ပစ်ခဲ့တာ။ ပွဲချင်းပြီး သေသွားပါတယ်။ ဒါပေမယ့် မဆိုင်တဲ့ ပြည်သူတွေဝိုင်းလာလို့ အပေါ်ကိုထောင်ပြီး ၁၅ ချက်လောက် ဆွဲခဲ့ရတယ်။ အဲ့ဒါမှ ရှင်းသွားတာ“

မကွေးထောင်တွင် ဆေးကုခွင့်မပေးဘဲ ပစ်ထားလို့ ဂုဏ်ထူးတန်းကျောင်းသူတဦး သေဆုံး

“အရိုးပေါ်အရေတင် ဖြစ်သွားပြီး မလှုပ်နိုင်တော့မှ သူတို့ အပြစ်လွတ်အောင် ဆေးရုံပို့လိုက်ကြတာ။ ဆေးရုံရောက်တော့ ဆရာဝန်တွေ ဆေးစစ်ချက်အရ ရောဂါတွေက လွန်နေပြီမို့ ဘယ်လိုမှ မရတော့ဘူး ပြောတယ်။ အသည်းက လုံးဝပျက်စီးပြီး အဆုတ်ကလည်း ရေတွေလျှံ ဖောက်ထုတ်လို့ကို မနိုင်ဘူး။ ရုပ်ပျက်ဆင်းပျက်ကို သေသွားရတာလို့ ပြန်သိရတယ်"

ပေါက်ခေါင်းက စစ်တပ်ဂိတ်ကို PDF တိုက်ခိုက်လို့ သေဆုံးမှုရှိ

“စစ်ကောင်စီဂိတ်က မီးပြပြလေးကို မှန်းပြီး လက်နက်ကြီးနဲ့ အရင်ပစ်တာက ဂိတ်ခြံဝန်းထဲကို ကျပေါက်တော့ စစ်**တွေ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း ကျနော်တို့က ဂိတ်ရဲ့ ကိုက် ၅၀ လောက်အထိ အနီးကပ်ဝင်ပြီး လက်နက်ငယ်တွေနဲ့ ပစ်တာ။ သူတို့ ကတုတ်ကျင်းတွေနားတောင်ရောက်တယ်”

စစ်တပ်က လေကြောင်းသုံးတိုက်ခိုက်ခဲ့တဲ့ ထီးချိုင့်တိုက်ပွဲမှာ စစ်သား ၁၀ ဦးကျော်နဲ့ PDF ၂ ဦးသေဆုံး

"လေယာဥ် ၂ စီးကပစ်ပြီး ၁ စီးက လူချတယ်။ မနက် ပွဲဖြစ်နေတဲ့အချိန် ၅ နာရီခွဲမှာတကြိမ်၊ နေ့ခင်း ၂ နာရီလောက်မှာတကြိမ် လေယာဥ်ပစ်ပြီး အင်အားထပ်တိုးထားတယ်။ လေယာဥ်နဲ့ကြောင့်မို့လည်း အထိအခိုက်များသွားတယ်”

ဇာဒီရွာကပျူစောထီးတွေကို PDF တိုက်ခိုက်လို့ ၆ ဦးသေဆုံးပြီး သေနတ် ၂ လက်ရ

"အဲ့ရွာက ပျူရွာလေ။ တိုက်ပွဲဖြစ်ပွားချိန်ကတော့ နာရီပိုင်းလောက်တော့ကြာမယ်။ သကြားစက်ဘက်ကနေ စကစအဖွဲ့တွေ စစ်ကူလာမှ ကိုယ်တွေအဖွဲ့ဝင်တွေက ပြန်ဆုတ်လာကြတာ"

မတ္တရာမှာ တိုက်ပွဲဖြစ်၊ တော်လှန်ရေးရဲဘော်တဦးကျဆုံးပြီး ထုတ်လုပ်ရေးစခန်းစီးနင်းခံရ

"ရဲဘော်တဦးကျတယ်လို့ သိရတယ်။ စစ်ကောင်စီဘက်ကလည်း အကျအဆုံးများတယ်လို့ သိရတယ်။ စာရင်းတော့ မသိရဘူး"

ပျူစောထီးခေါင်းဆောင်ရဲ့ သားဖြစ်သူ ပျူစောထီးသင်တန်းဆင်းလာပြီးနောက် ရွာတွေကိုမီးရှို့လုယက်

ရွာသာယာကျေးရွာဟာ ပျူစောထီးအများအပြားတပ်စွဲနေထိုင်တာဖြစ်ပြီး အဲဒီကျေးရွာရဲ့ ပျူစောထီးခေါင်းဆောင်ဦးအောင်မင်းရဲ့ သားဖြစ်သူဟာ ပျူစောထီးခေါင်းဆောင်သင်တန်းကနေ ဆင်းလာပြီးနောက် ကျေးရွာတွေကို ယခုလို လိုက်လံမီးရှို့တာနဲ့ လုယက်တာတွေလုပ်ဆောင်နေတာလို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10