ပုလဲမြို့နယ်၊ ချောင်းဦးရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့လို့ ရွာလုံးကျွတ်မီးလောင်ပြာကျ
“ဇီးဖြူကုန်းရွာမှာ တပ်စွဲထားတဲ့အဖွဲ့က ချောင်းဦးရွာဘက်ကို စစ်ကြောင်းထိုးလာတာ၊ ထိတွေ့မှုအနည်းငယ်ဖြစ်တယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်အဆုတ် ရွာကိုမီးတင်ရှို့တာ၊ အရင်တခါလည်းရှို့ခံထားရတာ၊ ခုလက်ကျန်အိမ်တွေကိုရှို့တာ၊ မီးမငြှိမ်းနိုင်ဘူး။ အကုန်လောင်ပြီး သူ့ဘာသာငြိမ်းသွားတာ။”