စစ်ဘောမတွေ မြန်မြန်သေရင်ကောင်းမှာပဲလို့ ပြောတဲ့ပေါင်းတည်သားနှစ်ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးအမှုဖွင့်
"သူတို့နှစ်ယောက်ရေချိုးရင်း ရေတွင်းမှာ ပြောတဲ့စကားကို ဘယ်သူကကြားပြီး အုန်းသိန်းကိုတိုင်လည်းမသိဘူး။ သူတို့နှစ်ယောက်အဖမ်းခံရပြီး နောက်နေ့မှာ ကာယကံရှင်မိသားစုနဲ့ ရပ်ကွက်ထဲက ရပ်မိရပ်ဖတွေက သွားတောင်းပန်တယ်။ ဒါပေမယ့် ကျေအေးမပေးဘူး ဒါမျိုးနောက်မလုပ်ရဲအောင် မှတ်လောက်သားလောက်ဖြစ်အောင် လုပ်ရမယ်လို့ပြောတယ်။ ပထမတော့ ရဲက ၄၇ နဲ့ စွဲတာ ကျေအေးဖို့သွားပြောပြီး နောက်နေ့မှ ထပ်ပြီးပုဒ်မတွေက တိုးသွားတာ အုန်းသိန်းက စစ်ကောင်စီအုပ်ချုပ်ရေးမှူးဖြစ်လာပြီးတော့မှ ရပ်ကွက်ထဲမှာ အာဏာပြတာပေါ့ဗျ"