ဒလန်အထင်နဲ့ သတ်ခံလိုက်ရတဲ့ မိဘတွေအတွက် အုတ်ဂူတည်ပေးဖို့ PDF ရဲဘော် တောင်းဆို
အမေနဲ့ ပထွေးဖြစ်သူအတွက် အုတ်ဂူလေးတည်ပေးစေချင်တယ်လို့ ရဲဘော်က တောင်းဆိုလာလို့ စီစဥ်ပေးနေကြောင်းနဲ့ ကျူးလွန်သူတွေကိုတော့ NUG ကို ဦးတိုက်လျှောက်ထားပြီး အရေးယူပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ NRG PDF ခေါင်းဆောင်ဆီက သိရပါတယ်။