အသံတိတ်သပိတ်မလုပ်ဖို့နဲ့ ဆိုင်မပိတ်ဖို့ လိုက်အော်ခဲ့တဲ့ စည်ပင်ရုံး လက်ပစ်ဗုံးနဲ့ ပစ်ခံရ
"စည်ပင်ဝန်ထမ်းတွေက silent strike နေ့မှာ စျေးဆိုင်တွေဖွင့်ဖို့ VPN တွေမသုံးဖို့နဲ့ PDF တွေနဲ့မပက်သက်ဖို့ လိုက်အော်နေလို့ပါ"
"စည်ပင်ဝန်ထမ်းတွေက silent strike နေ့မှာ စျေးဆိုင်တွေဖွင့်ဖို့ VPN တွေမသုံးဖို့နဲ့ PDF တွေနဲ့မပက်သက်ဖို့ လိုက်အော်နေလို့ပါ"
" ဘာကြောင့်လဲဆိုရင် သူကတဲ့ သူတို့နောက်ကို လိုက်ကြည့်လို့ဆိုပြီးမှ သတ်သွားတာ၊ ၂နာရီဝန်းကျင်လောက်မှာ သတ်ပစ်ခဲ့ပြီး ၆နာရီဝန်းကျင်လောက်မှာ အလောင်းကို ဒီတိုင်း သုဿာန်မှာ ပစ်ခဲ့တာ၊ အခုအထိရွာထဲကို ဘယ်သူမှ မဝင်ရဲလို့ မမြှုပ်ရသေးဘူး"
“မနေ့ညပိုင်း ၇ နာရီခွဲလောက်မှာ ရှို့တာပါ။ ရွာသားတွေ အကုန်ရှောင်ပြေးနေရတယ်။ ဒီနေ့မနက် ၇ နာရီမှာလည်း ထပ်ရှို့နေကြတယ်။ အခုတော့ ငြိမ်းသွားပြီ၊ ရွာစိုးရွာကို ရှို့တာလောက်တော့ မဆိုးဘူးလို့ သုံးသပ်ရတာပဲ၊ အိမ်ခြေဘယ်လောက် အထိအခိုက် ရှိမလဲဆိုတာ အတည်မပြုနိုင်သေးဘူး။“
"အခုလို ရောဂါကပ်ဘေးကလည်း အကြီးအကျယ်ဖြစ်ပွားနေချိန်၊ စစ်ရေးကလည်း အင်မတင်တင်းမာနေတဲ့အချိန် မန်းရွှေစက်တော်ဘုရားပွဲကို ဖွင့်ဖို့ကြိုးစားတယ်ဆိုတာကတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေနဲ့ ရောဂါကူးစက်မှုကို အလေးမထားတာ၊ ပြည်သူကိုကာကွယ်မပေးချင်တာ၊ ပြည်သူကို အန္တရာယ်တောထဲကို တွန်းပို့တာလို့မြင်ပါတယ်၊"
"ကျမတို့ရပ်ကွက်ထဲတော့ တအိမ်တက်ဆင်းကိုလိုက်ပြောနေတာ။ မီတာခတွေလာဆောင်ကြဖို့တဲ့ သူတို့ရပ်ကွက်ရုံးမှာလည်း ဆောင်လို့ရတယ်လို့ပြောနေတယ်။ တခြားရပ်ကွက်တွေတော့ မသိဘူး" ဟု မြို့ခံတဦးကပြောသည်။
“သူက တခြားကနေ ရွာကိုပြန်လာတော့ ရွာမှာစခတွေဝင်နေတာကို သတင်းမထောက်မိပဲ ရွာကိုဝင်တဲ့ချိန် မိသွားတာ။ မသင်္ကာတာတွေ့ပြီး ဖမ်းဆီးရိုက်နှက်ရာကနေ လွတ်မြောက်ဖို့ရုန်းကန်ရင်း ပစ်သတ်ခံလိုက်ရတာ။ ပုံမမှတ်မိအောင် မီးရှို့သွားတယ်။”
“မနှစ်က မကျဘူး ဒီနှစ်ကျတာများတယ်။ ဝါးသီးကြောင့်လည်းမဟုတ်ဘူး ကျတော့်တို့ဆီမှာ ဝါတုန်းသွားပြီ။ ဒီနှစ်ကကြွက်ကျတဲ့နှစ် မနှစ်ကကြွက်သတ်ဆေးတွေဘာတွေ မချရဘူး အကိုက်နည်းတယ်။ တကောင်နှစ်ကောင်ပဲ။ အခုကတော့ ကျင်းတကျင်းကို လေးငါးခုနှစ်ကောင်လောက် အောင်းပြီးကိုက်တာပဲ တဧကမှာ ပြောလို့တောင်ရမှာမဟုတ်ဘူးနော်။ အရင် စိုက်ခင်းက က အသီးမရင့်တရင်ကို စိုက်ခင်းထဲမှာရှိတဲ့ ကြွက်ကဝိုင်းကိုက်တာပေါ့။ အဲလိုကိုက်တာ။ ကြွက်ထိုးတဲ့သူတွေလည်း ထိုးနေတာပဲ။ မနိုင်ဘူး။” ဟု တောင်သူတဦးကပြောသည်။
"အမျိုးသမီးအသုံးပစ္စည်းတွေလည်း တအားလိုတယ်၊ အဲ့လိုမျိုး အခက်အခဲက တလတကြိမ် ခဏခဏ ဖြစ်တာပေါ့နော်၊ အမျိုးသမီး ကောင်မလေးတွေက အပျိုပေါက်လေးဖြစ်နေပြီ၊ အဝတ်အစားတော့ ဝတ်နိုင်ပြီ ကောင်လေးတွေက သူတို့ကို မြင်လို့ရှိရင်၊ ဟဲ့နင့်မှာ ဟိုဟာဖြစ်နေပြီ၊ ဘာဖြစ်နေပြီပေါ့၊ ပြီးရင် သူတို့မှာ ဘယာစီယာ မဝတ်ရလို့လေ" လို့ တောင်မင်းကုလား စစ်ရှောင်စခန်းက အမျိုးသမီးတာဝန်ခံ မအေးခင်က ပြောပါတယ်။
“လက်နက်ကြီးပစ်ဝင်တယ်။ အဓိကပါသွားတာက စစ်ဘေးရှာင်တွေပါ။ အထိခိုက်လည်းရှိတယ်။ တအားပစ်ဝင်ကြတာ။ ဖမ်းမိတာမှာလည်း လူကြီးသုံးယောက်ကိုပဲ ပြထားတယ်။ ကလေးသုံးယောာက်ကို ပြမထားဘူး။ အခုကကျတော်တို့စခန်းမှာ လူမမယ်ကလေးတွေလည်းများတော့ ဘယ်ကလေးတွေ ပါသွားလည်းဆိုတာမသိဘူး စစ်ရှောင်တွေကို ခေါ်ပြီးအကူညီပေးထားတဲ့ယာယီစစ်ရှောင်စခန်းပါ” ဟု စခန်းတာဝန်ရှိသူတဦး ကပြောသည်။
" ချောင်းက ကျဉ်းပြီး တော်တော်လေးကို ကောပြီးတော့ လှေကလေးတွေ ဘာလေးတွေက အစသွားလာလို့မရအောင် ဖြစ်လာတော့တာ" လို့ ဒေသခံလူငယ် တဦးက ချောင်းရဲ့ အခြေအနေကို ပြောပါတယ်။
"ရွှေဘိုထောင်ကို ဦးအောင်စံလင်း ရောက်ပြီလို့ ထောင်အာဏာပိုင်က အကြောင်းကြားလာတယ်။ အစားသောက်အဝတ်အစားပို့လို့ရပြီ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူး" လို့ အကျိုးဆောင်ရှေ့နေ ဒေါက်တာဖိုးဖြူက ပြောပါတယ်။
"၁၁ ရက်နေ့ညမှာ ၇ နာရီခွဲ လောက်မှာပဲပြီး လက်နက်ကြီးနဲ့ ပစ်တယ်။ ဗိုလ်သူရိန်အဖွဲ့ရယ်၊ ဟီးရိုးတိုက်ဂါးရယ် ကနီခေါင်းဆောင်၊ ဗိုလ်နဂါးတို့လည်းပါတယ်။ ၈ နာရီလောက်မှာ ဖမ်းချုပ်ခံထားရတဲ့ အပြစ်မဲ့ပြည်သူ ၅ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်" လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုရဲ့ တာဝန်ခံက ပြောပါတယ်။
“ရဲရဲဝံ့ဝံ့နဲ့တိုက်ပွဲဝင်ကြပါ၊ တောင်ပေါ်မြေပြန့်တွေမခွဲနဲ့၊ ခရာတုတ်ပြိုင်တဲ့ပွဲမဟုတ်တဲ့အတွက်ကြောင့် ဘယ်ခရာသံမှနားစွင့်နေစရာမလိုဘူး”
"ခြောက်ကြားဇရပ် အရှေ့ဘက်မှာ လက်နက်ကြီးနဲ့ ထိုင်ပြီးပစ်ဖို့အသွား ဒီကောင်တွေနဲ့ထိပ်တိုက်တွေ့တော့ အဲဒီမှာလက်နက်ကြီးနဲ့ ၁ လုံးပစ်လိုက်နိုင်တယ်၊ နောက်ပြီးတော့လက်နက်ငယ်နဲ့လည်းအပြန်အလှန်ပစ်ခတ်မှုရှိတယ်၊ တိုက်ပွဲဖြစ်ပြီးကျနော်တို့ဘက်က အရေးမသာလို့ပြန်ဆုတ်ခဲ့ရတယ်၊ သူ့တို့ဘက်က ခန့်မှန်းခြေ ၇ ယောက်လောက်တော့ကျတယ်၊" လို့ မြိုင် PDF တာဝန်ခံ ဗိုလ် Cross ကပြောပါတယ်။
" ဝက်လက်မြို့နယ် ပင်စင်းကျေးရွာမှာ ဒီဇင်ဘာ ၁၁ရက် ည၁၂နာရီလောက်မှာစစ်ဖက် ရဲဖက် အရပ်ဝတ်တွေနဲ့အရာရှိတွေပါလာတယ် ဖမ်းဆီးတဲ့သူတွေက ဘယ်သူတွေဖြစ်ပါတယ် ဘယ်ရာထူးနဲ့ဘယ်ဌာနကပါလို့ပြောဆိုတာလဲမရှိဘူး ပိုဆိုးတာကဖမ်းဝရမ်းလဲမပြဘူး ဒီထက်ပိုပြီးဆိုးတာကဘယ်အမူကိုကျူးလွန်လို့ ဘယ်ပုဒ်မနဲ့ဖမ်းတယ်ဆိုတာမျိုးကိုလည်း ရှင်းပြပြောဆိုသွားတာမျိုးမရှိဘူး"လို့ သူရဲ့အကျိုးဆောင်ရှေ့နေ ဒေါက်တာဖိုးဖြူက ပြောပါတယ်