မုံရွာမြို့လယ်မှာ လူငယ်တွေအရုဏ်ဦးပျောက်ကြားသပိတ်ပြုလုပ်
"စစ်ခွေး နိဂုံး2023" စာသားပါဘန်နာကိုကိုင်ဆောင်ကြွေးကြော်ပြီး မင်းအောင်လိူင်ဓါတ်ပုံကို နင်းခြေဖျက်စီးကာ အာဏာရှင်စနစ်ဆန့်ကျင်ရေး ရေးသားထားတဲ့ စာရွက်တွေဖြန့်ကြဲခဲ့ကြတယ်။
"စစ်ခွေး နိဂုံး2023" စာသားပါဘန်နာကိုကိုင်ဆောင်ကြွေးကြော်ပြီး မင်းအောင်လိူင်ဓါတ်ပုံကို နင်းခြေဖျက်စီးကာ အာဏာရှင်စနစ်ဆန့်ကျင်ရေး ရေးသားထားတဲ့ စာရွက်တွေဖြန့်ကြဲခဲ့ကြတယ်။
“ဒလန်သတင်းပေးလို့ အဖမ်းခံရတယ်လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ဓာတ်ပုံနဲ့အတိအကျလာတာ ယောင်းမဖြစ်သူ မြို့ကိုသွားတာကအစ မေးတယ်။ သူတို့လာဖမ်းတဲ့အချိန် ရပ်ကွက်ထဲကို လူတယောက်ကို မေးတာမသိလို့ဆိုပြီး ရိုက်နှက်တာတွေပါ လုပ်သွားတယ်။ မချစ်စန္ဒီဦးကို အိမ်ပေါ်တက်ရိုက်နှက်ပြီးတော့ မျက်လုံးကို ပုဆိုးနဲ့စည်းပြီး ဖမ်းခေါ်သွားတယ်”
"ဖြစ်စဥ်က ဟုတ်တယ်။ ကလေးတွေက မိုင်းဆင်ဖို့သွားတာ။ စစ်ကောင်စီကင်းပုန်းနဲ့တွေ့ပြီး ပစ်ခတ်ခံရတာ။ သွားတာက ၅ ဦးပါ။ ကျဆုံးကလေးတွေရဲ့အလောင်းကို စစ်ကောင်စီဘက်က ကားနဲ့အတူ မီးရှို့ခဲ့တာ။ မီးရှို့ခံထားရတဲ့ အလောင်းကိုဘဲ ကောက်လာပြီး နာရေးလုပ်ဖို့ ပြင်နေပါတယ်"
"ကျနော်တို့ဆီကို သတိလစ်နေတဲ့လူနာတယောက်ရှိတယ်ဆိုပြီး အကြောင်းကြားလို့ ကျနော်တို့ရောက်တဲ့အချိန်မှာ လူနာအသက်မရှိတော့ဘူး သွေးတွေနဲ့ ဘေးပတ်ဝန်းကျင်ပြောတာကတော့လုယက်ခံထားရတယ် ရွှေတွေငွေတွေပါသွားတယ်လို့ပြောတယ် ရဲကတော့အတိအကျသိမှာပါ"
"တန်ဆောင်မုန်းလကတည်းက ပြေးနေရတာပါ။ အခုအချိန်ထိ တောထဲမှာပုန်းနေရတုန်းပါရှင့်။ တောထဲမှာကျူပင်တွေနဲ့ တဲဆောင်ငယ်တွေလုပ်ပြီးတော့ ပုန်းနေရတာပါ။ ကျူတောထဲမှာ အိပ်၊ ကျူတောထဲမှာစားနေရတယ်။ အခုကျမတို့ အအေးဒဏ်ကို တော်တော်လည်းခံစားနေရပါတယ်။ စောင်တထည်တည်းနဲ့ နှစ်ယောက်သုံးယောက်ကျစီခြုံနေရပါတယ်"
“ကျနော်တို့ဘက်က ပထမ ၁ လုံးပစ်တော့ သူတို့ဘက်က ၂ ချက်တော့ပြန်ပစ်တယ်။ တောပုရွာရဲ့ အနောက်ဘက်ခြမ်းက တောဝါကျောင်းနားက ငှက်ပျောခြံထဲမှာ ကင်းပုန်းဝတ်နေတာ။ ပစ်ပြီးလို့ မျက်မြင်ကတော့ ၁ ကောင်ထမ်းသွားတာတွေ့ရတယ်။ ဒီနေ့မနက်တောပုရွာရဲ့ နယ်မြေခံတယောက်ပြောပြချက်အရ ပျူ ၅ ကောင်သင်္ဂြိုလ်တယ်လို့ပြောတယ်”
"မနေ့ကမနက် ၁၀ နာရီလောက်က တပ်မ ၃၃ ကနေ အင်အား ၇၀ လောက်နဲ့လာပြီး ကုန်းကြီးရွာကို မီးစရိူ့တာပါ၊ မီးဘေးသင့်ပြည်သူခန့်မှန်းခြေ သုံးထောင်ကျော်ရှိပါမယ်။ မီးဘေးသင့်ပြည်သူတွေကတော့ လက်ရှိမှာကြုံသလိုနေထိုင်နေရပါတယ်"
"ကျနော်တို့တပ်ဖွဲ့တွေက ကင်ပုန်းဝပ်နေတဲ့ စစ်ကောင်စီတွေကို ဒရုန်းနဲ့တိုက်ခိုက်တဲ့အခါ ဗုံးသီးတလုံးက သူတို့ကင်းပုန်းဝပ်နေတဲ့ အနီးစပ်ဆုံးနေရာကို ကျသွားခဲ့ပါတယ်။ အဲဒါကြောင့် လေးယောက် ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။ သေတော့ မသေခဲ့ဘူးပေါ့။ ကျနော်တို့ဖက်ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါတယ်"
“ကန့်ဘလူဘက်ကို စစ်ကြောင်းတွေက ဖိနေတယ်။ စစ်ကြောင်းတွေ ဝင်တာနဲ့ပြေးရ စစ်ကြောင်းထွက်ရင် ရွာနားပြန်သွားအဲလိုတွေဖြစ်နေတာ။ စစ်ဘေးရှောင်တွေက တစ်နေ့ထက်တစ်နေ့ ပိုများလာတော့ သူတို့အတွက် ရိက္ခာနဲ့ဆေးဝါးတွေလိုအပ်နေတယ်။ ရာသီဥတုကြောင့် ဖျားနာသူတွေလည်း များနေတယ်”
"ဒီစကစတွေက ကန့်ဘလူနယ်ဘက်ကနေ စထွက်လာတာက ၁၈၀ လောက်ပါမယ်ဗျ။၈၀ လောက်က ကန့်ဘလူနယ်ဘက် ပြန်ဝင်သွားတယ်ဗျ။ ၁၀၀ လောက်က တန့်ဆည်နယ်နဲ့ အခုရေဦးနယ်ကိုဝင်လာပြီး ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မီးရှို့တာပါ။ အခုတော့ ပျက်စီးအခြေအနေကိုမသိရသေးဘူးဗျ။ စကစတွေကရွာထဲမှာဘဲရှိသေးတယ်။အပျက်အဆီးများနိုင်ပါတယ်။ ရွာဗုကြီး၊ ကလှဇဥ်၊ ပေကုန်း၊ ကြိုတိမ်ရွာတွေက ကပ်ရက်တွေပါဗျ"
“သူက တော်တော်လေးအနံ့ထွက်နေတာ။ စခတွေနဲ့ပေါင်းပြီး မူးယစ်ဆေး၊ လောင်းကစား အကြီးကျယ်လုပ်နေတာ။ ဂျင်ဝိုင်းထောင်ထားတယ်၊ လောင်းကစားတွေက အခုမှမဟုတ်ဘူး ဟိုးအရင်ထဲကဆရာကြီး၊ စခတွေနဲ့ပေါင်းစားပြီး ခုကပိုဆိုးလာတာလေ။ ကောလင်းမှာ စခတွေနဲ့မပတ်သက်ရင် ဖဲတောင်မရိုက်ရဲဘူး”
"မြို့မရဲစခန်းလိုင်းခန်းထဲကို ခြံစည်းရိုးအပြင်ကနေ လက်ပစ်ဗုံးတလုံးနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့တာပါ။ ပျက်စီးမှုနဲ့ ထိခိုက်မှုကတော့ သေချာပေါက်ရှိမှာ၊ စုံစမ်းတုန်းပါ"
"သူတို့လုပ်တာက အခြေခံလူတန်းစားတွေကို ဒုက္ခပေးတာနဲ့တူတူဘဲ။ တမြို့နယ်ထဲလုပ်နေတာမဟုတ်ဘူး။ ပဲခူးအနောက်ခြမ်းမြို့နယ်အားလုံးမှာ တပုံစံတည်းလုပ်နေတာ။ ငွေတောင်းတယ်။ မပေးရင် ဆိုင်ကယ်သိမ်းတယ်။ ဒါက သူတို့ကံကြမ္မာကို သူတို့ဖန်တီးနေတာဘဲ။ ဒီလိုလုပ်လေ လူထုက သူတို့ကို မုန်းလေစိတ်နာလေဘဲ။ ဖမ်းခံထိတဲ့ အထဲမှာ စကစ ထောက်ခံသူ၊ ပါဝင်နေသူတွေတောင် ဖမ်းတာဘဲ။ ဖမ်းဆီးရေးတာဝန်ရှိတဲ့သူတွေက ငွေရဖို့တခုတည်းဘဲ ကြည့်တော့တာ"
“သူတို့ကမုံရွာ - စစ်ကိုင်းကားလမ်းကိုရှင်းဖို့လာတာပါ။ ကျနော်တို့ပူးပေါင်းတပ်ဖွဲ့တွေက ပဒေသာမိုင်းဆွဲလိုက်တယ်။ စခတွေထိခိုက်သေဆုံးတာတွေရှိတယ်။ အတိကျတော့မသိရသေးဘူး။ သူတို့ဘက်ကလည်းကျနော်တို့တွေကို လက်နက်ငယ်တွေနဲ့ပြန်ပစ်ခဲ့ပေမယ့် ကျနော်တို့ဘက်က အထိအခိုက်မရှိပြန်ဆုတ်လာနိုင်ခဲ့တယ်”
“မနေ့က ကန့်ဒေါင့်ရဲစခန်းကို ပျုတွေကအင်အားဖြည့်ပြီးပြန်လာတာ။ ကျနော်တို့က ဦးနှောက်ရွာရဲ့အနောက်ဘက်အရောက်မှာ နေ့လည် ၁၁ နာရီလောက်က လမ်းကနေစောင့်ပြီး လက်နက်ကြီးတွေနဲ့ပစ်ပြီး တကြိမ်ထိတွေ့မှုဖြစ်တာ။ နောက်ထပ်သပြေအေးရွာအနောက်ဘက်မှာတခါ ညနေ ၃ နာရီခွဲအချိန်မှာ အဲဒီပျူတွေနဲ့နာရီဝက်ကျော်ကျော်လောက်တိုက်ပွဲထပ်ဖြစ်တယ်”