သတင်းတို

BNRA က လက်နက်တပ်ဆင်ပေးတာကြောင့် သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ BNRAနဲ့ ပူးပေါင်း (ရုပ်/သံ)

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA က ဇန်နဝါရီ ၃၀ ရက်က လက်နက်တပ်ဆင်ပေးခဲ့တာကြောင့် တပ်ရင်း ၁ ရင်းစာအင်အားရှိတဲ့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဟာ BNRA နဲ့ ပူးပေါင်းပြီး အာဏာရှင်တွေကို တော်လှန်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

နတ်မောက်က အုပ်ချုပ်ရေးမှူးတဦး အသတ်ခံရ

“သူ့အိမ်ထဲကို တော်လှန်‌ရေးတပ်ဖွဲ့တွေ ဝင်ဖို့ ကြိုးစားတုန်း ဓါးနဲ့ ခုခံမယ်လုပ်လို့ လမ်းပေါ်ဆွဲထုတ်ပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်ပြီး နံကြားကို ဓါးနဲ့ထိုးခဲ့တာ ပွဲချင်းပြီးပဲ"

မတ္တရာမှာ ပြည်သူ ၂ ဦးကိုသတ်သွားတဲ့ စစ်ကြောင်းကို PDF တွေက မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး အင်းကုန်းကျေးရွာနဲ့ ဆိပ်သာကျေးရွာက ဒေသခံအမျိုးသား ၂ ဦးကို သတ်ဖြတ်သွားတယ်လို့ မတ္တရာမြို့နယ် တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

BNRA က လက်နက်ထောက်ပံ့ပေးတာကြောင့် သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ BNRA နဲ့ ပူးပေါင်း

“ကျနော်တို့တပ်ဖွဲ့က တပ်ရင်း ၁ ရင်းစာရှိတယ်။ လက်ရှိတပ်ခွဲမှူး၊ တပ်စိတ်မှူး၊ တပ်ရင်းဗိုလ်တွေကို အသစ်ပြန်လည်ရွေးထုတ်ပြီးတော့ သင်တန်းပေးနေပါတယ်။ အရာရှိတွေ၊ တပ်စိတ်မှူးတွေကိုတော့ လက်နက်ချပေးထားတယ်။ မောင်းပြန်အမျိုးအစား လက်နက် ၇ လက်ချပေးထားတယ်”

ကလေးမြို့နယ်မှာ စစ်တပ်က အမျိုးသား ၄၀ ကျော် ဖမ်းဆီး၊ လူဖမ်းတာတွေ ဆက်တိုက်လုပ်လာ

“ရွာထဲကို ခြေလျင်ဝင်ပြီးကို ဆွဲသွားတာ။ လူငယ်တွေချည်းပဲ။ ဖမ်းထားတဲ့လူတွေကို ကားနဲ့ မြို့ထဲခေါ် ဝင်သွားတာကို တွေ့တဲ့သူတွေ ရှိတယ်။ မြို့ပေါ်မှာတော့ ဟိုရပ်ကွက်ထဲ ဝင်ဆွဲ၊ ဒီရပ်ကွက်ထဲ ဝင်ဆွဲပဲ။”

စစ်မှုမထမ်းမနေရဥပဒေထုတ်ပြီးနောက် မန္တလေးမြို့မှာ စစ်တပ်က လူစာရင်းကောက်

"တရပ်ကွက်လုံးကောက်တယ်လို့ ပြောတယ်။ အဲတုန်းက ဥပဒေမထုတ်ပြန်သေးတော့ သာမန်ပဲထင်တာလေ။ အခုတော့ ကြောက်လန့်နေကြပြီ"

ထီးလင်းနယ်က စစ်ရှောင်တွေ အဝတ်အထည်၊ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးတွေ လိုအပ်နေ (ရုပ်/သံ)

စစ်တပ်က လက်နက်ကြီးပစ်တဲ့ဒဏ်၊ စစ်ကြောင်းတွေ မကြာခဏ ထိုးတဲ့ဒဏ်တွေကို ခံကြရတဲ့ အနောက်ဘက်ရွာ၊ သရခါရွာ၊ ထလင်းရွာ၊ အောင်းရွာ၊ ပုဏ္ဏားရွာ၊ ထန်းပင်ကုန်းရွာ၊ တောရောင်းရွာစတဲ့ ကျေးရွာ ၁၀ ရွာက စစ်ရှောင်ပြည်သူ ၇၀၀ ကျော်မှာ ၁ နှစ်ကျော်ကြာ စစ်ရှောင်လာရတဲ့အခါ စားသောက်ရေးအတွက် အခက်အခဲ ကြုံနေရတယ်လို့ စစ်ရှောင်အရေးကူညီထောက်ပံ့ပေးသူတွေက ဆိုပါတယ်။

မြင်းခြံ-နဘူးအိုင်လမ်းပိုင်းမှာ စစ်ကောင်စီကားတန်း မိုင်း ၁၂ လုံးဆွဲခံရလို့ ၄ ဦးထက်မနည်း သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-နဘူးအိုင်လမ်းပိုင်း သစ်ရုံးကျေးရွာနဲ့ တူရွင်းဘိုကျေးရွာကြားမှာ စစ်ကောင်စီကားတန်းကို မိုင်း ၁၂ လုံးဆွဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေါင်းမင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

အုတ်ဖိုက စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၂ ခုကို PDF ဝင်တိုက်၊ နှစ်ဖက်သေဆုံးမှုရှိပြီး စစ်ကောင်စီရဲ့အဆောင် မီးရှို့ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး ၂ ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်-ပဲခူးလမ်းပိုင်းမှာ ဘိလပ်မြေဖျော်ယာဥ်နဲ့ တွဲကား တိုက်မိပြီး တွဲကားမီးလောင်ပျက်စီး

"သိရသလောက်က ဘိလပ်မြေဖျော်ယာဥ်က ကလပ်ပေါက်ပြီး အရှိန်နဲ့တဖက်ယာဥ်ကြောကို ရောက်သွားတာ။ တွဲယာဥ်ကိုဝင်တိုက်တော့ တွဲကားကမှောက်ပြီး မီးလောင်သွားတာ။ လူတွေတော့ထိခိုက်တာ မရှိဘူး။"

ဇရပ်ကြီးတိုက်ပွဲ စစ်ကောင်စီဘက်က ၇၀ ခန့်သေဆုံးဟု တောင်ပိုင်းစစ်ဒေသထုတ်ပြန်

"တိုက်ပွဲကတော့ ပြီးသွားပြီ၊ အခြေအနေအရကတော့ ကျနော်တို့ဘက်က အဖွဲ့တွေလည်း လုံခြုံတဲ့နေရာကို ပြန်ဆုတ်လာကြပြီ။ ထိခိုက်သေဆုံးကတော့ နှစ်ဖက်စလုံးရှိတယ်"

စစ်တပ်က လေကြောင်းရော လက်နက်ကြီးနဲ့ပါပစ်လို့ အသက်မပြည့်သေးတဲ့ ကလေး ၂ ဦးသေဆုံး

“ဟောင်ဝစ်ဇာကြောင့်ထိတဲ့ ကလေးမလေးက ဆေးကုနေရင်း ညနေ ၃နာရီလောက်ကျ ဆုံးသွားတယ်၊ အဲ့ဒီနေရာတွေက တိုက်ပွဲ မဖြစ်ဘူး၊ စစ်ရေးပစ်မှတ်မဟုတ်ဘဲ အဲ့ဘက်ကို လေကြောင်းနဲ့ကြဲတာ၊ နောက်ပြီးတော့ ဟောင်ဝစ်ဇာနဲ့ပါ ဆက်ပစ်တာ။”

ဇရပ်ကြီးတိုက်ပွဲကျဆုံးမှု တော််ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော် ၄ ဦးပါဝင်၊ စစ်ရေးတင်းမာနေဆဲ

ဇရပ်ကြီးတိုက်ပွဲမှာ လေကြောင်းတိုက်ခိုက်ခံရမှုအပါအဝင် တိုက်ပွဲတွေအတွင်း KNLA ပူးပေါင်းတပ်တွေဘက်က တပ်ဖွဲ့ဝင် ၂၀ နီးပါးကျဆုံးခဲ့တယ်လို့ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရှိရပြီး အဲ့ဒီထဲမှာ တော်ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော် ၄ ဦး ကျဆုံးခဲ့တာပါ။

ကောလင်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်တွေဘက်က ၂ ဦးထပ်မံကျဆုံးပြီး တိုက်ပွဲပြင်းထန်နေ

"**တွေလည်း တော်တော်များများလမ်းပေါ်မှာ အတုန်းအရုန်းမြင်ရတယ်။ **အကျအဆုံးက တော်တော်တော့များတယ်။ အရေအတွက်ကိုတော့ မသိရသေးဘူး "

မြိုင်က ၂ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးမှုများဟုဆို

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်ဘက်နေ ကန်နီရွာကို ရိက္ခာလာပို့တဲ့ ခလရ ၂၅၈ က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူများခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10