သတင်းတို

သောက်သုံးရေအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အညာက စစ်ရှောင်တွေ (ရုပ်/သံ)

မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ခြမ်း၊ ဆိပ်ဖြူမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေ သောက်သုံးရေရရှိနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြရပါတယ်။

ပစ်ကူလာတဲ့ Mi 35 ရဟတ်ယာဉ် သေနတ်ထိမှန်ဆုတ်ခွာသွားကြောင်း ချပ်သင်း PDF ပြော

“အမြီးကို ထိသွားချိန်မှာ ဆက်မပစ်တော့ဘဲ ပြန်ခေါက်သွားတယ်။ ထိသွားတဲ့အခါကျ ရဟတ်ယာဉ်က လည်သွားတာ။ ဟိုရမ်း ဒီရမ်းနဲ့ ခေါင်းကိုမနည်းစိုက်ပြီး ၆၀၀၆ ကို နှေးနှေးလေး ပြန်မောင်းသွားရတာ။”

ရွာကိုမီးလာရှို့တဲ့ စစ်ကောင်စီအဖွဲ့ စနိုက်ပါနဲ့ပစ်ခံရလို့ အရာရှိ ၁ ဦးအပါ ၄ ဦးသေဆုံးဟုဆို

"သူတို့(စစ်ကောင်စီ)က အဲ့ရွာထဲမှာရောက်နေတာ ၂ ရက်လောက်ရှိပြီ။ မနေ့က သူတို့ပြန်ထွက်ကာနီး ရွာကို မီးရှို့နေချိန် ပူးပေါင်းအဖွဲ့တွေဘက်က စနိုက်ပါရော၊ လက်နက်ငယ်တွေနဲ့ပါ ပစ်တာ။ စနိုက်ပါနဲ့ ပစ်ချိန်မှာ စကစ ဘက်က သေဆုံးဒဏ်ရာရတာတွေရှိတယ်"

ရေဦးဒေသခံ ၂ ဦးကို စစ်တပ်က လည်လှီးသတ်ခဲ့

“ညပိုင်းမှာ စစ်ကြောင်းထိုးလို့ ပြည်သူတွေ အလစ်ငိုက်ခံရပြီး PDF လို့ ခေါင်းစဉ်တပ်သတ်ဖြတ်သွားတာ”

ပကဖဦးစီးကျင်းပတဲ့ ဘောလုံးပွဲမှာ ကလေးတဦး ကားကြိတ်ခံရပြီးသေဆုံး၊ ကျပ်သိန်း ၅၀ ပေးပြီး အမှုကို ကျေအေး

“ကလေးက ဦးနှောက်ထွက်သွားတော့ နေ့ချင်းပဲသင်္ဂြိုဟ်လိုက်တယ်၊ ဘောလုံးကွင်းက ရွာပြင်ဘက် မှာ။ သူတို့က(ပကဖအဖွဲ့ဝင်တွေ) ဘောလုံးပွဲလုံခြုံရေးယူဖို့ လာကြတာ။ ကလေးက ဘောလုံးပွဲကြည့်ဖို့ လာတာ။ ရွာအလယ်လမ်းဆုံမှာ ကားနဲ့ငြိပြီး ဆုံးသွားတာ။”

ဝက်ထီးကန်မှာ ဆည်မြောင်းက စီမံခန့်ခွဲမှုညံ့ဖျင်းလို့ တောင်သူတွေ ပဲမစိုက်ရဘဲ နစ်နာခဲ့ရ

“တာဝန်ရှိသူတွေက တွက်ချက်မှုညံ့ဖျင်းတာလား၊ လယ်သမားတွေကို နှိပ်ကွပ်တာလားတော့ မပြောတတ်ဘူး။ တကယ်ဆို သေချာတွက်ချက်ပေါ့။ သုံးသီး(မိုးစပါး+ မတ်ပဲ+ နွေစပါး) စိုက်ရင်လည်း ရရဲ့သားနဲ့ ရေလွှတ်စောမယ်ပြောတော့ စိုက်ပြီးမှ ရေဝင်လို့ ပဲတွေသေရင် ဆုံးရှုံးမှာစိုးပြီး မစိုက်ကြတာ”

ဘုရားကြီးမြို့မစျေးက ဆိုင်အချို့မီးလောင်ပြီး ကျပ်သိန်း ၃၀၀ နီးပါးပျက်စီးဆုံးရှုံး

"သူတို့ဆိုင်မှာ လူမနေဘူး။ ညဆိုဆိုင်ပိတ် နေအိမ်ပြန်ကြတယ်။ မနက်ကျမှ ဆိုင်လာဖွင့်တာ။ ရေခဲသေတ္တာတွေဆိုလည်း မီးကမပိတ်ဘဲ အမြဲဖွင့်ထားလေ့ရှိတယ်။ တော်သေးတာက မနက်လမ်းသွားလမ်းလာတွေရှိတဲ့အချိန် လောင်လို့ပဲ"

ထန်းတပင်တိုက်ပွဲ လေကြောင်းဗုံးကြဲမှုဆက်တိုက်ပြုလုပ်နေပြီး အရပ်သား ၁၀ ဦးခန့်သေဆုံးထားကာ ဒေသခံ ၅၀၀၀ ကျော်ပြေးနေရ

"တိုက်ပွဲက မနေ့ကလည်း တနေကုန်ညလုံးပဲ ဒီမနက်လည်း ထပ်ဖြစ်နေတယ်။ သေတာက မနေ့ညနေပိုင်းရော ဒီမနက်မှာရော သေကြတယ်။ သေဆုံးအလောင်းတွေကို ကောက်လို့မရသေးဘူး။ ဒဏ်ရာရသူတွေကိုတော့ တောင်ငူဆေးရုံကို ပို့ထားရတယ် "

ကောလင်းမြို့တွင် ၆ ရက်မြောက်တိုက်ပွဲဆက်လက် ပြင်းထန်၊ ထောက်ပံ့မှုတွေပေးဖို့ NUG ကို ကောလင်းပကဖ မေတ္တာရပ်ခံ

"ကောလင်းမြို့ ပြန်မပေးရရေးကို ကျွန်တော်တို့ ကြိုးစားနေတယ်။ ပထမဆုံးသိမ်းယူထားတဲ့မြို့ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဒေသကလူတွေက ပြန်မပေးချင်ကြဘူး။ အဲဒီပြန်မပေးရအရေးကို တိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်း စစ်ဦးစီးချုပ်ကိုပြောချင်တာကတော့ ကောလင်းမြို့ကို ပစ်မထားပါနဲ့။ ဝိုင်းပေးကြပါ။ ခရိုင်ပအဖ၊ တိုင်းပအဖအနေနဲ့လည်း ကောလင်းမြို့သိမ်းတဲ့အချိန်တုန်းက တအားပျော်ခဲ့ကြပြီး အခုပြန်တိုက်တဲ့အချိန်မှာ ရဲဘော်တွေအတွက် သတင်းစကားလည်း ဘာမှမကြားရဘူး။ ထောက်ပို့မှုလည်းဘာမှမရှိဘူး"

TNLA သိမ်းထားတဲ့ ရှမ်းမြောက်ကတပ်ဆီပြန်မရလို့ သံတောင်ဗျူဟာကိုအပို့ခံရတဲ့ ဗိုလ်ကြီး ဇော်မိုးဟိန်း လိပ်သိုတိုက်ပွဲမှာ သေဆုံး

“ ရှမ်းမြောက်ကတပ်ကနေ သံတောင်ကြီးမှာ ခွဲမှူးသင်တန်း ၄ လ လာတက်တာ။ သင်တန်းပြီးပေမယ့် သူ့တပ်ကို တင်နီလာအေး(TNLA)က သိမ်းထားလို့ ပြန်စရာမရှိလို့ နီးတဲ့လိပ်သိုဗျူဟာကို တွဲဖက်အင်အားဖြည့်နဲ့ ပို့ထားတာ”

ကန်နီရွာကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက် ပျူစောထီးနဲ့ စစ်သား ၁၀ ဦးခန့် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူရွာမှာ စစ်သားနဲ့ ပျူစောထီး အင်အား၁၀၀ ဝန်းကျင်နေတဲ့နေရာကို ကာကွယ်ရေးအဖွဲ့တွေက တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်တဲ့အပြင် ဒရုန်းနဲ့မီးလောင်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ MPL တိုက်နယ် ၄ ပကဖ အဖွဲ့ဆီက သိရပါတယ်။

ကောလင်းတိုက်ပွဲ ၅ ရက်မြောက်တဲ့အထိ တိုက်ပွဲပြင်းထန်နေ၊ PDF ၆ ဦးနဲ့ ပြည်သူ ၂ ဦးသေဆုံးထား

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနီးဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ တကျော့ပြန် တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၆ ဦးနဲ့ ပြည်သူ ၂ ဦးသေဆုံးထားပြီး ဖေဖော်ဝါရီ ၇ ရက် ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဝေါက NLD ပါတီဝင်တွေနဲ့ ဝန်းရံသူ ၃၀ ဝန်းကျင်ကို စစ်ကောင်စီဖမ်းဆီး

"ဂွေ့ကြီးကဆို ဦးဖိုးစိန်တို့ သားအဖ နှစ်ယောက်ပါသွားတယ်။ ကျန်ရွာတွေကလည်း တော်တော်များများ ပါသွားကြတယ်။ ခုရွာတွေမှာ ယောက်ယက်ခတ်နေကြတာပဲ။ ခုပြောပြနေတဲ့အချိန်ထိ စကစတွေရွာတွေမှာ မွှေနေတုန်းပဲ"

တံတားဦးမှာ ကြံ့ခိုင်ရေးပါတီဥက္ကဌအပါ ၂ ဦး ပစ်သတ်ခံရ

"သိရသလောက်က သူတို့ကိုခေါ်ထုတ်လို့ ထွက်ပြေးချိန်မှာ ပစ်ခံရတာ။ ရွာသားတွေလည်း အပြင်မထွက်ရဲဘူး။ မနက်ကျမှပဲ အလောင်းတွေကို ကောက်ရဲကြတယ်"

စလင်းနယ်က ပျူစောထီး ၂ ဦးကို နေအိမ်မှာဖမ်းဆီးမိ သေနတ်နဲ့ပြန်ခုခံလို့ ပစ်ခတ်ရှင်းလင်း

"သူတို့ကတအိမ်ထဲမှာ အတူရှိနေတာမဟုတ်ပါဘူး၊ တယောက်ရဲ့အိမ်ကို ဝင်ပြီးဖမ်းဆီးခေါ်ဆောင်ပြီးတော့ နောက်တယောက်အိမ်ကို လိုက်ပြခိုင်းတာ၊ အဲ့ဒီအိမ်ရောက်မှ သူတို့အနေနဲ့ ကျန်တဲ့တယောက်က ခုခံပစ်ခတ်တာကြောင့် ပစ်သတ်ခဲ့ရတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10