သတင်းတို

ရွှေဘိုနယ်၊ ဇီးဖြူကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုးပစ်ခတ်လို့ အမျိုးသား ၄ ဦးသေဆုံး

"စကစ စစ်ကြောင်းဝင်လာတော့ တိုက်ပွဲဖြစ်တယ်။ စကစဘက်က အင်အားများတယ်။ တိုက်ပွဲက အချိန်တော်ကြာ ဖြစ်သွားတယ်။ ရဲဘော်တွေဘက်ကတော့ အားမတန်လို့ ပြန်ဆုတ်လာရတယ်"

ဆားလင်းကြီးက စစ်တပ်အထိုင် ရဲစခန်း၊ ထွေအုပ်နဲ့ ဆေးရုံတို့ တိုက်ခိုက်ခံရ

“ထွေအုပ်ရုံးနဲ့ ဆေးရုံမှာ အထိုင်ချထားတာတော့ ၁ နှစ်ကျော်ပြီ။ သူတို့ကို ကျနော်တို့ ၄၅ မိနစ်ကြာတဲ့အထိ လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်။ ကျနော်တို့ ကြားတာတော့ သူတို့တွေ နေတဲ့အဆောင်တွေထဲကို လက်နက်ကြီးတွေ ကျတယ်လို့ကြားတယ်။ သူတို့ဘက်ကလည်း ကျနော်တို့ကို စက်လက်နက်တွေနဲ့ ပြန်ပစ်တာမျိုးတွေရှိတယ်”

တောင်ငူ ခပေါင်းတံတားစစ်ရေးဂိတ် ဗုံးပစ်ခံရ၊ စစ်တပ်က ပစ်လို့ အမျိုးသား ၁ ဦးဒဏ်ရာရ

"စကစဂိတ်ကို ဗုံးလာပစ်သွားတာလို့ သိရတယ်။ သူတို့တွေ ကံကောင်းသွားတာက ဗုံးက မပေါက်လိုက်ဘူး။ အဲ့ဒါကို သူတို့က အကာရံတွေလုပ်ခွဲလိုက်တာ။ အဲ့ဒီအချိန်မှာ အမျိုးသားတဦးက ဆိုင်ကယ်နဲ့ ဖြတ်မောင်းသွားတာကို ပစ်လိုက်တာ"

ပဲခူး၊ ကဝနဲ့ သက္ကလမြို့တို့က ဒေသခံတွေလည်း အသံတိတ်သပိတ်မှာပါဝင်

ပဲခူးတိုင်းအရှေ့ခြမ်း ပဲခူး၊ ကဝနဲ့ သက္ကလမြို့က ဒေသခံတွေလည်း ဖေဖေါ်ဝါရီ ၁ ရက် ဒီနေ့မှာ ပြုလုပ်တဲ့ အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဆိပ်ဖြူနဲ့ကလေးမြို့က အသံတိတ်သပိတ်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့ကပြည်သူတွေဟာ ဖေဖော်ဝါရီ ၁ ရက်ဒီနေ့မှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ နွေဦးတော်လှန်ရေး ၃ နှစ်မြောက်နေ့ အသံတိတ်သပိတ်ကို ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ပခုက္ကူမြို့အဝင်ဆိုင်းဘုတ်မှာ NUG အလံလွှင့်ထူပြီး ခလရ ၂၅၂ တပ်အပေါက်ဝမှာ စစ်အာဏာရှင်အလိုမရှိကြောင်း စာတန်းပါဗီနိုင်းကို ချိတ်ဆွဲ

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် Burma Revolution Rangers ရဲဘော်တွေက ပခုက္ကူမြို့အဝင်ဆိုင်းဘုတ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလံလွှင့်ထူခဲ့ပြီး ခလရ ၂၅၂ တပ်အပေါက်ဝရဲ့ရှေ့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း စာတန်းပါဗီနိုင်းကို ချိတ်ဆွဲခဲ့တယ်လို့ အဖွဲ့တာဝန်ခံက ပြောပါတယ်။

ဒိုက်ဦးမြို့ရဲ့ အသံတိတ်သပိတ်လှုပ်ရှားမှု

စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင်တော်လှန်တဲ့နွေဦးတော်လှန်ရေး ၃ နှစ်မြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက် ဒီ‌နေ့မှာ ပြုလုပ်တဲ့ အသံတိတ်သပိတ်ကို ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်က ပြည်သူတွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

မတ္တရာမှာ စစ်တပ်က တရက်တည်း ရွာ ၄ ရွာကို မီးရှို့ပြီး လက်နက်ကြီးနဲ့ပစ်လို့ ထိခိုက်သူတွေရှိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းကကျေးရွာ ၄ ရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။

အရာတော်ဆိုင်းဘုတ်အထိ သွားရောက်ပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ် (photo news)

Danger Force LPDF ပူးပေါင်းအဖွဲ့ဟာ အရာတော်မြို့အထွက်၊ သနပ်ခါးမြို့တော်၊ အရာတော်ဆိုင်းဘုတ် နဲ့ မုံရွာ-အရာတော် လမ်းမပေါ်မှာ စစ်ကောင်စီအာဏာသိမ်းမှု(၃)နှစ်ပြည့် “အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ” အစရှိတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ကလေး၊ မြိုင်နဲ့ ပေါက်က အာဏာသိမ်း ၃ နှစ်ပြည့် လှုပ်ရှားမှုများ

"စစ်ကောင်စီအာဏာသိမ်းထားတာကို ပြည်သူလူထုတရပ်လုံးက မကျေနပ်ဘူး ဆိုတာကိုသိစေချင်လို့ ဆန္ဒဖော်ထုတ်ခဲ့တာ။ အဖြူရောင်သပိတ်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ စစ်ကောင်စီတပ်သားတွေဟာ အလံဖြူထောင်တယ်၊ အများကြီးဖြစ်လာမယ်ဆိုတဲ့ မျှော်မှန်းချက်တွေပေါ့နော်"

တော်လှန်ရေး ၃ နှစ်ပြည့် အဖြူရောင်ကမ်ပိန်း အင်အားအများအပြားနဲ့ချီတက် (photo news)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ အသံတိတ်သပိတ်မစမီ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ မနက်ပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖြူရောင်ကမ်ပိန်း သပိတ်စစ်ကြောင်း ထွက်ခဲ့တယ်လို့ သပိတ်ကော်မတီဆီက သိရပါတယ်။

ဝက်လက်နယ်သားတွေရဲ့ အသံတိတ်သပိတ်နဲ့ White Campaign

စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်အနေနဲ့ အသံတိတ်သပိတ်နဲ့ White Campaign ကို ဖေဖော်ဝါရီ ၁ ရက်ဒီမနက်ပိုင်းမှာ ဝက်လက်မြို့နယ်အခြေစိုက် နန်းတက်မင်း ဒေသတော်လှန်ရေးအင်အားစုတပ်ဖွဲ့နဲ့ ဒေသခံတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ တပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ပြည် ပေါင်းတည်နဲ့ ကြို့ပင်ကောက်မြို့က အသံတိတ်သပိတ်မြင်ကွင်း

အသံတိတ်သပိတ်ကို မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိသတ်မှတ်ထားတာဖြစ်ပြီး ကျန်းမာရေးနဲ့ အရေးပေါ်ကိစ္စရှိသူများကလွဲပြီး အများစုဟာ သူတို့ရဲ့နေအိမ်တွေမှာပဲနေထိုင်ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပုလဲမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက ၃ နေရာကို လေကြောင်းကနေဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေကို ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ဇီးဖြူကုန်းရွာအနီးနဲ့ မြကုန်းကျေးရွာ အပါအဝင် ၃ နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်ပျက်စီးမှုနဲ့ ဒေသခံထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဆောနဲ့ ပခုက္ကူမြို့က ပြည်သူတွေကလည်း အသံတိတ်သပိတ်မှာပါဝင်

မကွေးတိုင်း၊ ဆောမြို့နယ်နဲ့ ပခုက္ကူမြို့နယ်က ပြည်သူတွေကလည်း ဖေဖော်ဝါရီ ၁ ရက် ဒီနေ့မနက်ကစပြီး အသံတိတ်သပိတ် ပြုလုပ်ခဲ့ကြပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ အသံတိတ်သပိတ်မှာ ပါဝင်နေကြတာဖြစ်ပြီး ဆောမြို့နယ်မှာတော့ ဒေသခံတွေဟာ အလုပ်ကိစ္စနဲ့ မြို့ပေါ်ကိုလာတဲ့အခါမှာ ဆိုင်ကယ်တွေကို ကာကွယ်ရေးဂိတ်တွေမှာသာ ချန်ထားခဲ့ပြီး မြို့ထဲကို ခြေလျင်သာ လာကြတယ်လို့ သိရပါတယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10