သတင်းတို

ပဲခူးတိုင်းအနောက်ခြမ်းက PDF စခန်းအချို့မှာ အာဇာနည်နေ့အခမ်းအနားတွေ ကျင်းပ (ရုပ်/သံ)

ဇူလိုင် ၁၉ ရက် ဒီကနေ့မှာကျရောက်တဲ့ ၇၇ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားတွေကို ပဲခူးတိုင်းအနောက်ခြမ်းက PDF တပ်ရင်း တပ်ဖွဲ့တွေ အခြေစိုက်ရာ နယ်မြေတွေမှာ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

ရွှေဘိုတပ်ရင်း ၁၅ က အာဇာနည်နေ့အခမ်းအနားနဲ့ ရေလှောင်ကန်အပ်နှံပွဲကျင်းပပြီး မုန့်ဟင်းခါးကျွေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅ က ဦးဆောင်ပြီး ၇၇ နှစ်ပြည့် အာဇာနည်နေ့အခမ်းအနားနဲ့ တပ်ရင်းကဦးဆောင်ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းကို ရေလှောင်ကန်အပ်နှံပွဲ ကျင်းပခဲ့တယ်လို့ အဲဒီတပ်ရင်းက သိရပါတယ်။

Aung San Force တပ်ရင်းမှာ အာဇာနည်နေ့ အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း Aung San Force - A.S.F တပ်ရင်းမှာ တပ်ဖွဲ့ဝင်တွေက ၇၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်ခဲ့ကြပါတယ်။

ယင်းမာပင်ခရိုင်က PDF စခန်းတွေမှာ အာဇာနည်နေ့ အခမ်းအနားတွေကျင်းပ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက PDF စခန်းတွေမှာ ဇူလိုင် ၁၉ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားတွေကို တပ်ရင်းအခြေစိုက်ရာ နယ်မြေတွေမှာ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

မြို့သစ်မြို့နယ်မှာ အုပ်ချုပ်ရေးမှူးသားအဖ ပစ်သတ်ခံရ

"သူတို့သားအဖ အိမ်မှာရှိနေချိန် ဝင်ပစ်သွားတာ။ လေးငါးရှစ်ချက်ထက်မနည်း ပစ်သွားတာ။ သားအဖနှစ်ယောက်စလုံးကတော့ နေရာမှာပဲသေသွားကြတယ်"

အောင်လံမှာ ရေတက်လို့ကျောင်းတွေပိတ်ထားပေမယ့် ဆရာ၊ဆရာမနဲ့ဝန်ထမ်းတွေ ရေဂျူတီစောင့်နေရ

“ဆရာ၊ဆရာမတွေအိမ်တွေပါ ရေဝင်နေတာလေ။ အိပ်ဖို့နေဖို့ခက် ပစ္စည်းပြောင်းရွှေ့ဖို့ အကူအညီ မရ။ စားသောက်ချက်ပြုတ်ဖို့လည်း အဆင်မပြေဖြစ်နေကြတာ။ အိမ်တွေရေမြုပ်နေလည်း ကိုယ့်အိမ် ကိုယ့်ပစ္စည်းကို မသယ်နိုင်ဘူး။ တာဝန်ကျရေဝင်ကျောင်းတွေကို ရေဂျူတီသွားစောင့်ရပါတယ်”

မင်းလှက ဖမ်းဆီးခံထားရတဲ့ NLD ပါတီဝင်တဦးနေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

“အိမ်ကို စာလာကပ်တာက ရဲနဲ့ကျေးရွာအုပ်ချုပ်ရေးမှူးပါ၊ မင်းလှက ရဲအရာရှိပါတယ်။ ရဲက ၃ ယောက်ပေါ့၊ ဦးတင်ဦးကို ဖမ်းတဲ့ပုဒ်မတွေတော့ မသိရဘူး”

ဆိပ်ဖြူ-ပေါက်လမ်းပိုင်းမှာ စစ်ကား ၁ စီးမိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး

"၁၀ မိုင်ဂိတ်ဘက်က စကစတွေ ကားနဲ့လာချိန် မိုင်း ၄ လုံးဆွဲလိုက်တာ။ ကားကတော့ ထိုးရပ်သွားတယ်။ ကားကသုံးမရတော့လို့ မိုင်းဆွဲခံရတဲ့နေရာမှာပဲ ထားရစ်ခဲ့တာ။ သေဆုံးဒဏ်ရာရကိုတော့ ခွေးဘီလူးကားနဲ့လာသယ်သွားတယ်"

လက်ပန်လှကျေးရွာ လေကြောင်းတိုက်ခံရပြီး အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးကာ ၉ ဦးဒဏ်ရာရ

"တိုက်ပွဲလည်း မရှိဘူး။ ရဲစခန်းနဲ့လည်းဝေးတယ်။ ပြည်စိုးအောင်ရပ်ကွက်က လက်ပန်လှ တောင်ဘက် အဝင်မှာရှိတာ။ သပ်သပ်ယုတ်မာပြီး ပြည်သူတွေ ထိခိုက်အောင်လုပ်တာ"

စစ်ကောင်စီယာယီသမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါကြောင့် အစာမစားနိုင်တာနဲ့ ပုံမှန်လှုပ်ရှားနိုင်မှုမရှိလို့ ဆေးခွင့်နဲ့ကုသနေရ

စစ်ကောင်စီလက်ထက် အမည်ခံသမ္မတအဖြစ် ထားရှိထားတဲ့ ဦးမြင့်ဆွေ မှာ အာရုံကြောအားနည်းရောဂါကြောင့် အစားမစားနိုင်တာ၊ နေ့စဉ် ပုံမှန်သွားလာလှုပ်ရှားမှု မလုပ်နိုင်တာတွေကြောင့် နေအိမ်မှာ ဆေးခွင့်နဲ့ဆေးကုသမှုခံယူနေရတယ်လို့ စစ်ကောင်စီက ဇူလိုင် ၁၈ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဖမ်းဆီးထားတဲ့ ချောင်းဦးဒေသခံ ၁၅ ဦးထဲက ၁ ဦးသာပြန်လွတ်လာ

"အဖမ်းခံရသူတွေက စျေးဆိုင်ရောင်းသူတွေ။ သူတို့ကို PDFနဲ့ ဆက်စပ်နေတယ်ဆိုပြီး ဖမ်းသွားတာလို့ သိရတယ်"

သေနတ်ပစ်သင်တန်းသားတွေနဲ့ ရှေ့တန်းရဲဘော်တွေကို ထောက်ပံ့ပေးနိုင်ခဲ့တဲ့ ကျည် ၅၀၀၀ ကမ်ပိန်း (ရုပ်/သံ)

အဲဒီကမ်ပိန်းကို ဇွန် ၅ ရက်ကနေ ဇူလိုင် ၅ ရက်အထိ ၁ လကြာပြုလုပ်ခဲ့တာဖြစ်ပြီး လျာထားချက်မပြည့်မီလို့ ဇူလိုင် ၁၉ ရက်အထိ ထပ်မံပြုလုပ်ခဲ့ရာမှာ ကမ်ပိန်းလျာထားချက်ပြည့်မီခဲ့တာဖြစ်ပြီး အခုလို ထောက်ပံ့နိုင်ခဲ့တာလို့ Kawa People Defense Force-KAWA PDF က တာဝန်ခံက ပြောပါတယ်။

လက်ပစ်ဗုံးဆောင်ထားတဲ့ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

“အုပ်ကြီးက သူနေတဲ့ချောင်းနားရွာကနေ မင်းလှမြို့ကိုသွားတာကို စောင့်ပြီးသေနတ်နဲ့ပစ်ခဲ့တာ။ ဆိုင်ကယ်က စပါး‌တောထဲထိုးကျသွားပြီး ပွဲချင်းပြီးသေတာ“

ရွှေဘိုမှာ စစ်ကောင်စီတပ်ဖွဲ့တွေတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး သေနတ်နဲ့ခဲယမ်းအချို့ရရှိခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က စစ်အုပ်စုကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဝင် ၄ ဦး သေဆုံးပြီး စစ်လက်နက်ပစ္စည်းမျိုးစုံကို သိမ်းယူနိုင်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရွှေဘို)ရဲ့ ပြန်ကြားရေးနဲ့ဘဏ္ဏာရေးတာဝန်ခံ ရဲဘော်ဗလကြီးက ပြောပါတယ်။

အမတ ၃၆၈ က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေပြီး နေအိမ်ပျက်စီးမှုရှိ

"ကျောက်ထု(တပ်) ပတ်လည်ကို ရမ်းသမ်းပစ်ခတ်နေတာပါ။ ညပိုင်းဆို ပစ်တော့တာပဲ။ ရွာထဲက အိမ်ပေါ်ကျပြီးတော့ ပြည်သူတွေ သေဆုံးဒဏ်ရာရခဲ့တယ်။ အိမ်တွေလည်း ပျက်စီးကုန်တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10