၂ နှစ်ကျော်စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင် ၁၀၀ ကျော် သောက်သုံးရေခက်ခဲနေ
"အရင်က ရွာနားကပ်နေတော့ ရေအတွက်ကအဆင်ပြေတယ်။ အခုက ရွာနဲ့အဆင်မပြေဖြစ်တော့ နေရာပြောင်းရွှေ့နေရတော့ ရေအခက်ခဲရှိလာတယ်။ သုံးရေကတော့ အနီးကချောင်းရေတွေနဲ့ သုံးနေပေမယ့် အမှန်တကယ်ဆို မသန့်တဲ့ရေတွေကများတယ်။ သောက်ရေအတွက်ဆို ၃ မိုင်လောက် အကွာထိသွားပြီး ခပ်နေကြရတယ်"