သတင်းတို

ပဲနွယ်ကုန်းမှာ ကောက်ရတဲ့ ဗုံးသီးနဲ့ ဆော့ကစားသူ ဗုံးကွဲလို့ ပွဲချင်းပြီသေ၊ ၅ ဦးဒဏ်ရာရ

"ကောက်ရတဲ့ဗုံးကို ပိုက်လုံးထဲထည့်ပြီး လှုပ်ကစားတယ်လို့ သိရတယ်။ ဗုံးပေါက်တော့ သူရော အနားမှာရှိနေတဲ့သူတွေရော ထိကုန်တာ"

စစ်တပ်က ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ဒဏ်ရာတွေနဲ့ မတ္တရာသံဃနာယက အတွင်းရေးမှူးဆရာတော် ပျံလွန်

" သေလောက်ပြီထင်ပြီး အလောင်းလာပစ်သွားတာ။ ရိုက်နှက်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေပါတယ်လို့ သိရပါတယ်။ ဆရာတော်ကမသေဘဲ ဒကာ၊ဒကာမတွေက ကောက်ပြီး တိုးတိုးတိတ်တိတ် ဆေးကုပေးနေကြတာကနေ အခုမှပျံလွန်တာ"

ပြည်သူ့စစ်ဖွဲ့ဖို့ဖိအားပေးနေတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦး သေနတ်ပစ်ခံရပြီး ၁ ဦးသေ

" စောင့်ပစ်တဲ့အချိန်မှာ နိုင်ကြီးက အရင်လာတာ အရှိန်များတော့ တည့်မထိဘဲ ရှပ်မှန်တာလောက်ပဲ ဖြစ်သွားတယ်။ အုပ်ကြီးကျတော့ တည့်တည့်မှန်တာ၊ နှစ်ယောက်စလုံး ဆိုင်ကယ်လဲသွားပေမယ့် နိုင်ကြီးကို ထပ်ပစ်ဖို့အချိန်မရဘဲ ပြန်ဆုတ်လာရတာ"

စစ်ကိုင်းနယ်စပ်အနီးက မဘိမ်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

“စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေများစွာလုပ်တယ်။ လေယာဉ်ဗုံး ၁၀၀ ဝန်းကျင် လည်းကြဲချတယ်၊ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာ၊ ရန်သူဖမ်းမိတာတွေလည်း ရှိတယ်၊ ရဲစခန်းအလံဖြူပြတယ်ဆိုတာတော့ မဟုတ်ဘူး။ ၂ နေရာ ထိုးစစ်ဆင်ပြီး ပြင်းပြင်းထန်ထန် တိုက်ခဲ့ရတာ”

ဂန့်ဂေါမှာ လက်နက်ကြီးစထိပြီး ၁၀ နှစ်အရွယ်ကလေးနဲ့ မိခင်ဖြစ်သူသေဆုံး

“ကလေးအမေကတော့ ပွဲချင်းပြီးသေသွားတယ်။ ကလေးကတော့ ဆေးကုဖို့သွားရင်း လမ်းမှာပဲ သေသွားတယ်။ အခုချိန်ထိတော့ သင်္ဂြိုဟ်တာတွေမလုပ်ရသေးဘူး။ ဒဏ်ရာရသွားတဲ့ ၂ ယောက်ကလည်း မစိုးရိမ်ရတော့ပါဘူး”

ခင်ဦးမြို့ပေါ် တပ်စွဲနေတဲ့နေရာတွေနဲ့ မဒေါင်းလှရွာအထိုင်စခန်းကို ဒရုန်းဗုံးချတိုက်ခိုက်မှု စစ်သား ၃ ဦးသေ၊ ၄ ဦးဒဏ်ရာရ

“ ခင်ဦးဆေးရုံ မုခ်ပေါက်ဘန်ကာမှာချတုန်းက သူတို့ထောင်ထားတဲ့ မိုင်းတွေအပေါ်ကို ဗုံးသီးတည့်တည့်ကျပြီး ဗုံးသီးကွဲတဲ့အသံအပြင် နောက်ထပ်မိုင်း ၃ လုံးပါဆက်ပြီးကွဲတဲ့အသံကြားတယ်”

ဖမ်းမိတဲ့သစ်တွေကို ပအဖက လေလံတင်ပြီး သစ်ကုန်သည်တွေဆီကို ပြန်ရောင်း

“လေလံဆွဲမယ်ဆိုတာ စကားလှလေးပဲ သုံးလိုက်တာပါ၊ သစ်ကိုဖမ်းတယ် ပိုက်ဆံနဲ့ ပြန်ရွေးဆိုတဲ့ သဘောပါပဲ၊ သစ်သမားတွေလုပ်နေတာကြာပြီ မဖမ်းဘူး၊ ခုမှရုတ်တရက်ကြီး ကောက်ဖမ်းတာ၊ ရပ်ကျေးတွေနဲ့ ပြဿနာဖြစ်လို့လားမသိ၊ လေလံဆိုတာက လူကြားကောင်းအောင်ပဲပြောတာပါ၊ တကယ်က ပိုင်ရှင်ကိုပဲ ပြန်ရောင်းစားတာ။”

လက်အောက်စစ်သားတွေ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်နေဖို့ စစ်ခေါင်းဆောင် သတိပေး

ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ဖို့ တဦးချင်းကျန်းမာကြံ့ခိုင်မှုရှိနေရမှာဖြစ်ပြီး အမြဲတမ်းတိုက် ပွဲဝင်အသင့်ဖြစ်စေရေးအတွက် လေ့ကျင့်နေရမှာဖြစ်ကြောင်း၊ ဒါ့အပြင် ပေးအပ်တဲ့အမိန့်နဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန်လိုကြောင်းနဲ့ စည်းစည်းလုံးလုံးနေကြဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒေသခံနေအိမ်ကို သိမ်းပြီး တပ်စွဲနေတဲ့စစ်အုပ်စု ဗုံးချတိုက်ခိုက်ခံရ

“ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချပြီး တိုက်ခိုက်ခဲ့တာ၊ အတွင်းသတင်းပေးချက်အရ ၄ ကောင်သေတယ် သိရတယ်”

စစ်ကြောင်းကို မိုင်းဆွဲဖို့သွားတဲ့ PDF တပ်စိတ်မှူး တိုက်ခိုက်ခံရပြီးကျဆုံး

“ကျဆုံးရဲဘော်ရဲ့ အလောင်းကိုသယ်နိုင်ခဲ့ပြီး သူ့ရဲ့ဈာပနအခမ်းအနားလုပ်ဖို့ ပြင်ဆင်နေပါတယ်” လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၈၊ ဓါးမဆိုင်းတပ်မတော် (D.M.S.A) ဗိုလ်စွမ်းက ပြောပါတယ်။

ဘုတလင်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ကျောင်းဆောင် ၁ ခုလှူဒါန်း

"ကျွန်တော်တို့အနေနဲ့ အညာဒေသရဲ့ လိုအပ်ချက်တခုကို တတ်နိုင်သလောက် လှူဒါန်းပေးဖြစ်တာပါ။ အိုဟောင်းနေတဲ့ အဆောင်မှာ စာသင်နေရတယ်။ ကလေးတွေမှာ စာအုပ်၊ စာရေးကိရိယာတွေ လိုအပ်ချက်တွေ ရှိနေပါတယ် "

စစ်တပ်က ၁၂ ရက်အတွင်း နေအိမ် ၁၀၀ ကျော်ကို မီးရှို့၊ ပြည်သူ ၁ ဦးကို ပစ်သတ်

”အကြောင်းမဲ့ မီးရှို့တာ။ ရွာတွေမှာကလည်း သူတို့ကြောင့် မနေရဲလို့ ရှောင်နေတာ ၇ လလောက်ရှိပြီ။ တော်တော် ယုတ်မာတာ။ အညာဘက်က **တွေလို့ခေါ်တာ မရိုင်းဘူး“

ပခုက္ကူမှာ ဘန်ကာပြင်နေတဲ့ စစ်သားတွေကို ဒရုန်းနဲ့တိုက်ခိုက်၊ ၁ ဦးသေ ၃ ဦးထက်မနည်းဒဏ်ရာရ

“(စစ်ကောင်စီဘက်က) ၁ ကောင်သေတယ်။ ၃ ဦးထက်မနည်းထိခိုက်ဒဏ်ရာရတယ်။ ထောက်ပို့တွေ ပြည်သူတွေပြောပြချက်အရ သိရတာပါ။ အဲ့ဒီဂိတ်ကို နာရေးကား ၁ စီးရောက်လာတယ်။ နာရေးကားနဲ့ သေဆုံးတဲ့အလောင်းနဲ့ ဒဏ်ရာရသူတွေကို ပခုက္ကူမြို့ထဲ ပြန်သယ်သွားတယ်”

စစ်အုပ်စုဖမ်းသွားတဲ့ ပြည်သူထဲက သေဆုံးအလောင်း ၁ လောင်းထပ်တွေ့ပြီး ၁၀ ဦးပျောက်ဆုံးနေ

“သူတို့(စစ်ကောင်စီ) တညအိပ် တပ်စွဲခဲ့တဲ့ ရွာကခွာသွားတော့ နယ်မြေရှင်းလင်းရေးအဖွဲ့တွေက သူတို့ဘာလုပ်ခဲ့လဲကြည့်ဖို့ ပြန်ကပ်ကြတဲ့အချိန်မှာ အလောင်းတွေ့တာ။ လည်ပင်းမှာ ခုတ်ဖြတ်ခံရတဲ့ ဒဏ်ရာနဲ့ တွေ့ရတယ်။”

ထင်းမီးဖိုကတဆင့် နေအိမ်မီးလောင်လို့ မွေးကင်းစ ရက်သားမိန်းကလေးငယ် ၁ ဦးသေဆုံး

" ပုခက်ထဲအိပ်နေတဲ့ ကလေးကို အကြီးဆုံး ၅ နှစ်သားကလေးနဲ့ အိမ်စောင့်ထားခဲ့ပြီး အလတ်ကလေး ၂ ယောက်ကို သူ့အဒေါ်အိမ်ဆိုလားမသိဘူး သွားပို့တာ။ အဲ့ဒီအချိန်မီးထလောင်ပြီး ပုခက်ထဲက ၁၅ ရက်သား ကလေးက မီးထဲပါသွားတာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10