သတင်းတို

ရွှေဆိုင်ပိုင်ရှင်အိမ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း ၂၀၀ နဲ့ ရွှေထည်ပစ္စည်းတွေပါသွား

“ကောင်လေးက အသက်မသေရုံပဲကျန်တယ်။ ဦးခေါင်းတွေလည်း ရိုက်ခံရတယ်။ ပြင်းပြင်းထန်ထန် ခံရတယ်တော့ ကြားတယ်။ ငွေသိန်း ၂၀၀ လောက်နဲ့ ရွှေထည်တွေလည်း ပါသွားတယ်။ အလေးချိန်တော့ မသိရသေးဘူး”

ဒိုက်ဦးမှာ ပြည်သူစစ်ထဲဝင်ဖို့ အမျိုးသမီးတွေပါ ဖိအားပေးခံနေရ

"ခုက အမျိုးသားတွေမပေးနိုင်ရင် အမျိုးသမီးတွေက ဝင်ရမယ်ဆိုပြီး ပြောလာတယ်။ အမျိုးသား အချို့ကလည်း ပြည်သူစစ်ထဲဝင်ရမှာစိုးလို့ အခြား(ဒေသ)ကို ထွက်ကုန်တာဆိုတော့ အမျိုးသမီးတွေကို အကြပ်ကိုင်လာတဲ့သဘောပဲ"

အောက်ချင်းမောင်နှံလို့ တင်စားခံရတဲ့ လင်မယား ၂ ဦး ၁ ရက်ခြားပြီး ကွယ်လွန်

"လင်မယားနှစ်ယောက်က ဘယ်သွားသွား၊ ဘာလုပ်လုပ် အတူသွား အတူလာပဲ။ စျေးသွား၊ ဘုန်းကြီး ကျောင်းသွားလည်း တူတူပဲ။ ကျန်းမာရေးကောင်းတဲ့အချိန်ထိ တူတူတွေ့ရတတ်တယ်။ ခုလည်း အမျိုးသမီး ဆုံးသွားတော့ အဖိုးလည်း စိတ်ထိခိုက်ပြီးဆုံးသွားတာနေမယ်"

နွားထိုးကြီးက ၂ ရက်တာတိုက်ပွဲမှာ PDF ၁ ဦးနဲ့ စစ်သား ၅ ဦးသေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှာ မြင်းခြံအခြေစိုက် တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၅ က စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးနဲ့ ကာကွယ်ရေးရဲဘော် ၁ ဦးသေဆုံးခဲ့တယ်လို့ Myingyan District Army - 4 Natogyi PDF ဆီက သိရပါတယ်။

အာဏာသိမ်း ၃ နှစ်ပြည့်နီးကပ်ချိန် နေပြည်တော်မှာ လုံခြုံရေးအထူးတင်းကျပ်

“ စစ်ရုံးထဲက ရုံးတော်တော်များများက တပ်ကြပ်ကြီး/စာရေးတွေ အကုန်ထုတ်ပြီး လုံခြုံရေးထွက်နေရတာ ၄ ၊ ၅ ရက်လောက်ရှိပြီ။ ရုံးတွေမှာ ဦးစီးအရာရှိနဲ့ ရုံးအုပ်တွေလောက်ပဲ ကျန်တယ်။ ကိုယ့်အချိန်ပြီးလို့ ရုံးထဲက လိုင်းခန်းတောင်ပြန်လို့မရဘူး၊ အမြဲတမ်းအသင့်ပုံ စောင့်နေရတာ ”

အုတ်ဖိုမြို့နယ် ကျေးရွာ ၄ ရွာက ဒေသခံတွေကို စစ်တပ်နှင်ထုတ်လို့ ဒေသခံတွေထွက်ပြေးနေရ

“စစ်တပ်က ရွာကိုလာပြီး ရွာမှာ မနေဖို့ မောင်းထုတ်တာပါ။ သူတို့ မနေခိုင်းတော့လည်း ကြံဖန်လုပ်ကိုင် စားသောက်ရမှာပေါ့။ ရိတ်သိမ်းကာနီး မတ်ပဲခင်းတွေတော့ ထားခဲ့ရတယ်”

ရှမ်းမြောက်မှာ လက်နက်ချ၊ ဖမ်းဆီးခံရတဲ့ ဗိုလ်မှူးချုပ်တွေနေရာကို လူစားထိုးခန့်

ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ဒေသ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)ကနေ လက်နက်ချလာသူတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ဗိုလ်မှူးချုပ်တွေရဲ့နေရာကို စစ်ကောင်စီတပ်က အစားထိုးခန့်အပ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သရက်မှာ ဆက်ကြေးကောက်ပြန်လာတဲ့ ရဲ ၄ ဦး တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

"ဒီကောင်တွေ ဆက်ကြေးကောက်ပြန်လာတာသိလို့ တိုက်ခဲ့တာပါ။ အရာရှိနဲ့ ရဲ ၁ ဦးက နေရာမှာ ပြန်မပစ်နိုင်ဘဲ သေသွားတယ်။ ကျန်တဲ့ ရဲ ၂ ယောက်က ထွက်ပြေးသွားတယ် "

နွားထိုးကြီးမှာ စစ်ကောင်စီဘက်က ကား ၃ စီးမိုင်းဆွဲခံရပြီး ၁ စီးကို PDF မီးရှို့ (ရုပ်/သံ)

ဇန်နဝါရီ ၁၇ရက် နေ့လယ် ၁၁နာရီလောက်မှာ ဖောင်ချဥ်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒဏ်ရာရသူတွေသယ်လာတဲ့ကားကို နဘူးအိုင်နဲ့ဝက်လူးလမ်းပိုင်းမှာ မိုင်းဆွဲခဲ့တဲ့ အပြင် နောက်ထပ်စစ်ကူလာတဲ့ ကား ၂ စီးကိုပါ မိုင်းထပ်ဆွဲခဲ့တာလို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ ဒုတာဝန်ခံက ပြောပါတယ်။

စစ်အုပ်စုဖမ်းဆီးသွားတဲ့ ပြည်သူတွေထဲက တချို့ကို ခေါင်းတခြားကိုယ်တခြား သေဆုံးလျက်ပြန်တွေ့

“ လက်ရှိ အလောင်း ၄ လောင်းတွေ့တယ်၊ အမျိုးသား ၃ ဦးကိုတော့ ခြေတွေလက်တွေ ခေါင်းတွေအကုန် ဖြတ်ပြီးတော့သတ်ဖြတ်ထားတယ်။ ခြေလက်တွေ တစစီ ပစ်ကျဲထားတာမျိုး တွေ့ရတယ်၊”

အင်းတကော်ကဆီဆိုင်မှာ ရေတင်တဲ့စက်နှိုးရာက မီးလောင်မှုဖြစ်ပြီး စက်နှိုးတဲ့ဝန်ထမ်း သေဆုံး

"ဓာတ်ဆီတွေဆိုတော့ အငွေ့တွေက ပျံ့နေတာဖြစ်လောက်တယ်။ မီးစက်နှိုးချိန်မှာ မီးပွားထွက်တော့ မီးကူးသွားပြီးလောင်တာ။ ကောင်လေးကတော့ မီးလောင်ဒဏ်ရာနဲ့ ဆုံးသွားတယ်"

၁ နှစ်တာတိုက်ပွဲ ၄,၀၀၀ ကျော်အတွင်း စစ်သား ၅,၀၀၀ ကျော်သေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၅၀ ကျော်သေဆုံးကြောင်း KNU ထုတ်ပြန်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ ၂၀၂၃ အတွင်း တိုက်ပွဲပေါင်း ၄,၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅,၀၀၀ ဦးကျော် သေဆုံးခဲ့တယ်လို့ ဇန်နဝါရီ ၁၈ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

အာဏာသိမ်း ၃ နှစ်ပြည့်မှာ စစ်ကောင်စီဆန့်ကျင်ရေး နည်းပေါင်းစုံနဲ့လူထုပါဝင်ဖို့ နှိုးဆော် (ရုပ်/သံ)

မကြာခင်မှာကျရောက်မယ့် ၂၀၂၄ ခုနှစ် ဖော်ဝါရီလ ၁ ရက်နေ့ဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းခံရတာ ၃ နှစ်ပြည့်ဖြစ်လို့ လူထုက နိုင်ရာတာဝန်ထမ်းရင်း ပါဝင်ပေးဖို့ လှုံဆော်ခဲ့တယ်လို့ ရွာပေါင်းစုံ သပိတ်ကော်မတီဝင် ကိုသက်ဦးက ပြောပါတယ်။

မတ္တရာမြို့နယ်က ပြည်သူတွေ ဗုံးခိုကျင်းတူးကြရန် ခရိုင်ပကဖ သတိပေး

"ပြည်သူတွေကလည်း ပေါ့ဆကြတယ်။ သူတို့ကို ဘာမှ မလုပ်လောက်ပါဘူးလို့ ထင်တာ။ အရှေ့ခြမ်းက ပြည်သူတွေက ပိုဆိုးတယ်။ အခုက မဖြစ်မနေ ဗုံးခိုကျင်းတူးရမယ့် အခြေအနေဖြစ်နေပြီ။ စစ်ကြောင်းလာရင်လည်း ရှောင်ကြတိမ်းကြဖို့ သတိပေးချင်ပါတယ်"

မိတ္ထီလာမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်ရာက ၁ ဦးသေဆုံး

"ကျောင်းမှာက စုံညီ(ပွဲတော်) လုပ်နေကြတာ။ အထိုးခံရတဲ့ ကျောင်းသားကလည်း အပြင်အရပ်ဝတ်နဲ့ဘဲ။ ကျောင်းဝတ်စုံမဝတ်ထားဘူး။ ထိုးတဲ့ကလေးကလည်း ထိုးပြီး ထွက်ပြေးသွားလို့ ပတ်ဝန်းကျင်အပြောအရ ကျောင်းသားလို့ဘဲ သိရတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10