သတင်းတို

ယင်းမာပင်တွင် ပြည်သူ့အခြေပြုစာသင်ကျောင်း ၅ ကျောင်းကို စာရေးကိရိယာနဲ့ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့

"ကျောင်းတွေက မူ၊ လယ်၊ ထက် ကျောင်းအစုံပါတယ်။ ကလေးတွေမှာ မပြည့်စုံတော့ ကူညီပေးရတာပါ။ ကျောင်းအတွက် သင်ထောက်ကူပစ္စည်းတွေလည်း ပါပါတယ်"

တပ်မတော်နေ့ကို မထောက်ခံတဲ့အနေနဲ့ ချောက်မြို့ပေါ်မှာ PDF က မိုင်းခွဲ

“ထိခိုက်မှုကတော့မရှိပါဘူး၊ စစ်ကောင်စီကလုပ်တဲ့ တပ်မတော်နေ့ကို ကျနော်တို့က မထောက်ခံတဲ့ အတွက် ပြည်သူတွေလည်း အန္တရာယ်မထိခိုက်ရလေအောင် လူရှင်းတဲ့အချိန် မိုင်းဆင်ပြီးတော့ အဝေးထိန်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်”

PDF စခန်းအခြေအနေကိုစုံစမ်းလေ့ရှိတဲ့ စစ်တပ်သတင်းပေးဆိုသူ ပစ်သတ်ခံရ

“ဦးတင်စိုးက တောထဲကို ထင်းတိုက် ဝါးတိုက်ဟန်ဆောင်ပြီး ရောက်လာလို့ စစ်မေးဖို့ဖမ်းဆီးချိန် ထွက်ပြေးဖို့ကြိုးစားလို့ ပစ်သတ်ခဲ့ရတာပါ” လို့ Phoenix DF မှ တပ်ခွဲမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။ ကိုတင်စိုးဟာ PDF စခန်းအခြေအနေကို သုံးကြိမ်ထက်မနည်း စုံစမ်းမှုတွေလုပ်ခဲ့ပြီး သက်သေ အထောက်အထား ခိုင်လုံမှသာ ခုလိုရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"အိမ်ဆောက်ပြီးလို့ ၁၅ ရက်ပဲရှိသေးတယ် အကုန်ကုန်ပဲ"  (ရုပ်/သံ)

စစ်ကြောင်းပြန်ထွက်သွားလို့ အသက်ဘေးလွတ်မြောက်သွားတဲ့ ပြည်သူတွေဟာ ရွာထဲက စာသင်ကျောင်းတွေမှာ ခိုကပ်နေရကြပြီး ပြာပုံထဲက သံတိုသံစတွေကို ရသလောက် လိုက်ကောက်ကာ ပိဿာချိန်နဲ့ ပြန်‌ရောင်းကြပြီး ကလေးငယ်တွေအတွက် မုန့်ဖိုးရှာနေကြတာပါ။

မင်းလှက စစ်တပ်သတင်း‌ပေးဆိုသူ သေနတ်နဲ့ ၁၂ ချက် ပစ်ခံရပြီးသေဆုံး (ရုပ်/သံ)

မင်းလှမြို့၊ စက်ကြီးတန်းလမ်းမှာနေတဲ့ ကိုမျိုးမြင့်အောင် (ခ) အောင်အောင်ကို မတ် ၂၆ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်လောက်မှာ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တပ်ခွဲ ၃ နဲ့ မင်းလှ ပကဖ က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပြည်မြို့မှာ ယာဥ် ၃ စီးတိုက်မှုဖြစ်ပြီး ၂ ဦးသေ ၇ ဦးဒဏ်ရာရ

"အရှိန်များပြီးဝင်တိုက်တာလို့ သိရတယ်။ သုံးဘီးပေါ်ပါသူတွေရော စျေးရောင်း၊ စျေးဝယ်နေသူတွေရော ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်"

သေနတ်နဲ့ဝင်ပစ်ချိန်ထွက်ပြေးသွားတဲ့ အုပ်ချုပ်ရေးမှူးရဲ့ သေနတ်နဲ့ကျည်တွေ PDF သိမ်းဆည်း

“ ‘အုပ်ကြီးထွက်ခဲ့’ဆိုပြီး အိမ်ထဲဝင်ပစ်တာ။ သူကလည်း ပြန်ပစ်ရင်းထွက်ပြေးတာမှာ အိမ်နောက်ဖေးခြံစည်းရိုးတိုင်နဲ့ သေနတ်လွယ်ကြိုးက ငြိပြီးကျန်ခဲ့တာ”

ပုလဲမှာ စစ်မှုမထမ်းလိုတဲ့ပြည်သူတွေ နေထိုင်နိုင်ရန် ပအဖ ပြင်ဆင်၊ မိသားစုတစုကို စတင်လက်ခံ

" ဒီမိသားစုတစုက ပထမဆုံး ဆက်သွယ်အကူအညီတောင်းလာတာပါ။ ပအဖနဲ့ ပကဖ တွေဆီလည်း ဆက်သွယ်နေတာတွေ ရှိပါတယ်။ အုပ်ချုပ်ရေးယန္တရားအဖွဲ့တွေဆီ လက်ခံစောင့်ရှောက်ဖို့လည်း တင်ပြထားပါတယ်"

၅ ရက်ကြာပျောက်နေတဲ့ အသက် ၇၀ ကျော်အရွယ် အဖိုးတဦးကို သေဆုံးလျက်ပြန်တွေ့

"ဘယ်နေ့ကတည်းက သေနေတယ်ဆိုတာတော့မသိရဘူး။ ပျောက်နေတာလည်းကြာပြီဆိုတော့။ ပြင်ပ ဒဏ်ရာတွေတော့မတွေ့ရဘူး။ တောထဲမျက်စိလည်ပြီး အာဟာရပြတ် သေဆုံးတာ ဖြစ်နိုင်တယ်"

ကာလရှည် စစ်ရှောင်ပြည်သူတွေကို စားသောက်ကုန်များထောက်ပံ့၊ မိုးတွင်း ဆန်ပြတ်မှာ စိုးရိမ်နေကြ

" အလုပ်လည်း မရှိတော့ ဝင်ငွေမရှိကြဘူးပေါ့။ စားဖို့အတွက် ခက်ခဲနေလို့ ကူညီပေးဖြစ်တာပါ။ သူတို့အတွက် ဆန်အဓိက လိုအပ်နေပါတယ် "

အညာမှာ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ဆန္ဒပြ (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ခဲ့တယ်လို့ ပါဝင်သူတဦးဖြစ်တဲ့ မချောစုဟန်က ပြောပါတယ်။

မင်းလှက စစ်တပ်သတင်း‌ပေးဆိုသူ သေနတ်နဲ့ ၁၂ ချက် ပစ်ခံရပြီးသေဆုံး

သူဟာ ဒေသတွင်း တော်လှန်ရေးအဖွဲ့ တွေနဲ့ပက်သက်တဲ့သတင်းတွေကို စစ်တပ်ဆီသတင်းဖမ်းဆီးခိုင်းတာတွေလုပ်သလို လက်နက်ကိုင်ဆောင်ထားသူလည်း ဖြစ်တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြည်သူတဦးရဲ့လှူဒါန်းငွေနဲ့ ချောက်ပြောက်ကျားတပ်ဖွဲ့က AK 47 တလက်ဝယ်နိုင်ခဲ့

“CGF တပ်ဖွဲ့မှာ လက်နက်တွေ လိုအပ်ချက်ရှိပါတယ်။ အမာခံထောက်ပံ့နေတဲ့ ပြည်သူတဦးက AK 47 သေနက် ၁ လက်ကို သိန်း ၂၅၀ နဲ့ ဝယ်ယူပြီးတော့ လှူဒါန်းပေးခဲ့တာပါ။“ လို့ Chauk Guerrilla Force(C.G.F) တာဝန်ခံ ကိုဘကွန်းက ပြောပါတယ်။

မတ္တရာအနောက်ခြမ်းကို စစ်ကြောင်း ၃ ခုတပြိုင်တည်းဝင်ပြီး နေအိမ်အချို့ကိုမီးရှို့ခဲ့

"အမျိုးသမီးတွေကို ထိုင်ခိုင်းပြီး အဲဒီအမျိုးသမီးတွေဆီက ရွှေ၊ငွေနဲ့ ဖုန်းတွေယူသွားတယ်လို့ သိရတယ်။ အရေအတွက်အတိအကျတော့ မသိရဘူး"

ဗျူဟာသင်တန်းဆင်း PDF တွေကို ပြည်သူတွေကကြိုဆို၊ တိုက်ပွဲပြန် PDF တွေနဲ့အတူ မုန့်ဖိုးပေး (ရုပ်/သံ)

ပြည်သူတွေက သင်တန်းဆင်းရဲဘော်တွေနဲ့ တိုက်ပွဲပြန်ရဲဘော်တွေကို အောင်သပြေပန်းတွေနဲ့ ဝမ်းပန်တသာ ကြိုဆိုနေကြသလို ဆုငွေပေးတာ၊ ဖျော်ရည်မျိုးစုံလည်း လက်ဆောင်ပေးကြတယ်လို့ တာဝန်ခံ ဗိုလ်စွမ်းက ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10