သတင်းတို

ပြည်သူတွေဆီက ပိုက်ဆံတောင်းနေတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေပြီး လက်နက်အချို့သိမ်းဆည်းနိုင်

"ပြည်သူတွေဆီက မတရားငွေကောက်နေလို့ တိုက်ခိုက်ခဲ့တာပါ။ ခြုံခိုတိုက်တဲ့ တိုက်ပွဲအဆင့်သာ ဖြစ်တယ်။ စစ်သား ၁ ယောက်သေတယ်"

နတ်တလင်းမှာ အချိန်အခါမဟုတ် မိုးသက်လေပြင်းတိုက်လို့ နေအိမ်အဆောက်အဦတွေပျက်စီးမှုရှိ

“တာပွန်မြို့မှာတော့ လေတိုက်တာအရမ်းမဆိုးဘူး။ မိုးလောက်ပဲရွာတာ။ တာပွန်မြို့နားက ရွာတွေကတော့ တော်တော်ဆိုးတယ်။ အိမ်အမိုးတွေလန် ဓါတ်တိုင်တွေကျိုးပြီး သစ်ပင်တွေပါ လဲကုန်တာ။ လူတော့အန္တရာယ်မရှိဘူး”

အထက်မင်းလှ၊ ရှမ်းတပ်ရဲစခန်းကို PDF တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာရဟုဆို

“စခန်းသိမ်းဖို့ ရည်ရွယ်ချက်မရှိပေမယ့် ထိရောက်မှုရှိအောင် မီတာ ၁၀၀ ဝန်းကျင်က ပစ်ခဲ့တာ။ နောက်ဆက်တွဲ စုံစမ်းလို့ သိရတာက ၂ ယောက်က အပြင်ဆေးရုံတွေ မပို့ဘဲ ကြိတ်ကုတာ။ ၂ ယောက်သေသွားပြီးတော့ စခန်းထဲမှာရှိတဲ့ မိသားစုဝင် ၁ ယောက်အပြင် ကျန်တဲ့ ၄ ယောက်နဲ့ စုစုပေါင်း ၅ ယောက်ဒဏ်ရာရတယ်”

မိုင်းဆွဲခံရတဲ့ စစ်အုပ်စုက ပြန်ပစ်လို့ အမျိုးသား ၂ ဦးသေဆုံး

"အဲ့ဒီဘက်ခြမ်းမှာ မိုင်းကွင်းတွေက ဆင်ပြီးသားပါ။ မနေ့က စကစ အဖွဲ့တွေလာတော့ မိုင်းဆွဲခဲ့တာပဲ ရှိတယ်။ ပြန်လည်ပစ်ခတ်တာတွေ ကျနော်တို့ဘက်က မလုပ်ခဲ့ဘူး။ သူတို့ဘက်ကပဲ ပစ်ခတ်သွားတာ"

၅ ရက်ကြာခဲ့တဲ့ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲမှာ CDF-KKG ရဲဘော် ၄ ဦးတိုက်ပွဲကျ

“ စစ်ကောင်စီကတော့ စခန်းစွန့်ခွာသွားပြီ၊ စခန်းကို အပိုင်သိမ်းနိုင်းခဲ့တယ်။ ကျဆုံးရဲဘော်တွေရဲ့ ဈာပနလုပ်တာတော့ ရက်တွေမတူဘူး။ နောက်ဆုံးလုပ်ဖြစ်တာကတော့ ၁၅ ရက်နေ့ကပါ"

ပေါင်းတည်မှာ ရဲတပ်သားတဦးနဲ့ မိခင်အပါ ပြည်သူတချို့ကို စစ်တပ်က ဖမ်းဆီး

“ကြားတဲ့ သတင်းက အာကာဖြိုးကိုမဖမ်းခင် သူ့အမေဆီကို ရဲနဲ့ စစ်သားတွေက သွားပြီး သူ့အဖေရဲ့ ဖုန်းနံပတ် တောင်းတာမှာ သူ့အမေက သား(ရဲ)ဆီမှာရှိတယ်လို့ ပြောလိုက်လို့ ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) တပ်ဖွဲ့ဝင်တွေက ရဲစခန်းကနေဖမ်းသွားတာ“

မြိုင်က ကန်နီရွာ တိုက်ခိုက်ခံရလို့ ပျူ ၁ ဦးသေပြီး စစ်သား ၁ ဦးဒဏ်ရာရ

“ကျနော်တို့ မနက် ၅ နာရီလောက်ကတည်းက နေရာယူထားကြတယ်။  လောလောဆယ် သေဆုံးမှုကို အတည်ပြုရတာကတော့ တယောက်တော့သေဆုံးတယ်။ တယောက်ကတော့ ခြေပြတ်သွားတယ်။သေသွားတဲ့ သူကိုလည်း ဒီနေ့မှာပဲ တခါတည်း သင်္ဂြိုဟ်ဖို့ပြင်ဆင်နေတယ်”

ပခုက္ကူခရိုင်အတွင်းက ရဲဘော် ၄၃ ဦးကို မြိုင်ပကဖ က ကိုယ်ထူကိုယ်ထနဲ့ လက်နက်တပ်ဆင်ပေးနိုင်

“ သင်တန်းတက်တာက ရဲဘော် ၈၀ နီးပါးတက်တယ်။ သင်တန်းစည်းကမ်းချက်နဲ့ မကိုက်ညီတာတွေ ကျန်းမာရေးမကောင်းတာတွေရှိတော့ ရွေးချယ်ပြီး လက်နက်တပ်ဆင်ပေးနိုင်တာကတော့ ၄၃ ဦးရှိတယ် “

ရေတာရှည်မှာ ကြံခိုင်ရေးပါတီဝင်အမျိုးသမီး ၁ ဦး အသတ်ခံရ

" သူ့အလောင်းမတွေ့ခင် တရက်က လာဖမ်းသွားကြတာ။ သူက တယောက်တည်းနေတာ များတယ်။ ကြံ့ ခိုင်ရေးပါတီဝင်လည်းဖြစ်တော့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့လည်း နီးစပ်မှုရှိတယ်"

ပြည်သူ့စစ်ကိစ္စနဲ့ ဖခင်က သားကို ဓါးနဲ့ခုတ်သတ်၊ ပြည်သူ့စစ်မဲပေါက်သူရဲ့ ဇနီး မူးမေ့ပြီး ဆေးရုံရောက်

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ ပြည်သူ့စစ်(ပျူစောထီး)စုဆောင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖခင်က သားဖြစ်သူကို ဓားနဲ့ ခုတ်သတ်ခဲ့သလို ပြည်သူ့စစ်မဲပေါက်သူအမျိူးသား ၂ ဦးရဲ့ ဇနီးတို့လည်း မူးမေ့လဲကျကာ ဆေးရုံတင်ပြီး ဆေးကုလိုက်ရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ပခုက္ကူမှာ မဟာမိတ်ညီနောင် ၃ ဖွဲ့ကို ဆန့်ကျင်ဆန္ဒပြတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ

အဲ့ဒီ့ဆန္ဒပြပွဲကို အင်အားဖြည့်သွားရောက်ခဲ့ကြတဲ့ အနောက်ဘုန်းကံကျေးရွာက ပျူစောထီးခေါင်းဆောင် မင်းဇော်ဦးအဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေနေထိုင်ကြတဲ့နေရာတွေကို ဇန်နဝါရီ ၁၄ ရက် ညနေ ၅ နာရီကျော်မှာ Rocket ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ကောလင်းမြို့ပေါ်ကို ခမရ ၁၂၀ က လက်နက်ကြီးနဲ့ပစ်လို့ နေအိမ် ၂ လုံးမီးလောင်

ခမရ ၁၂၀ တပ်ရင်းနဲ့ ၁၀ မိုင်အကွာရှိ ကောလင်းမြို့ပေါ် မြောက်အင်းရပ်ကွက်က နေအိမ်တလုံးနဲ့ မြို့နယ်ထွေအုပ်ရုံးအနီးက နေအိမ်တလုံး မီးလောင်ပျက်စီးခဲ့တာပါ။

ပြည်သူ့စစ်ထဲလိုက်မယ့်သူမရှိလို့ ပန်းတောင်းမြို့နယ်ရဲမှူးကိုယ်တိုင်ဆင်းပြီး လူတောင်း

“PDF က ရွာတွေကို ဝင်တိုက်တာလား။ စစ်တပ်စခန်းရှိတဲ့နေရာကို တိုက်တာလားလို့ မေးရင်လည်း အဲ့နေရာမှာတင် ကျတော်တို့ ဆွဲစိခံရမှာ”

ဆားလင်းကြီးမှာ စစ်ကြောင်းထိုးနေလို့ ရွာ ၄ ရွာက ဒေသခံတွေစစ်ရှောင်နေရ

ဒီမနက် ၇ နာရီလောက်မှာ မုံရွာကနေ ဆားလင်းကြီးဘက်ကို ဇက်သင်္ဘောနဲ့ ဖြတ်လာတဲ့ စစ်သား အင်အား ၈၀ လောက်က ဝမ်ပေါင်ကုမ္မဏီအနီးရှိ ဆည်တဲ၊ ဇီးတော၊ ကျောက်ဖြူတိုင်၊ မကျီးတန်း စတဲ့ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေတိမ်းရှောင်နေကြရတာပါ။

ပျူခေါင်းဆောင်အိမ် PDF စီးနင်းတိုက်ခိုက်၊ ၁ ဦးသေ ၃ ဦးဖမ်းမိပြီး သေနတ် ၂လက်ရ

ဇန်နဝါရီလ ၁၅ ရက် မနေ့ ည ၉ နာရီခန့်မှာ အင်အား ၇ ဦးခန့်ရှိ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ကာ သေနတ်ကိုင်ပြီးပြေးဆင်းလာတဲ့ ဦးခင်စိုးကိုတော့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10