သတင်းတို

ယောကာကွယ်ရေးတပ်က ရခိုင်မှာ AA နဲ့အတူ တိုက်ပွဲဝင်၊ အရေးပါတဲ့ ဗျူဟာကုန်းတွေကို သိမ်းပိုက်ထား

"ဆက်လက်ပြီးတော့လည်း ကျနော်တို့က ရက္ခိုင့်တပ်တော်နဲ့အတူ တိုက်ပွဲတွေဖော်ဆောင်သွားဖို့ရှိပါတယ်"

ဝမ်းတွင်းမှာ ယက္ကန်းရုံအလုပ်သမားက တူနဲ့ထုသတ်လို့ ပိုင်ရှင်အမျိုးသမီးအပါ ၄ လောင်းပြိုင်သေဆုံး

"သတ်သွားတဲ့သူက ပိုင်ရှင်ဆီမှာ ဆိုင်ကယ်ဝယ်ဖို့ ငွေချေးထားတယ်တဲ့။ အဲဒါ လကုန်လုပ်ခရှင်းတော့ ချေးထားတဲ့ငွေထဲက အချို့တဝက်ကို ဖြတ်တယ်ပြောတယ်။ အဲဒါနဲ့ပတ်သက်ပြီး စကားများကြတာကို မကျေနပ်လို့ လာပြန်လုပ်သွားတာ"

ပလက်ဝမှာ စကခ ၁၉ စကခမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ကို AA တပ်က ဖမ်းမိထား

စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ကို ပလက်ဝမြို့အနောက်ဘက် ရေတံခွန်တောင်ကုန်းအနီးမှာ ဇန်နဝါရီ ၁၂ ရက် ဒီကနေ့ မနက်ပိုင်းမှာ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

အမြန်လမ်းစစ်ဆေးရေးဂိတ်အပါအဝင် ၃ နေရာကို PDF တိုက်ခိုက် (ရုပ်/သံ)

"ကျနော်တို့ စုံစမ်းသိရှိရသလောက်တော့ ပြင်စည်စာသင်ကျောင်းထဲမှာကတော့ ၂ ယောက်သေတယ်။ ထိခိုက်ဒဏ်ရာလည်းရှိတယ်။ အမြန်လမ်းမှာတော့ ထိခိုက်ဒဏ်ရာပဲရတာ မြင်ရတယ်။ ကန်နားရဲစခန်းကတော့ စစ်** ၃ ကောင်သေတယ်။ ရဲ ၄ ကောင်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရတယ်"

ကရင်လူငယ် ၂ ဦးကို စစ်တပ်က ပစ်သတ်

"ကောင်လေးတွေက ခြံကနေ ကွမ်းသီးတွေခူးပြီး သူတို့အိမ်ကိုပြန်ဖို့ တံတားဖြတ်ချိန်မှာ ပစ်ခံရတာ။ ညီအကို ၂ ဦးစလုံး သေသွားတယ်။ အဲ့ဒါကို အလောင်းကောက်ဖို့သွားတဲ့ ပရဟိတသမားတဦးလည်း ဖမ်းဆီးခံလိုက်ရတယ်"

လက်နက်ခဲယမ်းနဲ့အလင်းဝင်လာတဲ့ ချင်းပြည်နယ်က စစ်သား ၃ ဦးကို ဆုငွေသိန်း ၂၀၀ ကျော် ချီးမြှင့်

"စစ်ရေးအရှိန်ကလည်း တလှိုင်းပြီးတလှိုင်းလာနေတယ်။ အလင်းဝင်လာသူတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ ဒါက စစ်ကောင်စီရဲ့ ကျဆုံးခန်းနီးပြီ"

ပျူစောထီးစခန်းကို PDF ဝင်တိုက်၊ စစ်သားနဲ့ပျူ ၁၀ ဦးကျော်သေလို့ ကျေးရွာတွေကို စစ်တပ်ကမီးရှို့

“အဲ့ဒီစခန်းမှာ ပျူနဲ့စခ အင်အား ၃၀ လောက်ရှိတယ်။ ထွက်ပြေးကြတဲ့သူတွေလည်း ရှိတယ်။ မျက်မြင် ၁၁ ယောက်ကျပါတယ်။ ဖမ်းမိတဲ့သူ မရှိခဲ့ပါဘူး။ စခန်းကိုမီးရှို့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း နိုင်ခဲ့တယ်”

ဝေါမြို့နယ်မှာ စစ်တပ်က အတင်းအဓမ္မ မဲနှိုက်ခိုင်းပြီး ပျူစောထီးလုပ်ခိုင်းနေ

"သူတို့အစီအစဥ်က တရွာ ၁၅ ဦး မဖြစ်မနေလုပ်ရမယ်။ ခုက ရွာတွေမှာက လုပ်မယ့်သူမရှိတော့ မဲနှိုက်ခိုင်း နေတယ်။ မဲပေါက်တဲ့အိမ်က ပျူစောထီးလုပ်ရမယ်။ မလုပ်နိုင်ရင် ပိုက်ဆံပေးပြီး လူထည့်ရမယ်။ အတင်းအကြပ်ကို လုပ်နေတာပါ"

မတ္တရာမှာ စစ်တပ်က ဖမ်းသွားတဲ့အမျိုးသမီး ပါးတခြမ်းပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးလျက်ပြန်တွေ့

မတ္တရာမြို့နယ်အနောက်ခြမ်းကို ဇန်နဝါရီ ၉ ရက်က စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်တပ်ဟာ အလည်ရွာကနေ အမျိုးသမီးတဦးကို ဖမ်းဆီးသွားခဲ့ရာ ၃ ရက်ကြာပြီးနောက် ပါးတခြမ်း ပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးလျက်ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မီးဘေးသင့်ပြည်သူတွေကို ကိုရီးယားရောက်မြန်မာတွေ ကျပ်သိန်း ၂၀၀ ထောက်ပံ့

"မီးဘေးသင့်ပြည်သူတွေမှာ ဘာပစ္စည်းမှ မရလိုက်ပါဘူး။ နေထိုင်စားသောက်ဖို့ အခက်အခဲ ရှိနေကြတယ်။ ကျေးရွာပြန်လည်ထူထောင်ဖို့ ကူညီပေးခဲ့တာ”

ဘန့်ဘွေးရွာက ပျူစောထီးတွေကို အင်အားသုံးပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ် (ရုပ်/သံ)

“သူတို့ ထိခိုက်ကျဆုံးမှုတွေတော့ ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ထိခိုက်ကျဆုံးရှိလို့ ကျနော်တို့ဆီ မဲပြီးတော့ စစ်ကြောင်းပုံစံဝိုက်ပြီး ပြန်ထိုးလာတာ။ ဘန့်ဘွေးပျူရွာကို ကျနော်တို့သွားရောက် တိုက်ခိုက် တာ ၁၀ ကြိမ် ၁၅ ကြိမ်လောက်ရှိပြီး။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျနော်တို့ ၄ မြို့နယ်ပေါင်း ပြီးမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကခဲ့ပါတယ်”

လက်နက်မပြည့်စုံလို့ တိုက်ပွဲနားရချိန် မွမ်းမံသင်တန်းတွေ ဆက်တိုက်လုပ်နေတဲ့ ကျားသစ်နက် (ရုပ်/သံ)

ကျားသစ်နက်အဖွဲ့ဟာ လက်နက်အင်အားမပြည့်စုံလို့ တိုက်ပွဲတွေကို ဆက်တိုက်မလုပ်ဆောင်နိုင်သေးတဲ့အတွက် အခုလို တိုက်ပွဲနားတဲ့အချိန်မှာ ရဲဘော်တွေကို လိုအပ်တဲ့ မွမ်းမံသင်တန်းတွေ ပြုလုပ်ပေးနေတာလို့ ကျားသစ်နက်တပ်မတော် တပ်ခွဲမှူး နောက်တိုးက ပြောပါတယ်။

ခင်ဦးမြို့နယ်တွင်တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးထက်မနည်း သေဆုံး

"ခင်ဦးမြို့နယ်ထဲမှာ ပွဲကြီးလိုမျိုး တကယ့်အကြီးကျယ်ကြီးကို မနေ့ကဖြစ်တာ။ ကျွန်တော်တို့ KSO အဖွဲ့ကတော့ ဒရုန်းနဲ့ သွားပူးပေါင်းတာပေါ့ဗျာ"

ပန်းတောင်းမြို့နယ်ကရွာတွေမှာ ပြည်သူ့စစ်အတွက် လူအင်အား အဓမ္မတောင်းနေ

“ပန်း‌တောင်း တမြို့နယ်လုံး ပါတယ်။ မဲပေါက်တဲ့သူက လိုက်ချင်တဲ့သူလိုက် မလိုက်ချင်တဲ့သူက ပိုက်ဆံပေးပြီး လူစားရှာ။ မဲ မပေါက်တဲ့အိမ်ကလည်း သင်တန်းသားတွေကို တရက်ဘယ်လောက်နှုန်းဆိုပြီး ထောက်ပံ့ရမယ်တဲ့။ ရွာသားတွေက ကြောက်လို့သာ ခေါင်းညိမ့်နေရတာ စိတ်ထဲမှာ ဘယ်သူမှ လက်မခံဘူး။"

ကြို့ပင်ကောက်က ပျူစောထီးဆိုသူ အသတ်ခံရ

“နားထင်တချက် ဗိုက်ကိုတချက်ထိပြီး ပွဲချင်းပြီးသေသွားတာပါ။ မနေ့ညနေ ၆ နာရီလောက်က စစ်အုပ်စုနဲ့ မိသားစုက အလောင်းလာကောက်သွားတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10