သတင်းတို

တောင်ငူလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်၊ လေယာဉ်ကို ထိမှန်ခဲ့ဟုဆို (ရုပ်/သံ)

" အချိန်ကာလအနေနဲ့ကတော့ လနဲ့ချီပြီး ယူခဲ့ရပါတယ်။ ကျနော်တို့ တောင်ငူလေဆိပ်ကိုတိုက်ခိုက်တာ ဒါ ပထမဆုံးအကြိမ်ပါ၊ အရင်ကတော့ မင်္ဂလာဒုံလေတပ်၊ မှော်ဘီလေတပ်၊ နေပြည်တော်ဧလာလေဆိပ်၊ မကွေးလေတပ်၊ တံတားဦးလေတပ်တို့ကိုတော့ တိုက်ခိုက်ခဲ့တာတွေရှိပါတယ်"

ကောလင်းမှာ စစ်တပ်က တတိယနှစ်ကျောင်းသားကိုပစ်သတ်ပြီး အမျိုးသား ၄ ဦးကို ဓားစာခံအဖြစ်ဖမ်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ တက္ကသိုလ်တတိယနှစ်ကျောင်းသားတဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီး အမျိုးသား ၄ ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးသွားတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

တောင်ငူလေတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်၊ လေယာဉ်ကို ထိမှန်ခဲ့ဟုဆို

"၅ လုံးပစ်ခတ်တာ ၃ လုံးအောင်တယ်။ ၁ လုံးက လေယာဉ်ကိုထိတယ်။ နောက် ၁ လုံးက လက်နက်တပ် ဆင်ရုံကိုထိတယ်၊ နောက် ၁ လုံးက လေယာဉ်သိုလှောင်ရုံနဲ့ မလှမ်းမကမ်းကိုကျတယ်လို့ သိရပါတယ်"

မုံရွာမှာ စစ်တပ်က ရွာကိုမီးတင်ရှို့ပြီး ရွာခံ ၅၀ နီးပါးကိုဖမ်းသွား၊ မီးလောင်ပြင်ထဲသေဆုံးနေတဲ့ အရပ်သားအလောင်း ၄ လောင်းတွေ့ရှိထား

“သေဆုံးသူ(အမျိုးသား)က အကင်ရောင်းတဲ့သူပါ၊ အိမ်သာထဲမှာလည်း လူသေ ၂ လောင်း တွေ့တယ်။ ဒီမနက်မှ အလောင်းတွေ တွေ့ရတာပါ။ ထပ်လည်း တွေ့နိုင်သေးတယ်၊ လူပျောက်တွေ အရမ်းများတယ်၊ ဓားစာခံတွေလည်း ဖမ်းခေါ်သွားတယ်။ အာ့ကြောင့် ဘယ်သူသေလည်း၊ ဖမ်းလည်း တိတိကျကျ မသိသေးဘူး”

မြင်းမူနယ် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ကာကွယ်ရေးတပ် ထိတွေ့ပစ်ခတ်မှုဖြစ် (ရုပ်/သံ)

ဘုန်းကြီးကျောင်းဝန်းထဲမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို မတ် ၁၃ ရက် ညနေ ၄ နာရီကျော်လောက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က Drone ဗုံးသီး ၁၀ လုံး ၊ ၄၀ မမ လက်နက်ကြီး ၇ လုံး အပါအဝင် လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၃ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဝေါမှာ စစ်တပ်ထောင်တဲ့မိုင်းထိလို့ ဒဏ်ရာရတဲ့ကလေး ၂ ဦးအနက် ၁ ဦးသေဆုံး

"မနေ့ ညနေက ဆေးရုံမှာ ဆုံးသွားတယ်လို့ သိရတယ်။ ဆုံးသွားတဲ့ကလေးငယ်က ဒဏ်ရာပြင်းတာလည်းပါတယ်။ နောက်တစ်ယောက်ကတော့ အခြေနေကောင်းတယ်။ သက်သာနေပြီ။"

သေနတ် ၃ လက်ယူပြီးထွက်ပြေးလာနိုင်တဲ့ သာကြီးတောင်ရဲစခန်းက သူလျှို PDF ၂ ဦးကို ကျပ်သိန်း ၅၀ စီ ဆုငွေချီးမြှင့်

PDF တပ်ဖွဲ့ဝင် ၂ ဦးကို သာကြီးတောင်ရဲစခန်းအတွင်း အထွေထွေလုပ်ဆောင်ပေးရသူ အရပ်သားတွေအဖြစ် ပြီးခဲ့တဲ့စက်တင်ဘာလက ထည့်သွင်းပေးထားတာဖြစ်ပြီး၊ ၇ လနီးပါးကြာ သူလျှိုအဖြစ် လုပ်ဆောင်ခဲ့ပြီးတဲ့နောက် မတ် ၁၃ ရက်ညနေပိုင်းမှာ အခုလိုလက်နက်တွေပါ ယူဆောင်ထွက်ပြေးလာနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဝမ်းတွင်းက တပ်သတင်းပေးဆိုသူ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရှင်လောင်းလှည့်ပြီးအပြန် အသတ်ခံရ

“တင်ဆင့်က ရှင်လောင်းလှည့်ပွဲကနေ အလှူအိမ်ကို လမ်းလျှောက်ပြန်လာတာ။ လူရှင်းတဲ့ တနေရာမှာ ဦးခေါင်းကို သေနတ်နဲ့ ၂ ချက်ပစ်ခဲ့တာပါ၊ ပွဲချင်းပြီးပဲ”

စစ်ကောင်စီက လေကြောင်းက ၃ ကြိမ်တိုက်ခိုက်လို့ စေတီနဲ့ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီး (ရုပ်/သံ)

ဂျက်ဖိုက်တာနဲ့ မနက် ၁၂ နာရီ ၂၀ မိနစ်ခန့်မှာ ၃ ကြိမ်ပစ်ခတ်ခဲ့ရာ ယာခင်းအနီး တောင်သူတွေမြေပဲနှုတ်တဲ့နေရာ၊ ရွာမြောက်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်တချို့နဲ့ စေတီတွေ ကျည်စထိမှန်ပျက်စီးခဲ့ပြီး နွားတကောင်လည်း သေဆုံးခဲ့တယ်လို့ Bo Tiger တပ်ဖွဲ့ ဒုတာဝန်ခံ ဗိုလ်ထက်အောင်က ဆိုပါတယ်။

ထီးလင်းမှာ ရိက္ခာထွက်ရှာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၄ ဦးသေ (ရုပ်/သံ)

ထီးလင်းမြို့နယ်၊ ရေမျက်နီရွာရဲစခန်းကနေ ရိက္ခာရှာဖို့ ထွက်လာတဲ့ စစ်သားနဲ့ ရဲ ၁၀ ဦးခန့်ပါတဲ့ စစ်ကြောင်းကို မတ် ၁၃ ရက် ညနေ ၅ နာရီ‌ကျော်လောက်က ရေမျက်နီရွာထဲကနေ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

အစည်းအဝေးလုပ်ဖို့ပြင်နေချိန် စစ်တပ်ကလေယာဥ်နဲ့ဗုံးကြဲလို့ CDM ကျောင်းဆရာတဦးသေဆုံး

“ဗုံးသီးက ပေါင် ၃၀၀ နဲ့ ၅၀၀ တခုခုပဲ၊ ၂ လုံးကြဲသွားတယ်။ သေဆုံးသူက အသက် ၃၀ အရွယ် အလယ်တန်းပြ CDM ကျောင်းဆရာတဦးပါ။ သူက အာဏာစသိမ်းကတည်းက CDM လုပ်ခဲ့တာပါ”

နတ်တလင်းမှာ စစ်တပ်သတင်းပေး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

"ရွာထဲမှ ရွာသားတွေကိုလည်း မထိခိုက်စေချင်တာကြောင့် ရွာအပြင်ကိုဖမ်းဆီးပြီး ရှင်းခဲ့တာပါ။ ဘယ်ညာ ရင်အုံနှစ်ဘက်ကို သေနတ်နဲ့ ၂ ချက်ပစ်ခဲ့တယ်"

ကလေးမြို့နယ်က စစ်ရှောင်တွေ အဆုတ်ရောင်ရောဂါရလို့ သေဆုံးသူတွေရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စစ်ဘေးရှောင်တွေမှာ ရာသီအကူးအပြောင်းကြောင့် အဆုတ်ရောင်ရောဂါဖြစ်ပွားပြီး သေဆုံးတာတွေလည်းရှိတယ်လို့ People’s Healthcare Network- Kalay တာဝန်ခံ Dr Joshua ဆီက သိရပါတယ်။

ဝေါမှာ စစ်တပ်ထောင်တဲ့မိုင်းထိလို့ ကလေး ၂ ဦးဒဏ်ရာရ

"သူ့အဖေ (ဦးသောင်းဟန်)က သူတို့ပိုင်လယ်ထဲကိုခဏသွားပြီး ကလေးတွေကိုလှေစောင့်ခိုင်းထားတာ။ ကလေးတွေကလည်း သောင်ပြင်မှာ ပြေးလွားဆော့ကစားရင်း မြေမြှုပ်မိုင်းထိခဲ့တာ"

ကနီမြို့ကနေ ဘာကြောင့် ပြန်ဆုတ်ခဲ့ရသလဲ၊ ရဲဘော်တွေပြောပြတဲ့ ကနီမြို့သိမ်းတိုက်ပွဲအကြောင်း

“ပထမတကြိမ် စစ်ကူ မလာခင်ထဲက ဆိုးအောက်(Sold Out)တွေအော်နေကြပြီ။ တကယ်တမ်းက မဖြစ်သင့်ဘူး။ မြေပြင်တိုက်နေတဲ့ ရဲဘော်တွေကျ အများကြီးအခက်ခဲဖြစ်တယ်။ ရှေ့ကတိုက်နေတဲ့ရဲဘော်တွေက အသက်နဲ့ ရင်းပြီး တိုက်နေတဲ့အနေထားမှာ လိုင်းပေါ်က လွယ်လွယ်လေးအော်လို့ရတယ်။ ကျဆုံးသွားမှ ဝမ်းနည်းပြတာက အဖြေမဟုတ်ဘူး။ စစ်ရေးဖြစ်တဲ့အတွက် လျှို့ဝှက်သင့်တာကို လျှို့ဝှက်ရမယ်။ ဒါမျိုးကျ တိုင်းရင်းသား လက်နက်ကိုင်တွေကို အတုယူသင့်တယ်။ သူတို့က နောက်ဆုံးရပြီဆိုမှ ရတဲ့အကြောင်းတင်တာ။ ကျနော်တို့ ဘက်ကကျ မရခင်ကတည်းက ရပြီအော်နေကြတာက ရန်သူကို ပိုပြီးဖိအားပေးသလိုဖြစ်သွားတယ်။ ကိုယ့်ဘက်ကို ပိုပြီးစစ်ရေးပစ်မှတ်ပေးသလို ဖြစ်စေတယ်။ သူတို့ဘက်ကို ငါတို့လည်းအသေခံတိုက်တယ်။ အပေါ်ကလည်း ရသလောက်ကူပေးဆိုတဲ့ ခံပြင်းစိတ်တက်သွားစေတဲ့ အနေထားတွေဖြစ်သွားတယ်။ ပျော်ရွှင်မှုရရမယ့်အစား ဝမ်းနည်းမှု ပြန်ရလိုက်တဲ့ အနေထားရှိတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10