တန့်ဆည်မှာ လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးနဲ့ အမျိုးသမီး ၃ ဦးအပါ ပြည်သူ ၅ ဦးသေဆုံး
“ဒဏ်ရာရသူတွေထဲမှာ ၂ ဦးက စိုးရိမ်ရတယ်။ စိန်းပန်းရွာက အခုလိုလေကြောင်းနဲ့ အပစ်ခံရတာ ပထမ အကြိမ်ပဲ။ အရင်က ရွာနားကိုလာပစ်တာတွေပဲရှိတာ။ အဲဒီရွာထဲမှာလဲ ကာကွယ်ရေးတပ်ဖွဲ့တွေ တယောက်မှ မရှိဘူး။ ဒီအတိုင်း လေယာဉ်နဲ့လာပစ်သွားတာ”