သတင်းတို

ယင်းမာပင်မှာ စစ်ရှောင်လမ်းပိုင်းကို PDF ရဲဘော်တွေက ဦးဆောင်ပြုပြင်နေ

"စစ်ကြောင်းဝင်လာရင် တောင်ပေါ်ကို စစ်ရှောင်တဲ့လမ်းပါ။ ကျနော်တို့က ငွေစိုက်ထုတ်ပြင်နေတာပါ။ ပြည်သူတွေက လုပ်အားစိုက်ထုတ်ကူညီကြတယ် "

ညောင်တိုပျူရွာ တိုက်ခိုက်ခံရမှု ပျူ ၃ ဦးသေဆုံး၊ ၁၂ ဦးအရှင်ဖမ်းဆီး

"တိုက်ပွဲဖြစ်တာနဲ့ စကစဘက်က ခဏလောက်ပဲ ခံပစ်တယ်။ သူတို့ဆုတ်သွားတော့ ပျူတွေပဲ ကျန်ခဲ့တယ်။ သူတို့မှာတော့ လက်နက်မရှိဘူးလို့ သိရတယ်။ ရွာကိုတော့ ဝင်စီးနိုင်ခဲ့ပြီး ပျူခေါင်းဆောင်အိမ်ကို မီးရှို့ခဲ့တယ်"

ချောင်းဦးနဲ့မြင်းခြံက ရဲစခန်း၊ ထွေအုပ်ရုံးတွေကို PDF က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ သေဆုံး၊ ဒဏ်ရာရတွေရှိ

“ အဲ့ဒီနေရာ ၂ နေရာက မီတာ ၅၀၀ လောက်ပဲကွာတယ်။ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ သွားရောက် ပစ်ခတ်ခဲ့တာပါ။”

ချောင်းဦး-မုံရွာလမ်းပိုင်းမှာ စစ်တပ်က ဒေသခံ ၅ ဦးကိုဖမ်းပြီး ဓားစာခံလုပ်ထားလို့ PDF က လမ်းပိုင်းယာယီပိတ်

"အရင်ကလည်း ဒီလိုပိတ်တာရှိတယ်။ ဒါကိုပြည်သူတွေအနေနဲ့ လိုက်နာမှုရှိကြပါတယ်။ အခုလည်း လိုက်နာကြဖို့ မေတ္တာရပ်ခံပါတယ်"

ယင်းမာပင် ရဲစခန်းနဲ့ ဌာနရုံးတွေကို လက်နက်ကြီးအများအပြားနဲ့ ပစ်ခတ် (ရုပ်/သံ)

ယင်းမာပင်ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ သစ်တောရုံးတို့ကို ဒီဇင်ဘာ ၃၁ ရက် ည ၉ နာရီကနေ ၁၁ နာရီခန့်အထိ ၃ နာရီကြာအောင် ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ထီးချိုင့်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးထပ်မံသေဆုံး

"လေကြောင်းလည်း တိုက်တယ်။ မီးတွေလည်းရှို့တယ်။ မနေ့က မြတောင်ရွာလမ်းဆုံက ထွန်စက်ဝပ်ရှော့နဲ့ ဓာတ်ဆီဆိုင်တဆိုင်ကို မီးရှို့တယ်။ ဒရုန်းနဲ့ချပြီး ရှို့နေတာ။ နေ့တိုင်း တလုံး၊ နှစ်လုံးကတော့ ရှို့နေသလို ဖြစ်နေတာ"

မဲဇာရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းကို စွန့်ခွာထွက်ပြေး

“မော်လူးကို သိမ်းပြီးတဲ့နောက်မှာ သူတို့ကိုလည်း လာသိမ်းမှာ ကြောက်တာပေါ့။ ကြောက်တဲ့အတွက် အင်းတော်ကကောင်တွေကို လာကြိုခိုင်းတယ်လို့ ပြန်ကြားရတယ်။ မော်လူးသိမ်းပြီးနောက်ပိုင်း မဲဇာက ကောင်တွေက ဟင်းတောင် ထွက်မဝယ်ရဲဘူး။ တခါတလေကျ ရဲစခန်းထဲ ရှိလို့ရှိမှန်းတောင် မသိရဘူး တိတ်ဆိတ်လို့။”

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

" ဒီရက်ပိုင်းမှာ စကစဘက်က လေကြောင်းကို တော်တော်သုံးပြီး ဗုံးကြဲတာ၊ ပစ်ခတ်တာတွေ အများကြီး လုပ်သွားတယ်။ ဒေသခံတွေက လေယာဥ်ဗုံးဒဏ်ကို တော်တော်ခံရတယ်"

တောင်သာက ရဲတပ်သား ၂ ဦးကို ပစ်ခတ်ရှင်းလင်း

"ဒီရဲ ၂ ယောက်က ဆိုင်ကယ်နဲ့ စခန်းကို ပြန်လာတဲ့အချိန်မှာ လမ်းခုလတ်တနေရာအရောက်မှာ ပစ်ခတ်လိုက်တာ။ ဆိုင်ကယ်နဲ့လူပါ ချောက်ထဲကျသွားပြီးတော့ ပွဲချင်းပြီးသေသွားတာ"

ဝက်လက်မှာ ဆက်ကြေးကောက်နေတဲ့ ဂိတ်ကင်းစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ၂ ဦးသေ၊ ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

‌"ဝက်လက်မြို့နယ် ရွာသာကြီးလမ်းဆုံ ဆက်ကြေးကောက်နေတဲ့ဂိတ်က ဘန်ကာကိုချခဲ့တာ။ အဲ့ဒီနေရာမှာ စစ်ခွေးတွေစုဝေးနေလို့ တနေရာထဲကိုပဲ တိုက်ခိုက်ခဲ့တာ။ ၂ ကြိမ်စလုံးပေါ့၊ သေဆုံးမှုက စစ်ခွေး ၂ ကောင်သေတယ် ၅ ကောင်ထိခိုက်ဒဏ်ရာရတယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရှိရတယ်။ လက်နက်ငယ်နဲ့တော့ ပြန်ပစ်တယ်၊ အကြာကြီးမဟုတ်ပါဘူး။ ၂၀၂၂ နှစ်ကတည်းက သူတို့အထိုင်ချနေတာ ၇ လလောက်ရှိပြီ။ တပ်မ ၃၃ က စစ်သားတွေပါ။"

မတ္တရာအနောက်ခြမ်းက ဥဒိန်ရွာကို စစ်တပ်ကမီးဝင်ရှို့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာ ၃၁ ရက် ဒီနေ့မနက်ပိုင်းမှာ ဥဒိန်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၄၉ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

နွားထိုးကြီးမှာ ကြံ့ခိုင်ရေးပါတီဝင် ၁ ဦးပစ်သတ်ခံရ

"ဆိုင်ကယ် ၃ စီးနဲ့ လူ ၆ ယောက်လောက်ရောက်လာပြီး ဦးမောင်မှုံကို အိမ်ပြင်ကိုခေါ်ထုတ်ပြီး ပစ်သတ်သွားတာလို့ သိရတယ်။ နေရာမှာပဲ သေသွားတယ်။ "

ချောင်းဦးက Non-CDM ဆရာမ ၁ ဦးကို လက်နက်ကိုင်အဖွဲ့က ဖမ်းသွား

"ညနေ ကျောင်းလွှတ်ချိန် ကျောင်းကပြန်လာပြီး မကြာဘူး နေအိမ်ကနေ လာခေါ်သွားကြတာလို့ သိရတယ်။ သူက CDM မလုပ်ထားတဲ့ ဆရာမပါ"

မြိုင်မှာ စစ်တပ်မီးရှို့တဲ့ရွာ ၂ ရွာကို ဆန်နဲ့ဆီထောက်ပံ့

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေ မီးရှို့သွားတဲ့ နှမ်းဆီကန်ကျေးရွာနဲ့ သာစည်ကျေးရွာက ဒေသခံတွေကို ဒီဇင်ဘာ ၃၀ ရက် ဒီကနေ့မနက်ပိုင်းမှာ ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ ဆန်နဲ့ဆီတွေ ထောက်ပံ့ပေးခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

လက်နက်ကြီးကျည်ထိလို့ အမျိုးသမီး ၁ ဦးဒဏ်ရာရ

“သူတို့(စစ်ကောင်စီ) လက်နက်ကြီးတွေနဲ့ မပစ်တာတော့ကြာပြီ အခုမှပြန်ပစ်တာ။ ဒဏ်ရာရတဲ့ အမျိုးသမီးကတော့ ဆေးဝါးကုသပေးလိုက်ပါပြီ။ စိုးရိမ်ရတဲ့ အနေအထားတော့ မရှိဘူး။ ရွာသားတွေလည်း ရွာထဲပြန်ရောက်ကုန်ပါပြီ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10