သတင်းတို

မိုင်းအတုကို ရှင်းလင်းပြီး လာကြည့်တဲ့စစ်တပ် ပေပါမိုင်းထိပြီး ၂ ဦးသေ၊ ၅ ဦးဒဏ်ရာရ

"သူတို့ ၂ ဖွဲ့က တိုးဂိတ်ဟောင်းထဲမှာ ကျနော်တို့ဘက်က အယောင်ပြထောင်ထားတဲ့ မိုင်းအတုကို သေနတ်တွေနဲ့ ပစ်ခတ်ရှင်းပြီး အားလုံးရှင်းသွားပြီဆိုတဲ့အထာနဲ့ ဂိတ်ထဲဝင် စကားပြောနေချိန်မှာ ကြိုတင်ထောင်ထားတဲ့ ပေပါမိုင်းကို ခွဲလိုက်တာ"

ကနီနယ်က အသံတိတ်သပိတ် (Photo News)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက ပြည်သူတွေဟာ ဖေဖော်ဝါရီလ ၁ ရက်ဒီနေ့မနက်ပိုင်းကစပြီး အသံတိတ်သပိတ်မှာ ပါဝင်ဆင်နွှဲနေကြပါတယ်။

တော်လှန်ရေးနဲ့ဆက်နွယ်သူတွေကို ဖမ်းခိုင်းတဲ့ ပျူစောထီးဆိုသူ အသတ်ခံရ

“မြို့မှာရှိနေတဲ့ PDF တွေရဲ့ မိသားစုတွေကို ဖမ်းတယ်။ မဆိုင်တဲ့သူတွေကိုလည်း ရိုက်တယ်။ ကျနော်တို့ မိသားစုဝင်တချို့ဆို စစ်ကြောရေးမှာ သူနှိပ်စက်တယ်။ မြို့နေလူငယ်တွေကိုလည်း မဆီမဆိုင် ခေါ်ခေါ်ရိုက်တယ်။ အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ ပြဿာနာလိုက်ရှာတယ်။ လက်နက်ကိုင်ပြီး ပတ်သောင်းကျန်းနေတာ”

ရွာအပြင်မှာ ထောင်ထားတဲ့မိုင်းနင်းမိပြီး ပျူ ၁ ဦးသေ၊ ၁ ဦးလက်ပြတ်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ယာကြီးပြင် ပျူစောထီးရွာအပြင်မှာ ထောင်ထားခဲ့တဲ့ နင်းမိုင်းကို ဇန်နဝါရီ ၃၀ ရက်က ပျူစောထီးတွေ ကင်းပတ်စဥ် နင်းမိခဲ့ရာ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ဖြူကျားဇိုးပြောက်ကျားထံက သိရပါတယ်။

စက်သုံးဆီတင်စစ်ကား ၂ စီး မိုင်းဆွဲခံရလို့ ဒုအရာခံဗိုလ်အပါ ၃ ဦးသေပြီး လက်နက်တွေရ (ရုပ်/သံ)

"မိုင်း ၉ လုံးတွဲကို ၂ ပွိုင့်ခွဲ‌ထောင်ပြီးဆွဲတာ၊ ပစ်ခတ်ချိန်က အလွန်ဆုံးကြာမှ ၁၅ မိနစ်ပဲကြာခဲ့တယ်၊ မိုင်းဆွဲတာနဲ့ ပစ်ခတ်တာကော ကားက ချောက်ထဲကျသွားတယ်၊ခွေး ၃ ကောင်ကတော့ အလောင်းတွေရတယ်၊ ဒုအရာခံဗိုလ်အောင်ဆန်းဦးနဲ့ စစ်ခွေး ၂ ကောင်ပါ၊ ဒုအရာခံ ဗိုလ်အောင်ဆန်းဦးကတော့ အမှတ် ၁၂၁ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်းကပါ၊"

ရေတာရှည်က ၂ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံးဟုဆို

"ပထမရက်မှာတော့ ၄ ယောက်သေတာ။ နောက်တရက်မှာတော့ သူတို့က ကွင်းပြောင်ထဲကနေ တက်လာတော့ ကျနော်တို့ဘက်က အပိုင်စောင့်ပြီးပစ်ရတာ။ တော်တော်ကျကုန်တယ်။ သူတို့ဘက်က အကောင်ကြီးတကောင်ပါ ထိသွားလို့ ချက်ချင်းပြန်ဆုတ်သွားကြတာ”

ထန်းပင်လှရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့ပြန်

“သူတို့က တိုက်ပွဲမရှိဘဲ ဒီအတိုင်းရွာထဲကိုဝင်လာပြီး မီးရှို့တာပါ။ ရွာသားတွေ ဖမ်းဆီးခံရတာမျိုးလည်း မရှိပါဘူး။”

အုပ်ချုပ်ရေးမှူးရုံးထဲကို PDF က ဝင်ပစ်လို့ ရာအိမ်မှူးတဦးသေဆုံး

“ရုံးထဲ တဦးထဲဝင်ပြီး ဝင်ဝင်ချင်းတန်းပစ်တာ ရာအိမ်မှူးကတော့ ဦးခေါင်းထိပြီး ပွဲချင်းပြီးသေတယ်။ ကျန်တကောင်ကတော့ ဘယ်ထိမှန်းမသိဘူး ထွက်ပြေးသွားတယ်”

သစ်ချိုကုန်းရွာ ၅ ရက်ဆက်တိုက်ခိုက်ခံရပြီး ပျူစောထီး ၃ ဦးဒဏ်ရာပြင်းထန်ရ

"ဒရုန်းတစီးတည်းနဲ့ ခေါက်တုံခေါက်ပြန်သွားချနေရတာ။ ကြားထဲမှာလည်း စကစ ဘက်က စစ်ကူလာတဲ့ အဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်ခဲ့သေးတယ်။ ပျူတွေထိခိုက်တာက မိုင်းဆွဲတာနဲ့ ဒရုန်းဗုံးချချိန်မှာထိတာ"

နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် အသံတိတ်သပိတ်နဲ့ အဖြူရောင်ကမ်ပိန်း ပါဝင်ကြဖို့ နှိုးဆော်

“စစ်အာဏာရူးတွေဟာ ပြည်သူကိုအနိုင်ယူဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။ ဒီပွဲဟာ မုချပြည်သူ့ဘက်က နိုင်မှာပါ။ တော်လှန်ရေး ၃ နှစ်အလွန်ကာလမှာ အောင်ပွဲနဲ့ထိုက်တန်တယ်ဆိုတာ အောင်ပွဲအမြန်ရဖို့ အကောင်းဆုံးသက်သေပြရမယ့် အချိန်ဖြစ်ပါတယ်။ တနည်းပြောရင်တော့ တော်လှန်တိုက်ပွဲမှာ တက်စုံလွှင့် ရွက်ကုန်လွှင့်ရမယ့်အချိန်ဖြစ်တယ်”

မြင်းခြံမှာ ၃ ရက်အတွင်း အမျိုးသမီး ၄ ဦးအပါအဝင် ၁၀ ဦးအသတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သစ်ရုံးကျေးရွာ၊ မကျီးသမျှားကျေးရွာနဲ့ တူရွင်းဘိုကျေးရွာတွေအနီးမှာ ဇန်နဝါရီ ၂၇ ရက်ကနေ ၂၉ ရက်အတွင်း အမျိုးသမီး ၄ ဦးအပါအဝင် ၁၀ ဦး အသတ်ခံရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စု ဒရုန်းနဲ့တိုက်ခိုက်မှု နှစ်ဖက်ထိခိုက်မှုရှိ (ရုပ်/သံ)

ဇန်နဝါရီလ ၂၉ ရက် ညနေ ၅ နာရီခန့်မှာ ပြင်စည် စာသင်ကျောင်းဝင်းအတွင်း အင်အား ၄၀ လောက်နဲ့ တပ်စွဲနေတဲ့စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီ ၄၅ မိနစ်ခန့်မှာတော့ သုံးထောင့်ကျေးရွာ အထက ထဲမှာ အင်အား ၃၀ ခန့်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ခဲ့တာလို့ Myingyan District Drone Strike တာဝန်ရှိသူက ပြောပါတယ်။

မြဝတီကနေ ရန်ကုန်ကိုပို့မယ့် လက်နက်တွေ စစ်ကောင်စီဖမ်းဆီး

"နနွင်းအိတ်တွေထဲ ထည့်သယ်လာရာမှာ ဖမ်းမိတယ်လို့ သိရတယ်။ ယာဥ်ပေါ်မှာက အမျိုးသမီး ၁ ဦးနဲ့ ယာဥ်မောင်းပဲပါတယ်။ မနေ့မနက်ပိုင်းကလည်း ခရီးသည်တင်ယာဥ်တစီးပေါ်က လက်နက်တွေ အများကြီးမိသေးတယ်။ အဲ့ဒါကိုတော့ စကစ ဘက်ကသတင်းဖုံးထားတယ်”

ဝက်လက်ရဲစခန်း ဗုံးသီးချတိုက်ခိုက်ခံရပြီး အဆောက်အဦပျက်စီးမှုရှိ

ဇန်နဝါရီလ ၂၉ ရက် မနေ့က ညနေ ၄ နာရီလောက်က ရဲစခန်းထဲက လက်နက်ရုံကို ဗုံးသီး ၃ လုံးနဲ့ ရဲစခန်းတံခါးပေါက်က ဘန်ကာအနီးကို ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကျွန်းလှဘက်ကို စစ်တပ်အင်အား ၃၀၀ ကျော် ဝင်ရောက်၊ ဒေသခံ ၅,၀၀၀ ကျော် ဘေးကင်းရာကို ကြိုတင်ရွှေ့ပြောင်းနေရ

"အချို့ကျတော့ ပြင်ဆင်ပြီးအခြေနေကြည့်နေတယ်။ အချို့ရွာတွေကျတော့ သူတို့ထွက်လာတယ်ဆိုက တည်းကိုက ကြိုရှောင်နေကြရတယ်။ စကစဘက်ကလည်း တဖြည်းဖြည်းရွေ့လာနေတယ်။ မြိုပေါ်ရောက်ပြီးရင် ရွာတွေဘက်ကိုလည်း ရောက်လာနိုင်တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10