သတင်းတို

ဆင်မရဲရွာ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး အရာရှိတဦးအပါ ၁၄ ဦးသေဆုံး၊ ၃ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

"ပျူစောထီး ၁၄ ကောင်နဲ့ တပ်မ ၁၀၁ က အရာရှိ ၁ ဦးသေတယ်။ ဖမ်းဆီးရမိတာက ၃ ယောက်ရှိတယ်။"

မြင်းခြံက ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ၁၅ ဦးနဲ့ PDF ရဲဘော် ၁ ဦးသေဆုံး (ရုပ်/သံ)

"စစ်ကောင်စီဘက်ကတော့ ၁၅ ကောင်လောက်သေသွားတယ်၊ ကျနော်တို့ MBT တပ်ဖွဲ့က တိုက်ခိုက်ရေးအပိုင်းမှာ အားကိုးရတဲ့ ရဲဘော်ကုလားလေးလည်း ရန်သူ့လက်နက်ကို တက်ကောက်ရင်း နောက်ပြန်အလှည့်မှာ ဦးခေါင်းကို ကျည်ထိပြီးတော့ ကျဆုံးသွားခဲ့တာပါ၊ သေဆုံးတာက စစ်**အများစုပါပြီး ပျူစောထီးအနည်းငယ်ပါတယ်၊ စစ်မှုထမ်းဟောင်းတွေများတယ်၊ သက်ကြီးရွယ်အိုတွေပေါ့၊ အရှင်ဖမ်းမိတာက မရှိပါဘူး"

ရှမ်းမြောက်တိုက်ပွဲတွေကို ကွပ်ကဲတဲ့ကစထမှူး ရှမ်းဝန်ကြီးချုပ်ဖြစ်လာပြီး၊ စစ်ရှုံးတဲ့ ရမခတိုင်းမှူး ရှမ်း၊ကယားစစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ရာထူးတိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်ဆင်ရေးတွေမှာ အရေးနိမ့်ခဲ့တဲ့ လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခတိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး ကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်တိုးပေးပြီး ရှမ်းနဲ့ကယားဒေသရှိ တိုင်းစစ်ဌာနချုပ် ၄ ခုကိုကွပ်ကဲရတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ ၂ မှူး) အဖြစ်ခန့်အပ်ခံရတယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

PDF တွေကိုစိန်ခေါ်လေ့ရှိတဲ့ ပျူ‌စောထီးခေါင်းဆောင်ဆိုသူ ပစ်သတ်ခံရ

"ကျနော်တို့ရဲဘော်တွေ သွားတုန်းကတော့ အခြားမစ်ရှင်နဲ့ သွားတာ။ မစ်ရှင်ထဲမှာက သူကိုရှင်းဖို့လည်းပါတယ်။ အခြားမစ်ရှင်က မလုပ်ဖြစ်တာရယ် သူကိုက အသင့်တွေ့တာကြောင့် ပစ်ခတ်ခဲ့တာ"

ပန်းတောင်းမှာ ကုန်ကားတစီးမှောက်လို့ ကျပ်သိန်းရာကျော်ပျက်စီးခဲ့

“ဒီလမ်းက မကြာခဏဖြစ်တတ်တယ်။ အခုလည်း ကားက ကုန်းအတက်မှာ အရှိန်များ လမ်းဘေးကျပြီး ပက်လက်လန်သွားတာ။ ကားကတော့ အင်ဂျင်ရော ကိုယ်ထည်ရော ရစရာမရှိဘူး။ ဆုံးရှုံးမှု သိန်းတရာကျော်မယ်လို့ နားလည်သူတွေက ခန့်မှန်းကြတယ်။ အခြားကားဆရာတွေလည်း သတိပြုစေချင်တယ်“

စေတီနဲ့ဘုန်းကြီးကျောင်းတွေကို စစ်တပ်လေကြောင်းက ဗုံးကြဲ သံဃာ ၁ ပါးနဲ့ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ

"သက်သက်မဲ့ကြီး ဘုန်းကြီးကျောင်းတွေပေါ် ရွာတွေထဲကို ​ဗုံးကြဲပစ်ခတ်သွားတာ။ ဒေသခံတွေဆို ပြင်ဆင်ချိန်မရှိဘဲ အကုန်လုံး ဝရုန်းသုန်းကားဖြစ်ကုန်ပြီး ပြေးရတာ။ လေကြောင်းနဲ့ ၅ ကြိမ်လောက် ဗုံးကြဲတာ ပစ်ခတ်တာလုပ်သွားတာ"

တိုက်ပွဲမှာ စစ်ကောင်စီရဲ့ သေနတ်ကိုတက်ယူရင်း ရဲဘော်တဦး ခေါင်းကျည်ထိမှန် သေဆုံး ရုပ်အလောင်းပြန်မရ

"ကျနော်တို့အညာဒေသမှာက ဂန်းတွေကမကောင်းပါဘူး၊ ကျနော်တို့အဖွဲ့ဆို လက်လုပ်တွေအများစုကိုင်ရတယ်၊ ရန်သူ့စခန်းထဲကို ဂန်းဝင်ကောက်တဲ့အချိန်မှာ သူဂန်းကိုကောက်နိုင်ခဲ့တယ်၊ပြန်အဆုတ်မှာသူဦးခေါင်းထိမှန်သွားတယ်၊စစ်ကောင်စီဘက်ကတရစပ်ပစ်နေတဲ့အတွက်မို့ သူ့အလောင်းကိုဘယ်လိုမှ အဆင်မပြေခဲ့ဘူး၊"

ညောင်ခြေထောက်ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ရာ စခန်းမှူးအပါ ၃ ဦး ပြင်းထန်ဒဏ်ရာရ

"ဒရုန်းနှစ်စီးနဲ့ဗုံး ၂ လုံး တချိန်တည်း ကြဲခဲ့တယ်။ အရာရှိ ၃ ယောက်ညတွင်းချင်း ဆေးရုံပို့လိုက်တယ်။ သေလားရှင်လားဆိုတာ သေချာမသိရသေးဘူး"

RPG ကိုယ်တိုင်ထုတ် အသုံးပြုနေတဲ့ ADRPA (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ အခြေစိုက်တဲ့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် ADRPA အဖွဲ့က ကိုယ်တိုင် RPGထုတ်ပြီး အသုံးပြုနေတယ်လို့ ADRPA ရဲ့ ပြန်ကြားရေး ရဲဘော် မင်းညိုက ပြောပါတယ်။

သံတောင်ကြီးတိုက်ပွဲ လက်နက်ကြီးထိလို့ ဒေသခံ ၅ ဦးဒဏ်ရာရ

"တိုက်ပွဲက တော်တော်ဖြစ်ခဲ့တယ်။ လက်နက်ကြီးတွေလည်း အပြန်အလှန်ပစ်ကြတယ်။ စစ်တပ်ဘက်က ပစ်တဲ့လက်နက်ကြီးကတော့ ပိုများတယ်။ သိရသလောက်က သေဆုံးဒဏ်ရာရသူတွေလည်းရှိတယ်။ သေဆုံးသူတွေကတော့ အတိအကျမသိရဘူး"

ပုလဲက ၂ ရက်တာတိုက်ပွဲမှာ BNRA ဆေးမှူးတာဝန်ခံ ရဲမေ ၁ ဦးကျ ရဲဘော် ၁၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ဇီးဖြူကုန်းရွာ စစ်ကောင်စီအထိုင်စခန်းကို BNRA က ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီက လေကြောင်းနဲ့ ပြန်လည်တိုက်ခိုက်တာကြောင့် BNRA ဆေးမှူးတာဝန်ခံ ရဲမေ ၁ ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၁၃ ဦးဒဏ်ရာရကာ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA အဖွဲ့ဆီက သိရပါတယ်။

မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်တွေ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်တွေကို ၂ ရက်ဆက်တိုက် မောင်းသူမဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

ကိုင်းတောမရဲစခန်းကို PDF တွေ ၃ ရက်ဆက် တိုက်ခိုက်၊ ရဲ ၁ ဦးသေ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

"မီတာ ၁၀၀ ဝန်းကျင်ကနေ လက်နက်ငယ်အပြင် 79 တွေနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ပစ်ခတ်ခဲ့တာ ရဲ** ၁ ကောင်သေတယ်၊ ၃ ကောင်ထိခိုက်ဒဏ်ရာရတယ်"

မန္တလေးမှာ တကိုယ်တော်ဆန္ဒပြတဲ့ အမျိုးသမီးအပါ ၂ဦးဖမ်းခံရပြီး ကျောက်ဝိုင်းက ဆိုင် ၉၀ ကျော်ပိတ်ခံရ

"မနေ့ကတည်းက မဖွင့်တဲ့ ဆိုင်တွေကို ဓာတ်ပုံလိုက်ရိုက်ပြီး ဒီမနက်မှာ ပိတ်တယ်ဆိုပြီး စာလိုက်ကပ်တာ။ မဖွင့်ရဘူး လာဖွင့်ရင် အရေးယူခံရမယ်ဆိုပြီး ပြောသွားတယ်"

ခင်ဦးမြို့နယ်မှာ စစ်တပ်က ပြည်သူ ၄ ဦးသတ်ပြီး နေအိမ် ၁၅၀ ကျော်ကို မီးရှို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက် မနေ့က စစ်တပ် စစ်ကြောင်းထိုးခဲ့ပြီး အိမ်ခြေ ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို စုစုပေါင်းပြည်သူ ၄ ဦးကို သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေဆီက နေသိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10