သတင်းတို

ဘယ်နေရာမှာမှ စစ်တပ်က ပေါ်တာဆွဲတာမရှိဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ငြင်းဆို

စစ်ကောင်စီတပ်အနေနဲ့ ပေါ်တာမဆွဲတဲ့အပြင် စစ်မှုထမ်းဟောင်းနဲ့ ရဲမှုထမ်းဟောင်းတွေကို ဆင့်ခေါ် ခိုင်းစေတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။

ဆားလင်းကြီးမှာ ပျက်စီးနေတဲ့ ရေကျော်ကို PDF တွေ ပြည်သူနဲ့အတူ စုပေါင်းပြုပြင်

ဆာလင်းကြီးမြို့နယ်အတွင်းက ပြည်သူတွေအသုံးများတဲ့ ကားလမ်းရေကျော်ဖြစ်ပြီး အောက်တိုဘာ ၅ ရက်က စတင်ကာ ကျပ်သိန်း ၄၀ ကျော်တန်ဖိုးရှိ အလျားပေ ၄၀ အနံ ပေ ၂၀ နဲ့ ထု ၁၀ လက်မရှိ ကွန်ကရစ်ရေကျော်အဖြစ် တည်ဆောက်နေတာလို့ ဆိုပါတယ်။

မြင်းမူမြို့နယ် မကျီးကန်ရွာကို စစ်တပ်က ရဟတ်ယာဉ်နဲ့ တိုက်ခိုက်

"ကာကွယ်ရေးရဲဘော်တဦးနဲ့ ကိုရင်ကြီးတဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။ အပျက်အစီး နည်းနည်းလည်းရှိတယ်လို့ ကြားတယ်"

ကာကွယ်ရေးတပ်တွေ နယ်မြေရှင်းလင်းချိန် အရာရှိစိစစ်ရေးကတ်နဲ့ စစ်အသုံးအဆောင်အချို့ သိမ်းဆည်းရရှိ

"ဒီကောင်တွေက နတ်ကြီးမှာ နှစ်စပိုင်းကတည်းက လာပြီးအထိုင်ချနေကြတာ။ ဘာဖြစ်လို့ စခန်းပြောင်းသွားလဲဆိုတာကို မသိဘူး။ မှတ်ပုံတင်တွေနဲ့ ပစ္စည်းတွေကို သူတို့(စကစ)နေခဲ့တဲ့ အဆောင်တွေထဲကနေ ရခဲ့တာ"

နွားထိုးကြီးမှာ စစ်ကောင်စီသတင်းပေး လောင်းကစားဒိုင် ၁ ဦး ပစ်သတ်ခံရ

"သူတို့သွားတဲ့ကားမှာ သူနဲ့သက်ကြီးပိုင်း လူကြီးတွေပါတယ်။ သူ့ကိုပဲ ခေါ်ချပြီး ရှင်းလိုက်တာ။ ကျန်သူတွေကိုတော့ ဘာမှမလုပ်ဘဲ ပြန်လွှတ်ပေးလိုက်တယ်"

ပေါက်မှာ စပါးသိမ်းချိန် မိုးဆက်တိုက်ရွာလို့ ပလဖရဲဘော်တွေက ကူညီလုပ်ကိုင်ပေး

"စပါးသိမ်းချိန် မိုးရက်ဆက်ရွာတော့ မိုးမိကုန်တယ်။ တောင်သူတွေအဆင်ပြေမှ ရိက္ခာဖူလုံမှာလေ။ ဆုံးရှုံးတာ နည်းအောင် ကူညီပေးရတာပါ"

ပုလဲမှာ ပျောက်ဆုံးနေတဲ့ အမျိုးသားတဦးကို သေဆုံးလျက်ပြန်တွေ့

"မောင်လေးပျောက်လို့ လိုက်ရှာနေကြတာ။ မနက်က တောကျောင်းအရှေ့နားမှာ တွေ့တော့ သေနေပြီလေ။ ဒဏ်ရာဒဏ်ချက် တော့မရှိပါဘူး"

လက်ပံတန်းက အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

"သေနတ်နဲ့ လေးချက်ပစ်သတ်ခဲ့တာပါ" လို့ ဂဠုန်တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုတံခွန် ကပြောပါတယ်။

ဝက်လက်ကို စစ်ကူသွားတဲ့စစ်ကား PDF က ကြားဖြတ်တိုက်လို့ အသေအဆုံးများနဲ့ နောက်ပြန်ဆုတ်သွား

“မိုင်းဆွဲလိုက်တော့ ဝုန်းဒိုင်းတွေကြဲပြီး အော်ဟစ်သံတွေနဲ့ ဆူညံသွားတာပဲ။ အမှောင်ထဲဆိုတော့ မမြင်ရပဲ အသံတွေတော့ ကြားနေရတာ”

ကြံ့ခိုင်ရေးအမတ်ဟောင်း ပျူစောထီးခေါင်းဆောင်အပါ ၅ ဦးကို ဖမ်းမိပြီးနောက် ပြန်ခုခံသူ ၂ ဦးကို ရှင်းလင်း

"ဒီလူတွေက ခြေထောက်မှာဒဏ်ရာတွေရပြီး မပြေးနိုင်လို့ ဖမ်းမိခဲ့တာ။ အဲဒီထဲက ၂ယောက်က ပြန်လည်ခုခံတိုက်ခိုက်လို့ ပစ်သတ်လိုက်ရတယ်”

မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ၃၀,၀၀၀ ကျော် စစ်ရှောင်နေရ

"လူဦးရေကများတော့ အနီးနားကျေးရွာတွေကနေ အလှူခံပြီး စားစရာသောက်စရာရော နွားစာကအစ စီစဥ်ပေးထားရပါတယ်။ စားနပ်ရိက္ခာအကူအညီတော့ လိုအပ်နေပါတယ်"

ပဲခူးမြို့မှာ တန်ဆောင်တိုင် မီးထွန်းပွဲတော်လုပ်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ

"ခုတွေ့ရသလောက်ကတော့ မီးတွေ လိုက်ဆင်နေတာရှိတယ်။ ဆိုင်ခန်းတွေတော့ မတွေ့ရသေးဘူး။ စတုဒိသာကျွေးဖို့ မဏ္ဍပ်တွေတော့ လုပ်နေတာရှိပြီ။ ကျန်တာတော့ ထွေထူးမတွေ့ရသေးဘူး။ သူတို့ဘက်ကတော့ ပဲခူးက သာယာအေးချမ်းနေတယ်ဆိုတာရော ပြချင်လို့ လုပ်နေတာပါပဲ"

တမူးမှာ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ချ အလင်းဝင်

"တိုက်ပွဲ တနေရာမှာပေါ့။ ဒီတပ်သား၂ ယောက်က ပုန်းနေရာကနေ ကျွတ်ကျွတ်အိတ်ကို အလံဖြူပုံစံလုပ်လို့ ထောင်ပြီး လက်နက်ချ အလင်းဝင်ခဲ့တာ"

တန့်ဆည်မြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၄ ခုကို PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

“အပြန်အလှန်ပစ်ခတ်ချိန် သူတို့ဘက်က ဒဏ်ရာရတဲ့သူတွေ အော်ပြီးပြေးတဲ့သူတွေကို မျက်မြင် တွေ့ခဲ့တယ်။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ တယောက်ကျသွားတယ်။ လောလောဆယ် စစ်ရေးအခြေအနေက တင်းမာနေဆဲမို့ သိမ်းဆည်းရမိတာတွေကိုတော့ တိတိကျကျပြောလို့ မရသေးဘူး”

ပခုက္ကူမှာ လက်နက်ကြီးထိလို့ အမျိုးသမီးတဦးသေဆုံး

သေဆုံးသူမှာ ဒေါ်ခိုင်မာချို ၃၈ နှစ်ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် ဒီညနေ ၄ နာရီလောက်က အိုင်ကြီးကျေးရွာ ဆိုင်းဘုတ်အနီးရှိ သူရဲ့ယာခင်းထဲမှာ တယောက်တည်း ပေါင်းသင်မြက်ရှင်းနေချိန် လက်နက်ကြီးကျည်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10