သတင်းတို

ဖြူးကရွာတွေကို ရဟတ်ယာဉ်နဲ့လှည့်ပတ်ပစ်လို့ သက်ကြီးပိုင်း အမျိုးသမီး ၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

"လှည့်ပတ်ပစ်သွားတာ မိနစ် ၂၀ နီးပါးလောက်ကြာတယ်။ လေယာဥ်လာပစ်တော့ ပြေးသူက ပြေး၊ ပုန်းသူက ပုန်းကြရတယ်"

ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးနေတဲ့ စခန်းတာဝန်ခံ  ဗိုလ်မှူးအပါအဝင် စစ်သား ၉ ဦး ထပ်မံဖမ်းမိ

“ သူတို့တွေက လက်နက်တွေကို ဖွက်ထားတယ်။ ကျနော်တို့ စစ်ဆေးမေးမြန်းတဲ့အခါမှ သေနတ်ရှိတဲ့နေရာတွေကို လိုက်ပြတာ။ ဖမ်းမိတဲ့သူတွေကို တနေရာတည်းမှာမိတာမျိုး မဟုတ်ဘူး။ တယောက်မိပြီးမှ နောက်တနေရာမှာ နောက်ထပ်တယောက်ကို ထပ်မိတာ”

ညောင်လေးပင်ခရိုင်မှာ လက်နက်ကြီးထိလို့ ပြည်သူ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

"သူက ညပိုင်း လယ်ကြွက်လိုက်ထောင်လေ့ရှိတယ်။ အဲ့ဒါလက်နက်ကြီးက သူအနားကို လာကျတာ။ နေရာမှာပဲ ဆုံးတယ်။ ညောင်လေးပင်မှာလည်း လက်နက်ကြီးထိလို့ မိသားစုတစု ထိခိုက်တာရှိတယ်"

စစ်တပ်ထောက်ခံပွဲလုပ်သူတွေ ကားပေါ်က မဆင်းရဲ (ရုပ်/သံ)

ထောက်ခံပွဲလုပ်​နေချိန်မှာ စစ်တပ်၊ ရဲနဲ့ ယာဥ်ထိန်းတွေက လုံခြုံရေးယူ၊ လမ်းကြောင်းရှင်းပေးနေတာတောင် ထောက်ခံပွဲလိုက်ပါလာသူတွေက ကားပေါ်က မဆင်းရဲသလို ကြွေးကြော်သံတွေကို တက်ကြွစွာ အော်ဟစ်တာမရှိဘဲ ဝတ်ကျေတန်းကျေသာပြောဆိုပြီး ကားပေါ်မှာထိုင်ပြီး လိုက်ပါနေကြတယ်လို့ ဆိုပါတယ်။

မန္တလေးခရိုင်တရားရုံးကို ဝင်စီးမယ့်အကြောင်း PDF က တရားရုံးထဲ အသိပေးစာကပ်

"အတွင်းထဲအထိ ဝင်ကပ်သွားတာ။ အမှုသည်တွေရော၊ ရှေ့နေတွေ အကုန်ထွက်ပြေးကြတာ။ ဘယ်သူကပ်သွားလဲ မသိလိုက်ကြဘူး"

ညောင်ဖြူပင်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကိုတိုက်ခိုက်ပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိကြောင်း PDF ပြော

“ အဓိကတော့ ကျနော်တို့မှာ လက်နက်ကြီးမပါတာ။ အဲဒါကြောင့် ဘန်ကာတွေကို ဖြိုလို့ မရတာ။ ဘန်ကာတွေဖြိုလို့ရရင် အဲ့ဒီစခန်းကိုအလွယ်တကူ သိမ်းလို့ရပါတယ်။ လက်နက်ကြီးမပါတာနဲ့ ကျည်မလောက်တာကြောင့် စခန်းမသိမ်းနိုင်ခဲ့တာ”

သတ်ခံလိုက်ရပြီလို့ တပ်ဘက်က ဝါဒဖြန့်ထားသူ ပြည်သူ့စစ်ခေါင်းဆောင်ကို အသက်ရှင်လျက် PDF က ထိန်းသိမ်းထား (ရုပ်/သံ)

PDF တပ်ဖွဲ့ဝင် ၂ဦး အလင်းဝင်လာပြီး ပြည်သူ့စစ်အဖြစ် တာဝန်ထမ်းဆောင်နေရာကနေ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ဦးမြင့်အောင်ကို သတ်လိုက်တယ်လို့ စစ်တပ်ထောက်ခံသူ တယ်လီဂရမ်ချန်နယ်တွေနဲ့ လူမှုကွန်ယက်တွေမှာ ဖော်ပြနေပေမယ့် အသက်ရှင်နေသေးတယ်လို့ တမူး PDF ဆီက သိရပါတယ်။

မြင်းခြံက တပ်ပြန်ရုပ်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ဦးသေ

“မိုင်းဆွဲလိုက်တော့ စစ်** ၄ ကောင်လုံး နေရာမှာပဲ ပြန်ထမလာတော့ဘူး။ တုံးလုံးပက်လက် ဖြစ်ကုန်တာ”

ဝက်လက်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း ကြားညှပ်တိုက်ခံရပြီး လေကြောင်းပစ်ကူယူနေရ

"သူတို့(စကစ)က လယ်တောကြားက ပြည်သူ့ကာကွယ်ရေးတွေကတော့ လမ်းတွေပေါ်ကပေါ့။ နှစ်ဖက်က မြင်နေရတာနီးနီးလေးတင် တိုက်ပွဲဖြစ်တာ။ အလောင်းတွေကို ဆွဲထုတ်နေတာမြင်နေရတယ်"

ငါန်းဇွန်မှာ အမျိုးသမီး ၁ ဦးအပါအဝင် လူ ၇ ဦးအသတ်ခံရ

"သေသွားတဲ့ ချစ်ဟန်နဲ့ ဝင်းဝင်းက လင်မယားတွေ။ ရွာမှာငွေတိုးချေးစားတာ။ သားသမီးမရှိကြဘူး။ ကျန်တဲ့သူတွေကတော့ ပျူလား၊ဘာလားမသိဘူး "

နတ်တလင်းမှာ ဖမ်းဆီးခံရတဲ့ အငြိမ်းစားကျောင်းဆရာတဦး မိသားစုနဲ့တွေ့ခွင့်မရ

“တယ်လီဂရမ်မှာဖော်ပြခံရပြီး ဖမ်းခံရတာ အခုနတ်တလင်းရဲစခန်းအချုပ်ထဲမှာပါ။ မိသားစုနဲ့ ခုထိမတွေ့ရဘူး အသက်အန္တရာယ်စိုးရိမ်တယ်။"

အောင်လံနယ်မှာ မိုင်းဆွဲခံရလို့အထိနာတဲ့ စစ်ကြောင်းက ရွာလုံးကျွတ်မီးရှို့

“စစ်ကြောင်းလာမယ်ဆိုကတည်းက ၂ ရက်အလိုကတည်းက တရွာလုံးကရှောင်နေကြတာ။ ညနေ ၄ နာရီ လောက်မှာ စစ်တပ်ကရွာထဲဝင်သွားတယ် သတင်းရတယ်။ မကြာလိုက်ဘူး ကျနော်တို့ရွာကနေ မီးခိုးလုံးတွေတက်လာပဲ မြင်ရတယ်။ ဘယ်လိုရှို့တာလဲတော့ မသိဘူး"

မုံရွာမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်သေဆုံးမှုရှိ

"အဲ့မှာက စကစဘက်က တပ်စွဲထားတာကြာပြီ။ တိုက်ပွဲက အချိန်တော်တော်ကြာ ဖြစ်လိုက်တယ်။ နေ့လယ်မရောက်ခင်မှာတော့ တိုက်ပွဲက ပြီးသွားတယ်"

ရေဦးက အောင်သာယာရွာ တပ်စခန်းကို PDF တွေ သိမ်းပိုက်၊  စစ်အုပ်စုမှ ၇ ဦးကို အရှင်ဖမ်းမိထား

"ရွာထဲအထိ ဝင်နိုင်ခဲ့တယ်။ အိမ်တချို့ကို မီးရှို့ခဲ့တယ်။ တရွာလုံးကို သိမ်းမလို့ပဲ လေကြောင်းနဲ့ မြေပြင် စစ်ကူတွေကြောင့် ပြန်ဆုတ်ခဲ့ရတယ်"

ရွှေညာမြေတပ်ဖွဲ့က ကမ်ပိန်းရငွေနဲ့ မောင်းပြန်သေနတ် ၁ လက်ဝယ်ယူ

"စခန်းသိမ်း တိုက်ပွဲတွေစလာပြီဆိုတော့ လက်လုပ်သေနတ်နဲ့က ရင်ဆိုင်တိုက်ဖို့ မလွယ်ပါဘူး။ မောင်းပြန်သေနတ် လိုအပ်နေလို့ ဝယ်လိုက်ရတာပါ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10