သတင်းတို

ပေါက်ခေါင်းမှာ စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်လို့ တပ်ပြန်ရုတ်သွား

“အဲ့ရွာမှာက စစ်သားတွေက ယာယီတပ်စွဲလိုက်၊ ထွက်သွားလိုက်နဲ့ နေတာ။ ဘယ်ချိန်ဝင်ပြီး ဘယ်ချိန်ထွက်မှန်း မသိရဘူး။ မနက်ကပဲ လက်ကျန်စစ်သားတွေနဲ့ အလောင်းကို ပေါက်ခေါင်းဘက်ကို ကား ၂ စီးနဲ့ သယ်သွားတယ်။ အဲ့ဒီရွာမှာ စစ်သားလက်ကျန် မရှိတော့ဘူး”

မြောက်ခင်ရန်းရွာကနေ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ စစ်ရှောင် ၃ ဦးကျည်ထိ

“တိုက်ပွဲဖြစ်တာမျိုး မရှိပါဘူး။ ဒီအတိုင်း လက်နက်ကြီးနဲ့ကို ပစ်တာပါ။ ထိခိုက်သူ ၃ ဦးနဲ့ နာမည်ကိုတော့ လုံခြုံရေးအရပြောပြလို့မရပါဘူး”

ကြို့ပင်ကောက်မြို့ပေါ်က စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ

"၂ ကောင်လောက်ကတော့ ပွဲချင်းပြီးသေတယ်။ ၃ ကောင်ကတော့ ဒဏ်ရာရတယ်။ အဲ့ ၃ ကောင်ကို သတင်းပွမှာစိုးလို့ ဆေးရုံမတင်ဘဲ စခန်းထဲကို ပြန်ခေါ်သွားတယ်လို့ သတင်းရတယ်"

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA က တပ်သားသစ်ခေါ်နေ

နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် Bamar Peoples Liberation Army-BPLA တပ်ဖွဲ့လည်းပါဝင်နေပြီး သင်တန်းသားအသစ်တွေခေါ်ယူ စုဆောင်းနေတယ်လို့ BPLA တပ်ဖွဲ့ဆီက သိရပါတယ်။

ပဲခူး အထက ၄ မှာ အုပ်စုဖွဲ့ ဝိုင်းထိုးတဲ့ ကျောင်းသား ၇ ဦး ရဲစခန်းနဲ့ကျောင်းမှာခံဝန်ထိုးရ

"နစ်နာသူကျောင်းသားမိဘ ဘက်ကတော့ ဝိုင်းထိုးတဲ့ ကလေးတွေရဲ့ရှေ့ရေးကို ကြည့်ပြီး ခံဝန်နဲ့ပဲ ကျေအေးပေးလိုက်တယ်။ ရဲစခန်းမှာတော့ ဝိုင်းထိုးတဲ့ကျောင်းသားတွေဘက်ကလည်း တောင်းပန်တယ်လို့ သိရတယ်”

ကြည်း၊ လေနဲ့ ပူးပေါင်းပြီး မြစ်တွင်းစစ်ဆင်ရေးတွေပါ ဆင်နွှဲလာရကြောင်း ရေချုပ်အသစ် ထုတ်ပြော

ရေတပ်အနေနဲ့ ကြည်းတပ်၊ လေတပ်နဲ့ပူးပေါင်းပြီး ပင်လယ်ပြင်စစ်ဆင်ရေးသာမက မြစ်တွင်းစစ်ဆင်ရေးတွေပါ ဆင်နွှဲနေရတယ်လို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

"အဲ့နေ့က လက်နက်ကြီး ၄ ကြိမ်လောက်ပစ်တယ်။ အဓိက ရွာတွေဘက်ကိုပစ်တာ။ ထိတဲ့သူတွေကလည်း ရွာပြင် လယ်ထဲအလုပ်လုပ်နေချိန် သူတို့အနားကျပြီး ထိခိုက်ကြတာ"

ပျူစောထီးသင်တန်း အတင်းအကျပ်တက်ခိုင်းတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

“သူက တယောက်တည်း ဆိုင်ကယ်မောင်းနေတာ ခုခံချိန်မရလိုက်ဘူး။ ကျနော်တို့ သူ့ကို ၂ ချက်ပစ်တယ်။ အပစ်ခံရပြီး ဆိုင်ကယ်ယိုင်ပြီး ရှေ့ကနွားလှည်းကိုဝင်တိုက်တယ်။ ပြီးတော့ နွားကြားထဲရောက်သွားတယ်။ နောက်တချက် ကျနော်တို့ထပ်ပစ်ခဲ့တယ်”

ပဲခူးနယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားမှောက်လို့ ၇ ဦးဒဏ်ရာရ

"ကားက မောင်းလာရင်းကနေ နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ပက်လက်လန်သွားတာ။ ကားပေါ်မှာ ကလေးငယ်တွေပါပေမယ့် ကံကောင်းလို့ ကလေးတွေထိခိုက်ဒဏ်ရာမရကြဘူး"

ဘီယာဆိုင်က ဆိုင်ကယ်စီးပြန်လာတဲ့ ဒုရဲအုပ်နဲ့ ရဲတပ်သား ၂ ဦး ပစ်ခတ်ခံရပြီးသေဆုံး

“ရဲတပ်သား ၂ ယောက်ကတော့ ဆိုက်ကယ်ပေါ်က ပြုတ်ကျကျန်ခဲ့တယ်။ မလှုပ်နိုင်တော့ဘူး။ ဒုရဲအုပ်ကတော့ ဆိုင်ကယ်စီးလျက်နဲ့ ချောက်ထဲကျသွားတယ်”

ပခုက္ကူနည်းပညာတက္ကသိုလ်မှာ ရေစက်ဖွင့်ပိတ်လုပ်တဲ့ ရဲတပ်သား ၂ ဦး ပစ်ခတ်ခံရလို့ သေဆုံး

“သူတို့က အမြဲတမ်း ရေတင်တယ်။ ရေပြည့်ပြီးဆိုတာနဲ့ လာပိတ်တယ်။ ကျနော်တို့ ဒီနေ့က အဖွဲ့ ၂ ဖွဲ့ခွဲပြီးပစ်တာ ဒီဘက်မှာ ပစ်တာနဲ့ နောက်ထပ်တဖွဲ့က လေးထပ်ကျောင်းဆောင်ရှိနေတဲ့ စစ်**တွေကို ခေါင်းမဖော်နိုင်အောင်ပစ်တယ်။ သေဆုံးတာကိုတော့ ကျနော်တို့မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့တာ”

လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတဲ့ စစ်သား၂ ဦးကို NUGက သိန်း ၁၂၀ ကျော်ချီးမြှင့်

တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းမှ ရဲဘော် ၂ ဦးဖြစ်တဲ့ အသက် ၃၀ အရွယ် ကျော်လင်းထိုက်နဲ့ အသက် ၂၂ နှစ်အရွယ် ကောင်းထက်အောင်တို့က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ MA 4 သေနတ် ၁ လက်၊ MA 2 သေနတ် ၁ လက်၊ ကျည်ဆန်များ၊ ၄၀ မမ ကျည်ဆန် ၂၀ ကျော်တို့နဲ့အတူ အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။

ပေါင်းတည်မြို့နယ်အတွင်းက ကျေးရွာတွေကို လိုက်လံမီးရှို့နေတဲ့ စစ်ကြောင်းကို PDF တိုက်ခိုက်

“သက်သက်မဲ့ကို စစ်တပ်က မီးရှို့နေတာ။ တော်တော်ယုတ်မာတယ်ဗျာ။ သူတို့က PDFကို မနိုင်တော့ ရွာသား လာအပြစ်ရှာနေတဲ့ သူတို့ရဲ့ အကုသိုလ်အကျိုးတော့ ပြန်ခံရမှာပေါ့“

ဆက်ကြေးကောက်နေတဲ့ဂိတ် တိုက်ခိုက်ခံရပြီး စစ်သားနဲ့ပျူ ၅ ဦးသေဆုံး အများအပြားဒဏ်ရာရ

" အနီးကပ်ဝင်ပစ်ခဲ့တယ်။ ဒီလူတွေထွက်ပြေးသွားတော့ လက်နက်တွေမရလိုက်ပါဘူး။ စစ် ကူလာလို့ ပြန်ဆုတ်ခဲ့ရတယ်။ ၅ ယောက်သေတယ်။ ကျနော်တို့ဘက်က ၄ ယောက်ဒဏ်ရာရတယ် "

စစ်တပ်က ၂ ရက်ဆက် လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ

"ဒီရက်ပိုင်းမှာ စကစဘက်က နေ့တိုင်းလိုလို အလုံးရေအများကြီး ရွာတွေဘက်ကို ပစ်နေတာ။ အရင်ကထက် ပစ်ခတ်တဲ့အရေအတွက်က ပိုများလာတယ်။ အများစုက ညပိုင်းနဲ့မနက်အစောပိုင်းတွေမှာ ပစ်တာများတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10