သတင်းတို

ကြို့ပင်ကောက်မှာ အမျိုးသားတဦး ကြိုးဆွဲချသေဆုံး

“အရက်ကြောင့် စိတ်ကစဉ့်ကလျားဖြစ်ပြီး ကြိုးဆွဲချသွားတာပါ။ ဇနီးနဲ့ ကလေးတဦးကျန်ခဲ့တယ်”

ကလေးမြို့က စစ်ရှောင် ၂၀၀၀၀ ကျော် ရိက္ခာနဲ့အမိုးအကာ လိုအပ် (ရုပ်/သံ)

ကာလရှည်စစ်ရှောင်နေရသူတွေအတွက် ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးဌာန၊ ကလေးမြို့နယ် ဒုတာဝန်ခံကိုသူရိန် ကပြောပါတယ်။

ပခုက္ကူရှိ ခလရ ၂၅၂ တပ်ကို PDF တွေက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်

“ခလရ ၂၅၂ တပ်ဝန်းထဲက လက်နက်ဂိုထောင်ပေါ်ကျပြီး ပေါက်ကွဲခဲ့တာ၊ အထိအခိုက်ကတော့ တပ်တွင်း သတင်းအရ သိရတာပါ။ သေဆုံးတာကတော့ ၄ ဦးထက်မနည်းသေတယ်လို့ သိရတယ်”

ခင်ဦးနယ်က ပျူစောထီးရွာကို PDF က ဒရုန်းနဲ့ ဗုံးကြဲ

“ထိခိုက်သေဆုံးမှုတွေကိုလည်း အတွင်းသတင်းအရ ကြားသိရတာပါ။ ဒီနေ့မနက် ထပ်သိရတာက ဒလန်နေအိမ်တလုံးပြိုတယ်။ ဘန်ကာ ၃ ခု ပျက်စီးသွားတယ်”

ပုလဲ၊ မြကုန်းရွာတိုက်ပွဲမှာ စိတ်ကျန်းမာရေးမကောင်းသူ လူငယ်တဦးနဲ့ PDF တဦးသေဆုံး

" မနေ့က စကစ ကင်းလှည့်အဖွဲ့နဲ့တိုးပြီး ပစ်ခတ်မှုဖြစ်တယ်လို့ သိရတယ်။ ဒီမနက် နယ်မြေရှင်းလင်းရေးလုပ်တော့ အလောင်း ၂ လောင်းတွေ့ရတယ်။ တယောက်က စိတ်သိပ်မမှန်တဲ့ ကလေးပါ။ သူ့ကိုလည်း ပစ်သတ်ပြီး PDF ဘောင်းဘီဝတ်ထားပေးတယ်။ စကစ အဖွဲ့ကတော့ မနေ့ကတည်းက ပြန်ထွက်သွားတာ"

တောင်ငူလေတပ် ဒရုန်းနဲ့ဗုံးကြဲခံရမှု လေယာဉ်ဂိုဒေါင်ရှေ့ပေါက်ကွဲ (ရုပ်/သံ)

ဒရုန်းဖျက် Jammer တွေတပ်ဆင်ထားတဲ့ လေယာဉ်ကွင်းကို အထူးစစ်ဆင်ရေးတစ်ရပ်အနေနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ လေယာဉ်ဂိုဒေါင်ရှေ့နေရာကို ကျရောက်ပေါက်ကွဲပြီး လေယာဉ်ပြုပြင်တဲ့ အနီးက ကားတစီးရှေ့ပိုင်းပျက်စီးပြီး လေယာဉ်ဂိုထောင်ဘေးတခြမ်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

"စစ်ကိုခေါ်လို့ တိုက်ပွဲမျှော်" (Photo News)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက ဒေသခံတွေဟာ "စစ်ကိုခေါ်လို့ တိုက်ပွဲမျှော်" ဆိုတဲ့ ခေါင်းစဥ်နဲ ၂ ရက်ဆက်တိုက် သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ဖြူးတိုက်ပွဲ စစ်ကောင်စီဘက်က ၁၇ ဦးကျော်သေ၊ ၂၀ ကျော် ဒဏ်ရာရ

" G 1 အဆင့်ဦးစီးပြီးလာတဲ့ စစ်ကြောင်းနဲ့ တနေကုန်နီးပါး တိုက်ပွဲဖြစ်တာ။ စကစဘက်ကတော့ လေကြောင်းပစ်ကူ အသားကုန်သုံးသွားတာ။ ဒါကြောင့် အလောင်းလက်နက် ကောက်မရလိုက်ဘူး"

မတ္တရာမြို့နယ် အနောက်ခြမ်းမှာ စစ်တပ်က ပြည်သူအယောင်ဆောင်ပြီး ဖမ်းဆီးတာတွေလုပ်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း သုံးဆယ်ပေကျေးရွာနဲ့ ကျွဲခြံကုန်းကျေးရွာတို့မှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ တောင်သူအယောင်ဆောင်ပြီး အနီးပတ်ဝန်းကျင်ကို ကင်းထောက်တာတွေ၊ ကာကွယ်ရေးတပ်တွေကို ထောင်ဖမ်းတာတွေ လုပ်နေတယ်လို့ မတ္တရာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မတ္တရာပကဖ)ဆီက သိရပါတယ်။

မြစ်ခြေတွင် ရေခပ်ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ရှင်းလင်း၊ သေနတ် ၁ လက်ရ

ဒီဇင်ဘာ ၁ ရက် မနက် ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီအထိုင်စခန်းကနေ ရေခပ်ဆင်းလာတဲ့ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်ပြီးနောက်မှာ လက်နက်ခဲယမ်းတွေကို သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

ရွာ ၆ ရွာကို အုပ်ချုပ်နေတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ရှင်းလင်းခံရသူမှာ ရွာမ၊ ကျောက်မျှော်၊ လယ်ကျင်းဦး၊ ဒုံငင်၊ ရွာသာအေးနဲ့ ရွှေလီကျေးရွာတို့ကို အုပ်ချုပ်နေတဲ့ အသက် ၄၀ အရွယ် ဦးသက်ခိုင်ဖြစ်ပြီး သူ့ကို မိုးတောင်ကျေးရွာထဲက လက်ဘက်ရည်ဆိုင်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

မုံရွာမှာ ရဲ ၁ ဦး စနိုက်ပါနဲ့ပစ်ခံရပြီး သေဆုံး၊ စစ်တပ်က ရွာကို မီးရှို့

"သူတို့ရဲစခန်းက ရဲတပ်သားပစ်ခံရတာကို မကျေနပ်လို့ ရွာက နေအိမ်တွေကို မီးတင်ရှို့တာ။ နေအိမ် ၅ လုံးလောက်တော့ မီးလောင်သွားတယ်။ ကုန်သွားတာက ၃ လုံး"

ချောက်ရေပေးဝေရေးဌာန အကြီးတန်းအရာရှိနေအိမ် လက်ပစ်ဗုံးနဲ့ဖောက်ခွဲခံရ

"အခုအချိန်မှာ ပြည်သူနဲ့လည်း မပူးပေါင်းပဲနဲ့ စစ်ကောင်စီရဲ့အလိုကြဆက်လက်လုပ်ဆောင်နေတဲ့အတွက် နောက်ဆုံးအကြိမ်နဲ့ သတိပေးတဲ့အနေနဲ့ သူအိမ်ကိုလက်ပစ်ဗုံးနဲ့ ပစ်ခတ်ဖောက်ခွဲခဲ့တာ၊အိမ်ကတော့ ထိခိုက်ပျက်ဆီးမှုတွေရှိတယ်"

နတ်တလင်းမှာ စစ်အုပ်စု တိုက်ခိုက်ခံရ

“မိုင်းဆွဲခံရတော့ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ပြီး လဲကျနေတဲ့ သူ့လူ(စစ်သား)တွေကို ဆွဲယူနေတာတော့ မြင်လိုက်ရတယ်”

ကပစ ၂၀ လက်နက်ထုတ်စက်ရုံ ၆၀ မမ Rocket တွေနဲ့ပစ်ခံရလို့ စက်ရုံဝန်းမီးလောင်နေ

"ထိခိုက်ပျက်စီးမှု အခြေအနေတွေကတော့ အသေးစိတ် မသိရသေးပါဘူး။ မြေပြင် သတင်းပေးပို့မှုတွေအရတော့ စက်ရုံဝန်းနဲ့ စက်ရုံအဆောက်အဦတွေကို ထိမှန်ခဲ့တယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10