သတင်းတို

ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ပြန်စနေပြီး တိုက်ပွဲပြင်းထန်နေ

နိုဝင်ဘာ ၃၀ ရက် မနေ့ကမနက် ၆ နာရီမှာ ထီးချိုင့်မြို့မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ တောင်တလုံးတောင်အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် မနက် ၇ နာရီလောက်မှာ ထီးချိုင့်မြို့ထဲကို ကာကွယ်ရေးတပ်တွေ ပြန်ဝင်လာပြီး တိုက်ပွဲပြန်စခဲ့တာလို့ ဆိုပါတယ်။

၁၀၂၇ နဲ့ ၁၁၂၇ စစ်ဆင်ရေး ကို ခင်ဦးဒေသခံတွေ ထောက်ခံကြိုဆို (Photo News)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒေသခံတွေနဲ့ ကျောင်းသူကျောင်းသားတွေပူးပေါင်းပြီး ၁၀၂၇ နဲ့ ၁၁၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံတဲ့ လှုပ်ရှားမှုကို ဒီဇင်ဘာ ၁ ရက် ဒီမနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပဲခူးအနောက်ခြမ်းမှာ စစ်တပ်က ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်

“အရှေ့ဘက်ကနေ ရဟတ်ယာဉ်သံကြားတော့ လတ်တလောတော့ ကြောက်သွားတာ။ ကျနော်တို့လည်း AK နဲ့ပြန်ပစ်တာပေါ့။ သူတို့(ရဟတ်ယာဉ်)ကလည်း ၅ မိနစ်လောက်ပစ်ပြီး လှည့်ပြန်သွားတယ် “

မြင်းခြံမှာ ရပ်ကျေး မီးလင်းရေးကော်မတီဝင် ၁ ဦးပစ်သတ်ခံရ

"သူ့ကို သေနတ်သမားတွေက စောင့်ကြည့်နေတာဖြစ်မယ်။ လေးငါးချက်လောက်ပစ်သွားလို့ နေရာမှာပဲ သေသွားတာ"

တန့်ဆည်နယ်မှာ စာသင်ကျောင်းနဲ့ဆေးရုံကို စစ်တပ်က လေကြောင်းသုံးပစ်ခတ်

“လူအထိအခိုက်တော့မရှိဘူး။ စာသင်ကျောင်းထဲက ပေ ၁၅၀ အဆောင်တော့ စုတ်ပြတ်သွားတယ်။ ဆေးရုံကိုတော့ မထိလိုက်ဘူး။ ဆေးရုံအနီးက လယ်ကွင်းထဲကျသွားတယ်”

စဥ့်ကူးမြို့နယ်ရှိ ပျူစောထီးတွေက ဒရုန်းနဲ့ ဗုံးကြဲလို့ ညစဥ် ဒေသခံတွေ ရှောင်ပြေးနေရ

"ညတိုင်းတညမှ မအိပ်ရဘူး။ ည ၁၂ နာရီလောက်ဆိုရင် ဒရုန်းက တဝီဝီနဲ့ ခြံဝန်းတွေထဲ အထိဝင်တာ။ မနေ့ညက ကြက်တူရွေးရွာက အိမ်နဲ့ မော်ဦးရွာက အိမ်တွေထဲကျတယ်တဲ့။ အထိအခိုက်တော့ သေချာမသိရဘူး"

ရွှေဘိုမြို့ကို တပ်ဆုတ်လာတဲ့စစ်ကြောင်းတိုက်ခိုက်ခံရလို့ စစ်ဗိုလ် ၁ ဦးအပါ ၃ ဦးသေဆုံး (ရုပ်/သံ)

ရွှေဘိုမြို့ကို တပ်ပြန်ဆုတ်လာတဲ့ စစ်ကြောင်းကို နိုဝင်ဘာ ၂၉ ရက်က (အောင်ချမ်းသာ) ရွာသစ်နဲ့ ဇီးတောရွာတွေမှာ ကြားဖြတ်တိုက်ခိုက်ခံရလို့ အနည်းဆုံး ၂ ဦးသေဆုံးခဲ့တယ်လို့ မြေပြင်ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

သူရဲသမိန်ရွာက စစ်အုပ်စု တိုက်ခိုက်ခံရပြီးနောက် စစ်တောင်းမြစ်အတွင်း ဒေသခံတွေမသွားဖို့ ခြိမ်းခြောက်ကန့်သတ်

" ဒီဘက်ရွာသားတွေက ရေလမ်းကို အများဆုံးအားကိုးပြီးသွားနေကြတာ။ ရိက္ခာဝယ်တာ၊ ငါးဖမ်းတာနဲ့ သွားလာတာတွေ သုံးကြတာ။ ခုလိုပိတ်လိုက်တော့ ရွာခံတွေအတွက် အခက်ခဲဖြစ်လာမှာပဲ "

ပေါက်ခေါင်းမှာ စစ်အုပ်စုတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးဒဏ်ရာရ

တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိပြီး တိုက်ခိုက်ခံရချိန်မှာလည်း စစ်သားတွေဘက်က ဘန်ကာထဲကနေ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးက ပြည်သူတဦးကိုထိမှန်

“၂၅၉ တပ်က ပစ်လိုက်တာ အသံအကျယ်ကြီးမြည်ပြီး မီးတန်းနဲ့ ကျည်ထွက်သွားတာ လူတွေ အကုန်လုံးမြင်ရတယ်။ သက်သက်မဲ့ပစ်နေတာ”

PDF ကို မြေပဲထောက်ပံ့ရင်း စစ်ကောင်စီကို ဆန္ဒဖော်ထုတ် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ PDF ရဲဘော်တွေ စားနပ်ရိက္ခာဖူလုံဖို့ မြေပဲသီးနှံတွေကို ထောက်ပံ့ရင်း စစ်ကောင်စီကို ဆန္ဒဖော်ထုတ်တဲ့ သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြတယ်လို့ ပခုက္ကူခရိုင် ၊ အမှတ် ၆ တပ်ရင်း၊ Myaing Villages Revolution Front - MRVF အတွင်းရေးမှူး ကိုတင့်ဆီက သိရပါတယ်။

ပျူစောထီးခေါင်းဆောင်နေအိမ်ကို PDF က စီးနင်းပစ်ခတ်ခဲ့လို့ ပျူစောထီးတဦးသေဆုံး

"ကျနော်တို့လာတာကိုတွေ့တော့ ဖိုးအေးမိန်းမက ပစ်ပစ်ဆိုပြီး အရင်အော်တယ်။ သူတို့ဘက်က အရင်ပစ်တာ။ ပစ်ခတ်တာ မိနစ် ၂၀ လောက်အတွင်းမှာ ဖိုးအေးက ထွက်ပြေးသွားတယ်"

စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ ၂ နှစ်အရွယ် ကလေးတဦးသေဆုံး

“နာရေးကတော့ ဒီမနက်မှာပဲ ပြုလုပ်လိုက်ပါပြီ။ သူတို့(စစ်ကောင်စီ)တွေ အရင်ရက်တွေတုန်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ပစ်ထုတ်တာမျိုးတွေရှိလို့ ရွာသားတွေလည်း ရွာထဲမှာ မနေရဲလို့ ထွက်ပြေးတိမ်းရှောင်နေတာမျိုးတွေရှိတယ်”

PDF ကို တောင်သူတွေ မြေပဲထောက်ပံ့ (Photo News)

"ရဲဘော်တွေ စားသုံးဆီအတွက် ပြည်သူတွေက မြေပဲစိုက်ပျိုးပြီး (တောင်သူတွေက) ထောက်ပံ့ပေးခဲ့တာ" လို့ MRVF တပ်ဖွဲ့အတွင်းရေးမှူး ကိုတင့် က မြေလတ်အသံကို ပြောပါတယ်။

နိုင်ငံအဝှမ်းတိုက်ပွဲဖြစ်နေပြီး ရှမ်းမြောက်နဲ့ရခိုင်မှာ သာလွန်အင်အားနဲ့ တိုက်ခံနေရတယ်လို့ စစ်ခေါင်းဆောင်ညည်းတွား

ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ရခိုင်ပြည်နယ်က တပ်စခန်းတွေကို သာလွန်အင်အားနဲ့ တိုက်ခိုက်ခံနေရပြီး နိုင်ငံအနှံ့မှာ တိုက်ခိုက်ခံနေရတယ်လို့ နိုဝင်ဘာ ၂၉ ရက် ဒီကနေ့ပြုလုပ်တဲ့ နေပြည်တော် စစ်ကောင်စီအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10