သတင်းတို

၁၀၂၇ စစ်ဆင်ရေး တလပြည့်မှာ ကျင်းပတဲ့ တော်လှန်ကထိန် (Photo News)

တန်ဆောင်မုန်းလပြည့်နေလည်းဖြစ် ၁၀၂၇ စစ်ဆင်ရေး ၁ လပြည့်တဲ့နေ့လည်း ဖြစ်တာကြောင့် အခုလို ကထိန်လှည့်လည်ပွဲကို အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုနဲ့ ပူးပေါင်းကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

စစ်တောင်းမြစ်ဘေးရွာတွေကို ပျူစောထီးအင်အားတောင်းပြီးနောက် အုပ်ချုပ်ရေးအဖွဲ့ဝင် ၄၀ ကျော် ထွက်ပြေးနေ

နိုဝင်ဘာလ ၂၇ ရက် မနေ့က မနက်ပိုင်းမှာ သူရဲသမိန်ရဲစခန်းနဲ့ ခမရ ၅၉၈ တပ်တွေတိုက်ခိုက်ခံရပြီးနောက် မြစ်ကျိုး၊ လက်ပန်၊ ဂွေ့ကြီး၊ ဝိုင်းပတ်ကျေးရွာတွေအပါအဝင် စစ်တောင်းမြစ်ကမ်းနားက ရွာတွေကို ပျူစောထီးအင်အား ၃၀စီ ပေးဖို့ တောင်းခံတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်က စစ်တပ်စခန်းကုန်းတခုကို PDF က သိမ်းပိုက်

“အရှင်ဖမ်းမိထားတဲ့ ၄ ယောက်လုံးက စခန်းကုန်းကိုဝင် ရောက်စီးနင်းခဲ့တဲ့အချိန်မှာပဲ လက်ရ ဖမ်းဆီးခဲ့တာ။ ထွက်ပြေးလွတ်မြောက်သွားတဲ့ သူတွေလည်းရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်သေဆုံးတာတွေ မရှိပါဘူး။” လို့ MDY – PDF တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။

နတ်တလင်းနဲ့ ပေါင်းတည်မြို့နယ်က ရာအိမ်မှူးနဲ့ ပျူစောထီးဆိုသူ ရှင်းလင်းခံရ

ပဲခူတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်နဲ့ ပေါင်းတည်မြို့နယ်က စစ်ကောင်စီခန့် ရာအိမ်မှူးနဲ့ ပျူစောထီးဆိုသူတို့ကို သေနတ်နဲ့ပစ်ပြီး ရှင်းလင်းခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မြေလတ်အသံကို ပြောပါတယ်။

ဝက်လက်က စခန်းသိမ်းတိုက်ပွဲမှာ စခန်းမှူးနဲ့ ဒုရဲအုပ်အပါ ၁၆ ဦးဖမ်းမိပြီး သေနတ် ၃၀ ကျော်ရရှိခဲ့

လက်ရှိမှာ “အဲဒီစခန်းကို စစ်တပ်ကပြန်ပြီးအထိုင်ချဖို့ကြိုးစားနေတယ်"လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ၁ လအကြာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကိုင်းနဲ့ မကွေးက မြို့ ၂ မြို့နဲ့ စစ်ကောင်စီစခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့

၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ၁ လအကြာမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကိုင်းတိုင်းအတွင်း ကောလင်းမြို့နဲ့ ခမ်းပတ်မြို့ ၂ မြို့ကို ထိန်းချုပ်ထားနိုင်ပါတယ်။

ပြည်မြို့ဒကစဝန်းအတွင်း အရာရှိကြီးတွေ ပုန်းအောင်းဖို့ ဗုံးခိုကျင်းတွေ အခိုင်အမာတည်ဆောက်နေ

"ဟုတ်တယ် အခုရက် ဒကစထဲမှာ ဗုံးခိုကျင်းတွေတူးတယ်တဲ့။ ကျနော်ကတော့ ဝမ်းသာတယ်။ ဒင်းတို့ တခါတည်း မြေမြှုပ်ပြီးသားဖြစ်တာပေါ့"

ဝေါမြို့နယ်က တိုက်ပွဲမှာ ရဲစခန်းမှူးအပါ ၉ ဦးသေပြီးသေနတ် ၄ လက်ရရှိ

"နဂိုက စခန်းမှာ အင်အား ၂၀ ကျော်လောက်ပဲရှိတယ်။ မနေ့ကမှ အင်အား ၃၀ ကျော်လောက်ထပ်ရောက်လာတယ်လို့ သိရတယ်။ တိုက်ပွဲဖြစ်ဖြစ်ချင်းမှာ စကစဘက်က တာဝန်ခံ အရာရှိဆိုသူက အရပ််ဝတ်နဲ့ အရင်ဆုံးထွက်ပြေးသွားတာ"

အထက်မင်းလှနဲ့ မင်းတုန်းနယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၆ ဦး တပြိုင်နက် အသတ်ခံရ

“ မင်းလှနဲ့ မင်းတုန်းအစပ်က ရွာတွေရဲ့အုပ်ချုပ်ရေးမှူးတွေပါ၊ ၆ ယောက်သေပါတယ်။ အဲ့ဒီရွာတွေက အုပ်ကြီးတွေကို ဝင်ပစ်ခံရတဲ့အချိန်မှာ ဘေးနီးစပ်တဲ့ရွာတွေက အုပ်ကြီးတွေထွက်ပြေးကြတယ်လို့လည်း သိရတယ်”

လှတောရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို PDF တွေက ဒရုန်းနဲ့ တိုက်ခိုက်

“ဒရုန်းနဲ့ချတာက သူတို့အထိုင်နေရာစခန်းနဲ့ စိုက်ပျိုးရေးရုံးပတ်ပတ်လည်ကို တချိန်တည်းမှာပဲချခဲ့တာ။ သူတို့ ဘက်က ထိခိုက်မှုတွေရှိလို့ ကျနော်တို့ကို လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တာ”

စနိုက်ပါနဲ့ ပစ်ခတ်ခံရလို့ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

စစ်သားအင်အား ၁၅ ဦးဝန်းကျင်နဲ့ တပ်စွဲထားတဲ့နေရာကို နိုဝင်ဘာ ၂၆ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ စနိုက်ပါနဲ့ချောင်းမြောင်းပစ်ခတ်ခဲ့တာလို့ Burma Revolution Rangers တာဝန်ခံ ကိုကာတွန်းက ပြောပါတယ်။

ရေတာရှည်မှာ စစ်ကောင်စီကင်းပုန်းကို PDF တွေ သွားရောက်တိုက်ခိုက်

"တိုက်ပွဲကတော့ သိပ်မကြာလိုက်ဘူး။ စကစ အဖွဲ့ရောက်နေတယ်ဆိုလို ဒီဘက်က အဖွဲ့တွေ သွားပစ်ကြတာ။ နှစ်ဖက်အထိအခိုက်ရှိတယ်"

ဝက်လက်က စစ်ရှောင်ဒေသခံတွေ ရိက္ခာပြတ်နေတာကြောင့် အရေးပေါ်အကူအညီလိုအပ်နေ

"လူအင်အားများတော့ ဘေးရွာတွေကလည်း ကျွေးဖို့ အခက်အခဲဖြစ်လာတယ်။ ရှောင်တဲ့ရက်ကလည်း ကြာလာတော့ စားစရာပြတ်သွားတာ"

စစ်ကောင်စီတပ်သားတွေ ထွက်ပြေးစွန့်ခွာသွားတဲ့စခန်းကို PDF တွေ မီးရှို့ (ရုပ်/သံ)

ဇီးဖြူကုန်းစခန်းကို ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးအစစ်၂လုံး၊ လက်လုပ်ဗုံးသီး ၁၀ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းသိမ်းအပြီးမှာ ပူးပေါင်းတပ်ဖွဲ့တွေက စစ်အုပ်စုအသုံးပြုခဲ့တဲ့ ဘန်ကာတွေကို မီရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ကပစ ၂၄ က တပ်ကြပ်ကြီးတဦး လက်နက်နဲ့အတူ အလင်းဝင်

မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ က တပ်ကြပ်ကြီးတဦး ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10