သတင်းတို

ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းပစ်ကူ ၄ ကြိမ်အထိပေးနေရ

“ ၁၂ ကျော်လောက်မှာ နောက်ဆုံးတခေါက် ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးလာချသွားတယ်။ အဲ့ဒီဟာက ထိခိုက်ပျက်စီး အတည်မပြုနိုင်သေးဘူးဗျ။ နမခကလာတဲ့ Mi-35 ၃ ကြိမ်လာပစ်တာမှာ ဒေသခံတွေ ရော ရဲဘော်တွေရောထိခိုက်မရှိဘူး။ ၃ ခေါက်မြောက်လာပစ်တာက ၁ နာရီနီးပါးကြာတယ်”

ရွှေဘိုတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံး လူထုကပန်းနဲ့ကြို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်အခြမ်းမှာရှိတဲ့ တည်သီးတောကျေးရွာမှာ တပ်စွဲနေတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာစစ်အုပ်စုဘက်က ၂၀ ဦးသေဆုံးတယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း-၇ မြင်းခြံခရိုင် အဖွဲ့ဆီက သိရပါတယ်။

ဝေါနဲ့ရွှေကျင်က တပ်စခန်း ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ တပြိုင်နက်တိုက်ခိုက်နေ

နိုဝင်ဘာ ၂၇ ရက် မနက်အစော ၄ နာရီကျော်ကစပြီး ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာရှိ နယ်မြေရဲစခန်းနဲ့ အဆိုပါရဲစခန်းနဲ့ စစ်တောင်းမြစ်သာခြားတဲ့ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာရှိ ခမရ ၅၉၈ တပ်ကို KNLA၊ PDF တပ်တွေက ပူးပေါင်းတိုက်ခိုက်နေတာပါ။

အောင်ပွဲရ တိုက်ပွဲပြန်ရဲဘော်တွေကို အောင်သပြေနဲ့ကြိုဆို

"ပြည်သူတွေက အောင်သပြေတွေနဲ့ကြိုဆိုနေကြတယ်။ တိုက်ပွဲမှာ ပင်ပန်းခဲ့သမျှ အမောပြေခဲ့ရတယ်”

ဝက်လက်မြို့သိမ်းတိုက်ပွဲ သတိပေးတဲ့အနေနဲ့ စစ်အုပ်စုဘန်ကာတွေကို လက်နက်ကြီးနဲ့ပစ် (ရုပ်/သံ)

"မြို့သိမ်းတိုက်ပွဲတွေ စတော့မလို့ မဟာမိတ်ပေါင်းစုံနဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာ။ ကျနော်တို့ကတော့ လက်နက်ကြီး ၁၅၀ အဖူး ၁၀ လုံး တခြားအဖွဲ့တွေက ၁၅ လုံးလောက် ပစ်ခတ်ခဲ့တယ်။ ဘန်ကာတွေပေါ်လည်း ကျတယ်။ သူတို့ဘက်က လက်နက်ငယ်‌တွေနဲ့တော့ ပြန်ပစ်တယ်။ သေဆုံးဒဏ်ရာရ အခြေအနေကိုတော့ စုံစမ်းနေဆဲပဲ"

ပျူစောထီးတွေလက်ထဲက ထွက်ပြေးလွတ်မြောက်လာသူ ၅ ဦးကို ထောက်ပံ့

"ပျူရွာထဲမှာ စားဖို့ခက်ခဲနေကြတယ်။ ကလေးတွေကိုလည်း ချုပ်ခြယ်ထားတော့ မနေနိုင်တော့လို့ ထွက်ပြေးလာကြတာပါ။ စားဖို့နေဖို့အတွက်လည်း တတ်နိုင်သလောက် ထောက်ပံ့ပေးထားပါတယ်"

ဝေါမှာ တွဲကားနဲ့ ခရီးသည်တင်ကား တိုက်ပြီး ၁ ဦးသေ၊ ၁၃ ဦးဒဏ်ရာရ

"ဖြစ်တဲ့အချိန်ကလည်း ဝေလီဝေလင်းအချိန်။ တွဲကားက ရပ်ထားတဲ့ကားကိုကျော်တက်တာ ချိတ်မိပြီး တဖက်ယာဥ်ကြောကို ရောက်သွားတာ။ အရှိန်များတာလည်းပါတယ်"

မိုင်းဆွဲခံရတဲ့ စစ်အုပ်စုက နေအိမ် ၃၀ ကိုမီးရှို့ခဲ့

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကံသာကျွန်းအနီး မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းက ကျွန်းပေါ်ရှိ ဒေသခံနေအိမ် ၃၀ ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။

ADPRA အဖွဲ့ဆီ ရဲနှစ်ဦးနဲ့ ပြည်သူ့စစ်တဦး အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀၊ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - ADPRA တပ်ဖွဲ့ဆီကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား နှစ်ဦးနဲ့ ပြည်သူ့စစ်တဦးတို့ အလင်းဝင်ရောက်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အမျိုးသမီးနဲ့ကလေးတွေကို အကြမ်းမဖက်ရေး လှုပ်ရှားခဲ့ကြတဲ့ အညာမြေ (ရုပ်/သံ)

ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးနဲ့ ကလေးငယ်များ အကြမ်းဖက်မှုပပျောက်ရေးနေ့မှာ လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီလှုပ်ရှားတွေကိုတော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ ရှိနေတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ သပိတ်ကော်မတီတွေက ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အမျိုးသမီးနဲ့မိန်းကလေးများကို ကာကွယ်ဖို့ အတူအကွ ပါဝင်ပံ့ပိုးစို့ ဆိုတဲ့ ပိုစတာစက္ကူတွေကို ကိုင်ဆောင်တာ ကလေးငယ်တွေကို ပညာပေးဟောပြောတာတွေ လုပ်ဆောင်ခဲ့ကြတာပါ။

ပုလဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ရဲစခန်းနဲ့ သစ်တောရုံးကို လက်နက်ကြီးနဲ့ပစ်ခံရ (ရုပ်/သံ)

နိုဝင်ဘာ ၂၂ ရက် မနက် ၈နာရီခွဲမှာ ၆၀၊ ၈၀၊ ၁၂၀ မမလက်နက်ကြီး စုစုပေါင်း အလုံး ၅၀လောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မဲမှောင်ပြောက်ကျားတပ်ဖွဲ့ ဒုခေါင်းဆောင် ဗိုလ်နေမင်းက ပြောပါတယ်။

ဝက်လက်မှာ ကြားညှပ်တိုက်ခံနေရတဲ့စစ်ကြောင်း ထွက်မရသေး၊ PDF က ကားလမ်းတွေ ပိတ်ထား

"ရှေ့လည်းတိုးမရ၊ နောက်လည်း ပြန်ဆုတ်မရဖြစ်နေတာ။ သေတဲ့သူတော်တော်များတယ်။ အထမ်းတွေနဲ့ ခေါ်ထုတ်နေတာ မြင်နေရတယ်"

ပေါက်ခေါင်းမှာ ပျူစောထီးခေါင်းဆောင်ဆိုသူတဦး ရှင်းလင်းခံရ

“ အချက်ရေကတော့ တော်တော်များတယ်။ ဘယ်နှစ်ချက်မှန်းကို မမှတ်မိဘူး။ ပွဲချင်းပြီးသေသွားပါတယ် “

ဆားလင်းကြီး မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

အင်အား ၁၀၀ ဝန်းကျင်နဲ့ အထိုင်ချတပ်စွဲနေတဲ့ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့၊ စစ်ကောင်စီတပ်စွဲထားရာ စာသင်ကျောင်းတို့ကို Chindwin Toe Na Yar PDFနဲ့ မဟာမိတ်အဖွဲ့တွေက ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ၊ ၁၂၀ မမ အပြင် လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Chindwin Toe Na Yar PDF ဗိုလ်မုန်တိုင်းက ပြောပါတယ်။

နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးကို စစ်အုပ်စုက မကြာခဏလာရှာတဲ့အပြင် ရွာသားတွေကိုပါ ဖမ်းဆီးရိုက်နှက်နေ

“ခြင်ထောင်တွေပါ ဖွင့်ပြီးရှာတာ။ ရွာထဲမှာအထိုင်ချနေတဲ့ စစ်အုပ်စုက လာရှာတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10