သတင်းတို

ကျောက်ကြီးမှာ ရွာပြင်ထွက် နွားကျောင်းတဲ့အမျိုးသား မိုင်းနင်းမိလို့ ခြေကျင်းဝတ် ပြတ်ထွက်

" ရွာပြင်ချောင်းနားမှာ နွားကျောင်းနေချိန် နင်းမိုင်းထိတာလို့ပြောတယ်။ အခြေအနေကတော့ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူး"

တောင်သူလုပ်ပြီး လက်နက်ကိုင်တော်လှန်နေတဲ့ BRR ရဲဘော် ၁၅ ဦး (ရုပ်/သံ)

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ Burma Revolution Rangers အဖွဲ့ဟာ တော်လှန်ချိန် ၂ နှစ်ကျော်ကြာလာတဲ့အထိ လက်နက်ခဲယမ်းအတွက် တောင်သူလုပ်ရင်း ရဲဘော်အင်အား ၁၅ ဦးနဲ့ တော်လှန်နေတာလို့ အဲဒီအဖွဲ့ရဲ့ တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ကသာမြို့ဌာနဆိုင်ရာမှ CDMနဲ့ အလင်းဝင်လာသူ ၁၃၀ ကျော်အထိရှိလာ

" CDMတွေက ပညာရေးဌာနလူတွေ ပိုများတယ်။ တချို့ဆို page ဖုန်းနံပါတ်နဲ့ ဆက်သွယ်ပြီး ဝင်သလို တချို့ဆို သက်ဆိုင်ရာကျေးရွာရှိ ပအဖ၊ ပကဖတွေက တဆင့်ဆက်သွယ် ဝင်ရောက်လာပါတယ်။ တချို့က တယ်လီဂရမ်က ဆက်သွယ်လာပြီး ရောက်ရှိ မလာသေးလို့ စာရင်းမသွင်းရသေးတာတွေလည်း ရှိသေးတယ်ဗျ"

မြင်းမူနဲ့ ညောင်ပင်ဝန်းတွင် PDFနဲ့ စစ်ကောင်စီထိတွေ့မှုဖြစ်၊ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိ

"မနေ့က ကျနော်တို့ဘက်က သူတို့လာမှာ သတင်းရလို့ ပြန်ဆုတ်ထားပြီး အခြေနေကြည့်နေတာ။ အဲ့နားဝန်းကျင်မှာလည်း စကစအတွက် မိုင်းကွင်းဆင်ထားတာရှိတယ်။ သူတို့လည်းရောက်လာ ကျနော်တို့ ဘက်ကလည်း မိုင်းဆွဲပြီး ပစ်ခတ်တာ"

အုတ်ဖိုမှာ ဖမ်းမိတဲ့စစ်သား ထွက်ပြေးလို့ အသေပစ်ခတ်ဖမ်းဆီးရ

“ ကောင်းကောင်းမွန်မွန် စစ်မေးနေတာကို ရဲဘော်တွေအိပ်နေတုန်း ထွက်ပြေးလို့ အသေပစ်ခတ် ဖမ်းဆီးလိုက်ရတာ။ သူ့ဆီက စစ်မေးစရာတွေ မကုန်သေးဘူး “

ကန့်ဘလူက ကျေးရွာ ၄ ခုကို တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လှည့်ပတ် ပစ်ခတ်ခဲ့

" PDF တွေရှိတယ်အထင်နဲ့လာပစ်တာလား၊ ဒေသခံတွေကို အကြောက်တရားပေးချင်လို့ လာပစ်တာလားတော့မသိဘူး။ စက်လက်ကျည်လာကျတဲ့နားက ဒေသခံတွေကျတော့ ဝရုန်းသုန်းကား ထွက်ပြေးသူ၊ ပုန်းသူတွေရှိကြတယ် "

ချောက်မှာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး PDF ၁ ဦးသေ၊ စစ်အုပ်စုဘက်က သေဆုံးသူများဟုဆို

“အရာရှိ ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၈ ဦး သေဆုံးပြီးတော့ ၇ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ မြေပြင်သတင်းတွေအရ သိရတယ်၊ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး တိုင်းပြည်အတွက် အသက်ပေးလိုက်ရတယ်”

မုန်းမြို့က တပ်ရင်း ၂ခုကို KNLA နဲ့ PDF တို့ သိမ်းပိုက်

ပဲခူးတိုင်း မုန်းမြို့နယ် အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း ၅၉၉ နဲ့ ၅၉၀ တို့ကို ဒီနေ့ နေ့လယ်ပိုင်းမှာ KNLA နဲ့ PDF အပါအဝင် ပူးပေါင်းတပ်တွေက သိမ်းနိုင်ခဲ့ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

လင်မယားရန်ဖြစ်တာကနေ ကျေးရွာပကဖ က ဖမ်းဆီးသွားတဲ့အမျိုးသား နာရီပိုင်းအတွင်း သေဆုံး

ကိုအောင်ဆန်းမင်းဟာ ကျေးရွာပကဖစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် နိုဝင်ဘာ ၂၉ ရက် မနက်အစော ၄ နာရီဝန်းကျင်မှာ သေဆုံးသွားခဲ့ကာ သူ့ကို ဖမ်းဆီးစစ်ဆေးနေချိန်အတွင်း နှိပ်စက်ခံရတာကြောင့် သေဆုံးခဲ့ရတာဖြစ်နိုင်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ကျေးရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးထိလို့ PDF ၁ ဦးနဲ့ အရပ်သား ၁ ဦး ထိခိုက်

"ကျနော်တို့ဘက်က ရဲဘော်တွေလည်း ရွာထဲရောက်ချိန် စကစ ဘက်ကပစ်တဲ့ လက်နက်ကြီးလည်း အကျဆိုတော့ ရဲဘော်တွေကော ဒေသခံတွေပါ ထိခိုက်သွားတာ"

"အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး" (ရုပ်/သံ)

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်က ဦးဆောင်ပြီး ဒီဇင်ဘာ ၁ရက်မှာ "အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး" ဆိုတဲ့ လှုပ်ရှားမှုတခုကို မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုတွေက ပူးပေါင်းပါဝင်လှုပ်ရှားခဲ့ကြပါတယ်။

မုံရွာ၊ ကြာပိုင်ရွာက အမျိုးသား ၁၁ ဦးကို စစ်အုပ်စုက ဖမ်းဆီးပြီးနောက် မီးရှို့သတ်

“ ဘာထိတွေ့မှုမှ မရှိဘဲ ဒီအတိုင်းရွာထဲကိုဝင်လာပြီး မီးရှို့သွားတာ။ ၅ယောက်လောက်ကတော့ စစ်ကြောင်းဝင်လို့ထွက်ပြေးတာမှာ မလွတ်ဘဲအဖမ်းခံရပြီး ညှင်းပန်းနှိပ်စက်ခံပြီးမှ အသတ်ခံရတာ။ ” လို့ မုံရွာဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပေါင်းတည်က စစ်ကောင်စီခန့် ရာအိမ်မှူးတဦး သေနတ်နဲ့ ပစ်သတ်ခံရ

“သူ့ကို(ကိုခင်မောင်ဝင်း) လုပ်ဖို့သွားတာကို သူက ကျနော်တို့ကို အိမ်ထဲကနေ ဓါးနဲ့ထွက်ခုတ်တာကို ပစ်လိုက်တာမှာ ခေါင်းကို တချက် ရင်ဘတ်ကိုထိပြီး ပွဲချင်းပြီး သေသွားတာ"

အင်းတော်မြို့အဝင်ဂိတ်တွင် ဖုန်းတွေစစ်ဆေးပြီး လုံခြုံရေးတင်းကျပ်

“ဓာတ်ပုံတွေ စစ်တယ်။ သူတို့မသင်္ကာတဲ့ဖုန်းတွေဆို ကွန်ပျူတာနဲ့ထိုးပြီး စစ်တယ်။ တရုတ်ပြည်ကနေပြန်လာတဲ့ ကောင်လေးတယောက်လည်း သူ့ဖုန်းထဲမှာ လက်နက်ကိုင်ထားတဲ့ ပုံတွေ့ပြီး အဖမ်းခံလိုက်ရတယ်”

PDFသိမ်းယူထားတဲ့ကောလင်းမြို့အနီးကို စစ်တပ်ကအင်အားတိုးမြှင့်ပို့ဆောင်မှုတွေ ဆက်တိုက်ပြုလုပ်

"ကောလင်းကိုပြန်သိမ်းဖို့ကြံနေတယ်လို့ပြောလို့ရတယ်။ ဝန်းသိုဘက်ကနေ ဟောင်ဝစ်ဆာနဲ့ပစ်တာတွေ ရှိတယ် "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10