သတင်းတို

RPG ကိုယ်တိုင်ထုတ် အသုံးပြုနေတဲ့ ADRPA (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ အခြေစိုက်တဲ့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် ADRPA အဖွဲ့က ကိုယ်တိုင် RPGထုတ်ပြီး အသုံးပြုနေတယ်လို့ ADRPA ရဲ့ ပြန်ကြားရေး ရဲဘော် မင်းညိုက ပြောပါတယ်။

သံတောင်ကြီးတိုက်ပွဲ လက်နက်ကြီးထိလို့ ဒေသခံ ၅ ဦးဒဏ်ရာရ

"တိုက်ပွဲက တော်တော်ဖြစ်ခဲ့တယ်။ လက်နက်ကြီးတွေလည်း အပြန်အလှန်ပစ်ကြတယ်။ စစ်တပ်ဘက်က ပစ်တဲ့လက်နက်ကြီးကတော့ ပိုများတယ်။ သိရသလောက်က သေဆုံးဒဏ်ရာရသူတွေလည်းရှိတယ်။ သေဆုံးသူတွေကတော့ အတိအကျမသိရဘူး"

ပုလဲက ၂ ရက်တာတိုက်ပွဲမှာ BNRA ဆေးမှူးတာဝန်ခံ ရဲမေ ၁ ဦးကျ ရဲဘော် ၁၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ဇီးဖြူကုန်းရွာ စစ်ကောင်စီအထိုင်စခန်းကို BNRA က ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီက လေကြောင်းနဲ့ ပြန်လည်တိုက်ခိုက်တာကြောင့် BNRA ဆေးမှူးတာဝန်ခံ ရဲမေ ၁ ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၁၃ ဦးဒဏ်ရာရကာ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA အဖွဲ့ဆီက သိရပါတယ်။

မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်တွေ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်တွေကို ၂ ရက်ဆက်တိုက် မောင်းသူမဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

ကိုင်းတောမရဲစခန်းကို PDF တွေ ၃ ရက်ဆက် တိုက်ခိုက်၊ ရဲ ၁ ဦးသေ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

"မီတာ ၁၀၀ ဝန်းကျင်ကနေ လက်နက်ငယ်အပြင် 79 တွေနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ပစ်ခတ်ခဲ့တာ ရဲ** ၁ ကောင်သေတယ်၊ ၃ ကောင်ထိခိုက်ဒဏ်ရာရတယ်"

မန္တလေးမှာ တကိုယ်တော်ဆန္ဒပြတဲ့ အမျိုးသမီးအပါ ၂ဦးဖမ်းခံရပြီး ကျောက်ဝိုင်းက ဆိုင် ၉၀ ကျော်ပိတ်ခံရ

"မနေ့ကတည်းက မဖွင့်တဲ့ ဆိုင်တွေကို ဓာတ်ပုံလိုက်ရိုက်ပြီး ဒီမနက်မှာ ပိတ်တယ်ဆိုပြီး စာလိုက်ကပ်တာ။ မဖွင့်ရဘူး လာဖွင့်ရင် အရေးယူခံရမယ်ဆိုပြီး ပြောသွားတယ်"

ခင်ဦးမြို့နယ်မှာ စစ်တပ်က ပြည်သူ ၄ ဦးသတ်ပြီး နေအိမ် ၁၅၀ ကျော်ကို မီးရှို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက် မနေ့က စစ်တပ် စစ်ကြောင်းထိုးခဲ့ပြီး အိမ်ခြေ ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို စုစုပေါင်းပြည်သူ ၄ ဦးကို သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေဆီက နေသိရပါတယ်။

မြင်းမူမှာ စစ်တပ်တပ်စွဲထားတဲ့နေရာတိုက်ခိုက်ခံရလို့ ၃ဦးသေ ၇ဦးဒဏ်ရာရပြီး ရဲမိသားစုဝင် ၂ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

"မြေပြင်သတင်းရတာတော့ ၃ ဦးသေပြီး ၇ ဦးဒဏ်ရာရတယ်လို့ မြေပြင်သတင်းကနေရတယ်။ အရှင်ဖမ်းမိတာကတော့ သူတို့ ရခရဲ့မိန်းမနဲ့ သမီးကိုတော့ အရှင်ဖမ်းမိတယ်"

ရွှေဘိုနယ်၊ ဇီးဖြူကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုးပစ်ခတ်လို့ အမျိုးသား ၄ ဦးသေဆုံး

"စကစ စစ်ကြောင်းဝင်လာတော့ တိုက်ပွဲဖြစ်တယ်။ စကစဘက်က အင်အားများတယ်။ တိုက်ပွဲက အချိန်တော်ကြာ ဖြစ်သွားတယ်။ ရဲဘော်တွေဘက်ကတော့ အားမတန်လို့ ပြန်ဆုတ်လာရတယ်"

ဆားလင်းကြီးက စစ်တပ်အထိုင် ရဲစခန်း၊ ထွေအုပ်နဲ့ ဆေးရုံတို့ တိုက်ခိုက်ခံရ

“ထွေအုပ်ရုံးနဲ့ ဆေးရုံမှာ အထိုင်ချထားတာတော့ ၁ နှစ်ကျော်ပြီ။ သူတို့ကို ကျနော်တို့ ၄၅ မိနစ်ကြာတဲ့အထိ လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်။ ကျနော်တို့ ကြားတာတော့ သူတို့တွေ နေတဲ့အဆောင်တွေထဲကို လက်နက်ကြီးတွေ ကျတယ်လို့ကြားတယ်။ သူတို့ဘက်ကလည်း ကျနော်တို့ကို စက်လက်နက်တွေနဲ့ ပြန်ပစ်တာမျိုးတွေရှိတယ်”

တောင်ငူ ခပေါင်းတံတားစစ်ရေးဂိတ် ဗုံးပစ်ခံရ၊ စစ်တပ်က ပစ်လို့ အမျိုးသား ၁ ဦးဒဏ်ရာရ

"စကစဂိတ်ကို ဗုံးလာပစ်သွားတာလို့ သိရတယ်။ သူတို့တွေ ကံကောင်းသွားတာက ဗုံးက မပေါက်လိုက်ဘူး။ အဲ့ဒါကို သူတို့က အကာရံတွေလုပ်ခွဲလိုက်တာ။ အဲ့ဒီအချိန်မှာ အမျိုးသားတဦးက ဆိုင်ကယ်နဲ့ ဖြတ်မောင်းသွားတာကို ပစ်လိုက်တာ"

ပဲခူး၊ ကဝနဲ့ သက္ကလမြို့တို့က ဒေသခံတွေလည်း အသံတိတ်သပိတ်မှာပါဝင်

ပဲခူးတိုင်းအရှေ့ခြမ်း ပဲခူး၊ ကဝနဲ့ သက္ကလမြို့က ဒေသခံတွေလည်း ဖေဖေါ်ဝါရီ ၁ ရက် ဒီနေ့မှာ ပြုလုပ်တဲ့ အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဆိပ်ဖြူနဲ့ကလေးမြို့က အသံတိတ်သပိတ်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့ကပြည်သူတွေဟာ ဖေဖော်ဝါရီ ၁ ရက်ဒီနေ့မှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ နွေဦးတော်လှန်ရေး ၃ နှစ်မြောက်နေ့ အသံတိတ်သပိတ်ကို ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ပခုက္ကူမြို့အဝင်ဆိုင်းဘုတ်မှာ NUG အလံလွှင့်ထူပြီး ခလရ ၂၅၂ တပ်အပေါက်ဝမှာ စစ်အာဏာရှင်အလိုမရှိကြောင်း စာတန်းပါဗီနိုင်းကို ချိတ်ဆွဲ

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် Burma Revolution Rangers ရဲဘော်တွေက ပခုက္ကူမြို့အဝင်ဆိုင်းဘုတ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလံလွှင့်ထူခဲ့ပြီး ခလရ ၂၅၂ တပ်အပေါက်ဝရဲ့ရှေ့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း စာတန်းပါဗီနိုင်းကို ချိတ်ဆွဲခဲ့တယ်လို့ အဖွဲ့တာဝန်ခံက ပြောပါတယ်။

ဒိုက်ဦးမြို့ရဲ့ အသံတိတ်သပိတ်လှုပ်ရှားမှု

စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင်တော်လှန်တဲ့နွေဦးတော်လှန်ရေး ၃ နှစ်မြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက် ဒီ‌နေ့မှာ ပြုလုပ်တဲ့ အသံတိတ်သပိတ်ကို ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်က ပြည်သူတွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10