သတင်းတို

ဆားလင်းကြီးမှာ စစ်ကြောင်းထိုးနေလို့ ရွာ ၄ ရွာက ဒေသခံတွေစစ်ရှောင်နေရ

ဒီမနက် ၇ နာရီလောက်မှာ မုံရွာကနေ ဆားလင်းကြီးဘက်ကို ဇက်သင်္ဘောနဲ့ ဖြတ်လာတဲ့ စစ်သား အင်အား ၈၀ လောက်က ဝမ်ပေါင်ကုမ္မဏီအနီးရှိ ဆည်တဲ၊ ဇီးတော၊ ကျောက်ဖြူတိုင်၊ မကျီးတန်း စတဲ့ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေတိမ်းရှောင်နေကြရတာပါ။

ပျူခေါင်းဆောင်အိမ် PDF စီးနင်းတိုက်ခိုက်၊ ၁ ဦးသေ ၃ ဦးဖမ်းမိပြီး သေနတ် ၂လက်ရ

ဇန်နဝါရီလ ၁၅ ရက် မနေ့ ည ၉ နာရီခန့်မှာ အင်အား ၇ ဦးခန့်ရှိ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ကာ သေနတ်ကိုင်ပြီးပြေးဆင်းလာတဲ့ ဦးခင်စိုးကိုတော့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

မင်းတုန်းမြို့နယ်က ဆရာမတွေကို ဖမ်းပြီး သိန်း၂၀နဲ့ ရွေးခိုင်းတာ မဟုတ်ဘူးလို့ PDF ငြင်းဆို

“အစကသာ ခုလိုဖြစ်မယ်သိရင် သူတို့လှူတာကို လုံး၀လက်ခံခဲ့မှာ မဟုတ်ဘူး။ ခုဟာက သူတို့ပဲ နိုင်ငံရေးကို နားလည်သဘောပေါက်သွားပြီမို့ လှူမယ်ဆိုပြီး သူတို့ဘာသာ နောက်ရက်မှ လာလှူသွားကြတာ။ အဲလိုလှူပြီးမှ မဟုတ်မမှန် ငွေနဲ့ရွေးခိုင်းတယ်ဆိုပြီး သတင်းဖြန့်တော့ စိတ်မကောင်းဘူး”

ကျောက်တံခါးမြို့နယ်ကြံ့ခိုင်ရေးကော်မတီဝင် ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရ

"လယ်ထဲဆေးဖြန်းဖို့သွားကြတာကို သူတို့လယ်အရောက်နားမှာ ပစ်သွားတာ။ ဖအေဖြစ်သူကတော့ နေရာမှာသေသွားတယ်။ သမီးက ဒဏ်ရာရသွားတယ်"

မတ္တရာမှာ လက်နက်ကြီးထိလို့ သက်ကြီးပိုင်းအမျိုးသမီးတဦး သေဆုံး

စစ်ကောင်စီဘက်က ဇန်နဝါရီလ ၁၅ ရက် မနေ့ညနေ ၄ နာရီလောက်မှာ ၈၁ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ၃ မိုင်အကွာရှိ အုန်းကုန်းကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ကြတာပါ။

ပြည်မှာ မီးလောင်လို့ အမျိုးသား ၁ ဦးသေပြီး နေအိမ် ၃ လုံးပျက်စီး

ဇန်နဝါရီလ ၁၅ ရက် ညနေ ၃ နာရီခွဲခန့်မှာ အဲ့ဒီရပ်ကွက် အသက်၆၅နှစ်အရွယ် ဦးသော်ဇင်ဟာ နေအိမ်က ရေခဲသေတ္တာကို ပြုပြင်နေစဥ် ရေခဲသေတ္တာအောက်ရှိ ဂက်(စ်)ကွိုင်ကို ဂဟေဆော်ရာမှ ပေါက်ကွဲပြီး မီးလောင်ခဲ့တာလို့ ဆိုပါတယ်။

နွားထိုးကြီးမှာ စျေးဝယ်ပြန်လာတဲ့ ရပ်ကျေးစာရေး အမျိုးသမီး ၁ ဦး ရှင်းလင်းခံရ

"သူ့အိမ်အတွက် ရွာထဲက ကုန်စုံဆိုင်မှာ စျေးဝယ်ပြီး ပြန်လာတာမှာ ဆိုင်ကယ် ၂ စီးနဲ့ လိုက်ပစ်တာလို့ သိရတယ်။ ရွာကို ကားလမ်းကဖြတ်ထားတော့ ကားလမ်းအတိုင်းလာရင်း ပစ်ခံရတာ။"

ငါန်းဇွန်က ရွာတရွာမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၅ဦးသေဆုံး (ရုပ်/သံ)

"ကျနော်တို့ ပစ်ခတ်ခဲ့တာက မီတာ ၅၀ အတွင်းမှာ ပစ်ခတ်ခဲ့တာ။ ပြည်သူတွေ သတင်းပေးတာတော့ ၅ ယောက်သေပြီး ၁၅ ယောက်ဒဏ်ရာရတယ်လို့ ပြောပါတယ်။"

PDF နဲ့တိုက်ပွဲဖြစ်တဲ့ စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ PDFနဲ့ တိုက်ပွဲဖြစ်တဲ့ စစ်ကောင်စီတပ်က ကျေးရွာ ၂ ရွာက နေအိမ် ၂၀၀ကျော်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဂန့်ဂေါခရိုင်တပ်ရင်း ၁ ရဲ့ စိတ်ဓါတ်မြှင့်တင်ရေး အားကစားပွဲနဲ့ ဖြေဖျော်ပွဲတွေ (ရုပ်/သံ)

မကွေးတိုင်းအခြေစိုက် ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းမှ ရဲဘော်တွေကို ဇန်နဝါရီ ၁၄ ရက် မနက် ၈ နာရီကနေ ည ၁၁ နာရီကျော်အထိ အားကစားပြိုင်ပွဲတွေအပါအဝင် ဖြေဖျော်ပွဲတွေကိုကျင်းပပေးခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

ပခုက္ကူပကဖ တပ်ခွဲ ၂ မှ တပ်ဖွဲ့ ၈ ဖွဲ့ရဲ့ ရဲဘော်တွေကို မွမ်းမံသင်တန်းပေး (ရုပ်/သံ)

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက မွမ်းမံသင်တန်းဖွင့်ကာ စတင်သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းကာလ ၁ လနီးပါးအကြာ ဇန်နဝါရီ ၁၃ ရက်မှာ သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်၍ စစ်လက်နက်ပစ္စည်းတွေလည်း ပေးခဲ့တယ်လို့ Young Force - UG ရဲဘော် ဝိုင်ပီက ပြောပါတယ်။

ကလေးမြို့ပေါ်မှာ သတင်းယူဖို့လာတဲ့ ရဲတပ်သား ၂ ဦးကို PDF က ဖမ်းမိ

“သူတို့က ပြည်သူလိုလို၊ ဘာလိုလိုအရပ်ဝတ်နဲ့ ကျောင်းကနေထွက်လာတာ။ ကျနော်တို့ သတင်းထောက်နေတဲ့အချိန် မသင်္ကာလို့ဖမ်းဆီးလိုက်တော့ ရဲတွေဖြစ်နေတာ ”

ပေါက်မြို့နယ်က စစ်ရှောင်ကလေးတွေကို တောင်ညိုနဂါး PDF က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးထောက်ပံ့မှုပေး

"ကလေးတွေမှာ စားဖို့၊ ဝတ်ဖို့၊ ဆေးဝါးတွေ မပြည့်စုံကြဘူးလေ။ သူတို့လေးတွေ ကျန်းမာဖို့အတွက်လိုအပ်လို့ အခမဲ့ဆေးကုပေးတာပါ"

PDF နဲ့တိုက်ပွဲဖြစ်ခဲ့တဲ့နေရာက ရွာ ၂ ရွာကို စစ်တပ်ကမီးတင်ရှို့လို့ နေအိမ် ၂၀၀ ကျော် ပျက်စီး

“ မအူကွင်းကို တနေကုန်ရှို့ပြီး တောင်ခမောက်ကို ညနေပိုင်းကနေ တညလုံးရှို့တာ။ မအူကွင်းက တလုံးစ၊ နှစ်လုံးလောက်ပဲ ကျန်တယ်ပြောတယ်။ တောင်ခမောက်ကတော့ အိမ်ခြေစိပ်တဲ့ ရွာလယ်ပိုင်းက အကုန်ပါတယ်။ သုံးပုံ နှစ်ပုံလောက် မီးထဲပါတယ်ပြောတယ် ဘယ်သူမှတော့ သွားမကြည့်ရဲဘူး”

မုန်းတိုက်ပွဲတွင် ဖမ်းမိတဲ့ စစ်သုံ့ပန်း ၁၉ ဦးအပါ တပ်ဖွဲ့ဝင်မိသားစု ၆၁ ဦးကို ဥပဒေများနဲ့အညီ KNU က စောင့်ရှောက်ထား

"သုံ့ပန်းတွေရော၊ တပ်မိသားစုတွေပါ စည်းမျည်းစည်းကမ်းတွေနဲ့အညီ သေသေချာချာ ကောင်းကောင်းမွန်မွန် ထားပါတယ်။ KNU က အဓိကပံပိုးမှုနဲ့ စောင်ရှောက်ထားပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10