သတင်းတို

ကလေးမြို့အမြောက်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၆,၀၀၀ နီးပါး တောထဲမှာ တိမ်းရှောင်နေရ

“ကျနော်တို့အရင်ကတော့ ရှောင်ဖူးတယ်။ အခုလိုတော့ အကြာကြီးမရှောင်ဖူးသေးဘူး။ အခု စစ်ရှောင်တာ အကြာဆုံးပဲလို့ ပြောလို့ရတယ်”

ကိုင်းကျေးရွာက စခန်းသိမ်းတိုက်ပွဲမှာ ရေတပ်စခန်းနဲ့ စစ်သင်္ဘောတွေကို ဒရုန်းနဲ့တိုက်ခိုက် (ရုပ်/သံ)

နိုဝင်ဘာ ၁၆ ရက် မနက် ၅ နာရီခန့်ကစပြီး ကိုင်းကျေးရွာ စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေချိန် စစ်ကူလာနိုင်တဲ့ ဆီမီးခုံရေနက်ဆိပ်ကမ်းက ရေတပ်စခန်းနဲ့ စစ်သင်္ဘောတွေကို Shar Htoo Waw နည်းပညာအသုံးပြုထားတဲ့ Fixed Wing Drone ၅ စီးနဲ့ ဗုံးသီး ၁၀ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ထဲ မဟာမိတ်တွေရောက်နေတဲ့သတင်းကြောင့် စစ်တပ်က မြို့ပေါ်ဘုန်းကြီးကျောင်းနဲ့ ဘုရားတွေမှာ တပ်စွဲ

"AA၊ MNDAAနဲ့ PDF တပ်တွေ မြို့ထဲရောက်နေတယ်လို့ သတင်းရထားတယ်။ မြို့တွင်းစစ်ဆေးမှုက ပိုပြီးကျပ်တည်းလာလိမ့်မယ်။ မြို့အပြင်က ကျေးရွာတွေအထိ စစ်တပ် တပ်စွဲပြီးရင် ဧည့်စာရင်းကို လူစာရင်းနဲ့ တိုက်စစ်ဖို့ ပြင်ဆင်ထားတယ်။ အဝေးက တပ်တချို့ကိုပါ မြို့တွင်းကို ခေါ်ထားတယ်"

တောင်ငူ ခလရ ၃၉ တပ်ကို စစ်ကောင်စီက လေကြောင်းပစ်ကူယူပြီး အပြင်းအထန်ကာကွယ်နေ

"ရဟတ်ယာဥ် ၂ စီးက လာပစ်လိုက် ပြန်လိုက်။ လာပြန်ပစ်လိုက် အခေါက်ရေ ၅၀ လောက်ရှိမယ်။"

ကဝမြို့နယ်ပကဖထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁ ဦးကို ဆုငွေ ၁၀ သိန်းချီးမြှင့်

"သေနတ်တော့ မပါဘူး။ သူက ကျနော်တို့ကို ကြားခံကနေတဆင့် ဆက်သွယ်လာတာ။ သူ့ကို ကျနော်တို့ ရဲဘော်တွေကိုယ်တိုင် လုံခြုံရေးပေးပြီး သွားခေါ်ဆောင်ခဲ့တာ"

နေအိမ်ပေါ်တက် ငှက်စာကျွေးတဲ့ အမျိုးသမီးတဦး ဓာတ်လိုက်သေဆုံး

"အိမ်က ၃ ထပ်။ အပေါ်တက်တဲ့အချိန် စတီးလက်ရန်းကို ကိုင်တက်တာမှာ လျှပ်စီးက ဝင်နေတာဖြစ်မယ်။ မိုးကလည်း ရွာထားတာဆိုတော့။ သူအိမ်သားတွေက ဝင်ဆွဲသေးတယ်။ ဒါပေမဲ့ သူတို့ပါ ဓာတ်လိုက်တော့ မိန်းကို အရင်ချရာမှာ အသက် မမီလိုက်တော့ဘူး"

ညောင်ခါးရှည် စစ်ဆေးရေးဂိတ် အမြန်ဖြတ်ကြေး ကျပ် ၅၀,၀၀၀ အထိပေးရ

"စျေးကတော့ ၄၀,၀၀၀နဲ့ ၅၀,၀၀၀ ကြားပေါက်နေတယ်လို့ သိရတယ်။ အလျင်လိုတဲ့သူတွေက ဖြတ်ဖို့အစီးရေ များရင်တော့ စျေးလျော့ပေးတယ်။ ပေးနိုင်တဲ့သူတွေကတော့ အချိန်ကုန်မခံဘဲဖြတ်ကြတယ်။ ကားတွေကများတော့ ညအိပ်စောင့်ရတာများတယ်"

ရေတာရှည်မြို့နယ်အတွင်း တိုက်ပွဲ ၂ ရက်ဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းပစ်ကူယူနေရ

"မနေ့က တနေကုန် ၂ ကြိမ်ဖြစ်တယ်။ ဒီမနက် အစောပိုင်းကတည်းက ဖြစ်နေတာ။ စကစဘက်က လေကြောင်းပစ်ကူနဲ့လည်း လာပစ်နေတာ။ တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ"

မြင်းခြံက စာသင်ကျောင်းမှာ တပ်စွဲထားတဲ့စခန်း PDFသိမ်းပိုက်မီးရှို့၊ သုံ့ပန်းအမျိုးသမီးတဦးဖမ်းမိ (ရုပ်/သံ)

"ကျနော်တို့ စတိုက်ကတည်းက လက်နက်ကြီးတွေပစ်ပြီး ကျားထိုးဝင်တာ။ လက်နက်ကြီးတွေက ဘန်ကာကိုထိသွားပြီးနောက်ပိုင်း စကစတွေက ရေရှည်တောင့်မခံနိုင်တော့ ထွက်ပြေးသွားကြတာ။ အလောင်းတွေကိုတော့ မတွေ့ခဲ့ရပေမယ့် သွေးကွက်တွေတော့ တွေ့ခဲ့ရတယ်"

ပေါက်ခေါင်းကကျေးရွာတွေကို စစ်ကောင်စီက အပြင်ထွက်ခွင့် ၁၂ နာရီသာပေး

“ရွာဘက်တွေကို နေဝင်မီးငြိမ်း ည ၆ မနက် ၆ အပြင်မထွက်ရအမိန့်ကို ရဲတွေက မြို့ထဲကို အသံချဲ့စက်နဲ့ လိုက်အော်သွားတာ။ ”

ရွှေဘိုမှာ ကင်းလှည့်နေတဲ့စစ်အုပ်စု ၂ ရက်ဆက် မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ကင်းလှည့်နေတဲ့စစ်အုပ်စုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ၂ ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

အုတ်တွင်းမှာ ဒဏ်ရာတွေနဲ့သေနေတဲ့ အမျိုးသားအလောင်းတွေ့

"သေတာက ညလောက်ကတည်းက ဖြစ်လောက်မယ်။ ရထားလမ်ဘေးဆိုပေမယ့် ရထားတိုက်ပြီး သေတာမျိုးလည်း မဟုတ်ဘူး။ ဒဏ်ရာတွေအရဆို ရိုက်နှက်ခံထားရတာဖြစ်နိုင်တယ်"

ကလေးမှာ သေနတ်ကိုင်ပျူစောထီး ၂ ဦးအပါ ၆ ဦး PDF ထံ အလင်းဝင်လာ

"ပျူစောထီး ၂ ယောက်က ကျနော်တို့တပ်ရင်းကို တိုက်ရိုက်ချိတ်ဆက်ပြီးတော့ ဝင်လာကြတာ။ အလင်းဝင်လာသူတွေထဲမှာ အသက် ၂၈ နှစ် တယောက်သာပါတယ်။ ကျန်တဲ့သူတွေက အကုန်လုံး ၁၈၊ ၁၉ လောက်ပါပဲ"

KNLA နဲ့ BPLA ပူးပေါင်းပြီး ရွှေကျင်မြို့နယ်မှာ စခန်းသိမ်းနိုင်ခဲ့

"မိနစ် ၂၀ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်။ အထိနာသွားလို့ စခန်းကနေ ထွက်ပြေးကုန်တယ်"

ဈေးဝယ်ထွက်လာတဲ့ ကျားတက်ရဲစခန်းမှူးနဲ့ တပ်ဖွဲ့ဝင် ၆ ဦး ပစ်ခတ်ခံရလို့ သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကနေ ဈေးဝယ်ထွက်လာတဲ့ စခန်းမှူးအပါအဝင် ၁၅ ဦးကို လမ်းကနေအသင့်စောင့်ပြီး သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Salingyi Special Task Force-SSTF အဖွဲ့ရဲ့ ရဲဘော်တဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10