သတင်းတို

စခန်းသိမ်းခံရတဲ့ ကျားတက်ရဲစခန်းက သေနတ် ၄ လက်အပါ ပစ္စည်းအများအပြားသိမ်းဆည်းနိုင်ခဲ့

MA 1 ၂ လက်၊ MA 3 ၁ လက်၊ BA 64(G 4) ၁ လက်၊ အမ်ဂျီ 2 လက်ပစ်ဗုံး ၅ လုံး၊ အီနာဂါဗုံးသီး ၁ လုံး၊ ကျည်ဘောက် ၁၀ ခု၊ ၅.၅၆ မမ အများအပြားနဲ့ ဆက်စပ်ပစ္စည်းတွေ ပါဝင်ပါတယ်။

ဇီးပြားရဲစခန်းတိုက်ပွဲ နှစ်ဘက်သေဆုံးမှု ၅၀ ကျော်ခဲ့ (ရုပ်/သံ)

အဲ့ဒီစခန်းကို နိုဝင်ဘာလ ၁၀ ရက်ကစတင်ကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၁၅ ရက်မှာ စခန်းသိမ်းနိုင်ခဲ့ရာ စစ်အုပ်စုဘက်က ၃၀ ဦးကျော်ခန့် သေပြီး အများအပြားဒဏ်ရာရသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း တိုက်ခိုက်ရေးရဲဘော် ၂၁ ဦး ကျဆုံးခဲ့ပြီး စစ်အုပ်စုဘက်က သတ်လို့ ပြည်သူ ၆ ဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်ထုတပ်ကနေ လက်နက်ကြီးနဲ့ပစ်လို့ လူနေအိမ်တချို့ ထိမှန်ပျက်စီး

“ကျောက်ထုတပ် နဲ့ တေးရွာက ခြေလျင်သွားရင် ၄၅ မိနစ်လောက်ဘဲကြာတယ်။ စစ်**တွေကတော့ စိတ်ထင်သလိုပစ်ခတ်နေကြတာ။ အခုလို လက်နက်ကြီးပစ်လို့ တေးကျေးရွာထဲကိုကျတာတော့ ပထမအကြိမ်ပါ”လို့ သူက ဆိုပါတယ်။

သပိတ်ကျင်းမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦး စနိုက်ဘာထိကာကျဆုံး

“သင်္ဘောပေါ်က ပစ်လိုက်တဲ့ကျည်က ငယ်ထိပ်ကိုထိပြီးတော့ အိမ်အရောက်မှာကျသွားတာ” လို့ ဝက်လက်မြို့နယ် ယင်းမတောရွာ(ပကဖ)၊ မြင်းဖြူရှင်ပျောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုဒိုးလေးက ပြောပါတယ်။

မတ္တရာမြို့နယ်၊ အောင်ကန်သာကျေးရွာက လက်ဖက်ရည်ဆိုင်ကို စစ်တပ်ဝင်ပစ်လို့ ပြည်သူ ၁၃ ဦးသေဆုံး

နိုဝင်ဘာလ ၁၆ ရက် ဒီနေ့မနက် ၆ နာရီလောက်က မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာမှာ တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မတ္တရာ၊ လေကြောင်းကာကွယ်ရေးတပ် (အင်ကြင်းမြိုင်တပ်)ဘက်ကနေပြီး စစ်အင်အား ၈၀ လောက်က စစ်ကူလာတဲ့အချိန် လမ်းမှာရှိတဲ့ အောင်ကန်သာကျေးရွာက လက်ဖက်ရည်ဆိုင်ကို ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ပြည်မြို့ နဝဒေးတံတားနဲ့ အနီးဝန်းကျင်ကို စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်

"သူတို့က စာထုတ်တာတော့မဟုတ်ဘူး။ မြို့ထဲမှာ ကားနဲ့လိုက်ကြေညာတာ။ သူတို့လိုက်အော်တာ နှစ်ရက်သုံးရက်လောက်တောင် ရှိပြီ။ သူတို့က အမိန့်ကထုတ်ချင်သလိုထုတ်နေတာဘဲဆိုတော့ ဘယ်သူမှ ထွေထူးစိတ်မဝင်စားနေတော့ဘူး" လို့ ပြည်မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မုန်တိုင်းငယ် (Depression) ကြောင့် စစ်ကိုင်းနဲ့မကွေးတိုင်းတို့မှာ နေရာကွက်ကြားမိုးကြီးနိုင်တယ်လို့ မိုးဇလ သတိပေး

ဒါ့အပြင် ပဲခူးတိုင်း၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ကယားပြည်နယ်တို့မှာလည်း နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ အသိပေးထားပြီး မုန်တိုင်းငယ် (Depression) ဟာ မြန်မာနိုင်ငံကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိဘူးလို့လည်း ဖော်ပြပါတယ်။

ပဲခူးမှာ တပ်ထောက်ခံပွဲလုပ်အပြီး အထက ၁ ကျောင်းအနီးမှာ ဗုံးတွေ့တယ်ဆိုကာ လူစုလူဝေးဖြစ်

"သူတို့တပ်ထောက်ခံပွဲလုပ်ပြီး ထ ၁ နားမှာ အထုပ်တထုပ်တွေ့တာ ဗုံးဆိုပြီး ရုတ်ရုတ်ဖြစ်သွားတယ်။ ဗုံးဟုတ်၊ မဟုတ်တော့ သေချာမသိဘူး။ ကျောင်းသားတွေတော့ အကုန်လုံးပြန်သွားတာတော့ မဟုတ်ဘူး"လို့ ပဲခူးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲ ၃ ရက်မြောက်နေ့မှာ ကျားတက်ရဲစခန်းကို PDF တွေသိမ်းနိုင်ခဲ့

"အခုတော့ ရဲစခန်းထဲဝင်ပြီး ရဲဘော်တွေ နယ်မြေရှင်းလင်းရေးလုပ်နေကြပြီ။ စခန်းအနီးက ကားလမ်းဘေးမှာတော့ မီးရှို့ထားခဲ့တဲ့ စကစအလောင်း ၇ လောင်းတွေ့ထားတယ်။" လို့ Union Liberation Frint (ULF) ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ပြောပါတယ်။

ဒေသခံ ၁၂၀ ကျော်ကို ကန့်ဘလူခရိုင် PDF ဆေးတပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေး

ကျန်းမာရေးစောင့်ရှောက်ပေးရာမှာ လူနာတွေကို ဆေးဝါးအလုံအလောက် မပေးနိုင်တာမျိုးရှိပြီး သွေးတိုးကျဆေးလို အမြဲတမ်းစွဲသောက်ရတဲ့ဆေးတွေကို လုံလုံလောက်လောက် မပေးနိုင်တဲ့ အခက်အခဲရှိတယ်လို့ ကျွန်းလှ - ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ခံက ပြောပါတယ်။

ရေစကြိုက စစ်ကောင်စီဂိတ်ကို အနီးကပ်တိုက်ခိုက် (ရုပ်/သံ)

ရေစကြိုမြို့နယ်၊ ပန်းတိုင်ခြုံကျေးရွာမှာ တပ်မ ၁၀၁ က စစ်အုပ်စုအင်အား ၂၀ ခန့်နဲ့ တပ်စွဲထားရာကို နိုဝင်ဘာလ ၁၅ ရက် မနေ့မနက် ၅ နာရီလောက်ကစကာ လမ်းတဘက်ခြမ်းကနေ အနီးကပ် ပစ်ခတ်ခဲ့တယ်လို့ Pakokku underground Force မှ တာဝန်ခံရဲဘော်ကံကောင်းက ပြောပါတယ်။

ဇီးပြားရဲစခန်းတိုက်ပွဲမှာ ပိတ်ဆို့ပစ်ခံရလို့ ကာကွယ်ရေးရဲဘော် ၂၀ ထက်မနည်း တိုက်ပွဲကျ

"ညနေပိုင်းရောက်တော့ ကျေးရွာရဲ့ ၃ ပုံ၂ ပုံလောက်ကို စီးနိုင်နေပြီ။ ရဲဘော်တွေလည်း ရှေ့ထဲရောက်နေတဲ့အချိန် နောက်ကနေပြီး "ပ" ပုံအဝိုင်းခံလိုက်ရတာ။ ဝိုင်းပြီးတန်းပစ်တာ လူ ၃၀ လောက်ပိတ်မိသွားတယ်။ ၅ ယောက်ကျော်လောက် ပြန်လွတ်လာတယ်"လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦး က မြေလတ်အသံကို ပြောပါတယ်။

မြောင်မှာ လေကြောင်းရန်နဲ့ စစ်သုံးလက်နက်ရန် ကာကွယ်နိုင်ဖို့ အသိပညာပေးပွဲပြုလုပ်

"စကစဘက်က လေကြောင်းတိုက်ခိုက်တာကို ပြန်လည်မခုခံနိုင်သေးပါဘူး။ ကြိုတင်ကာကွယ်လို့ရတဲ့ နည်းလမ်းတွေကို ပြည်သူလူထု သိရှိနားလည် ဘေးကင်းစေဖို့အတွက် လုပ်ရခြင်းဖြစ်ပါတယ်" လို့ YfC အဖွဲ့ဝင်တဦးဖြစ်သူ မအမရာက မြေလတ်အသံကိုပြောပါတယ်။

ပခုက္ကူကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို PDF တွေ တိုက်ခိုက်

“ထိခိုက်မှုတွေကိုတော့ စုံစမ်းနေဆဲပါ။ သူတို့ဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာရှိတယ်။ ပစ်ခတ်မှုဖြစ်ပြီးတော့ သူတို့က ပခုက္ကူဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သွားတယ်” လို့ သူက ဆိုပါတယ်။

ကျောက်ကြီးမှာ လက်နက်ကြီးထိလို့ အမျိုးသား ၁ ဦးသေဆုံး

"သုံးလေးချက်လောက်တော့ ရှိမယ်။ ကျေးရွာတွေဘက်ကို ပစ်တာ။ သူကတော့အိမ်မှာရှိနေချိန် သူအိမ်နားလက်နက်ကြီးထိပြီး သေသွားတာ"လို့ ဒေသကာကွယ်ရေး ရဲဘော်တဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10