သတင်းတို

၁၀၂၇ စစ်ဆင်ရေးကိုထောက်ခံတဲ့ ၁ လေးလုံးလှုပ်ရှားမှုတွေကို ပဲခူး၊ မကွေးနဲ့ စစ်ကိုင်းနယ်တို့မှာ ပြုလုပ် (ရုပ်/သံ)

ဒေသတွင်းလှုပ်ရှားမှုတွေ လုပ်ဆောင်ရာမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်မုခ်ဦးမှာ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြတာ၊ မြောင်မြို့နယ်မှာ သပြေပန်းနဲ့ ကြိုဆိုထောက်ခံတာ၊ ပုလဲမြို့နယ်မှာလည်း သပြေပန်းနဲ့ တခဲနက်ထောက်ခံကြတာ၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် ရွာတရွာက စေတီမှာ အသံတိတ်ဆန္ဒပြလှည့်လည်တာတွေအပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တို့မှာလည်း လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

၁၀၂၇ ကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ ၁၁၁၁ နေ့မှာ လူထုလှုပ်ရှားမှုပြုလုပ်

"ပြည်သူလူထုက သွေးမအေးကြသေးဘူး။ မဟာမိတ်တပ်ဖွဲ့တွေနဲ့ PDF တွေကို ကြိုဆိုထောက်ခံတာကို ပြည်သူတွေက တက်ကြွလှုပ်ရှားစွာနဲ့ပါဝင်တာကို ပြသတဲ့အနေနဲ့ လုပ်ခဲ့တာပါ"

၁ လေးလုံးသပိတ်နေ့မှာ နေပြည်တော်က ကြံခိုင်ရေးပါတီဝင်တွေဦးဆောင်ပြီး တပ်ထောက်ခံပွဲပြုလုပ်

" ပွဲကိုအင်အားပြဖို့ ထောင်ဂဏန်းတက်တယ်ဆိုပြီး စာရင်းယူသွားတယ်။ တက်တဲ့သူက ကလေးကစားကွင်း တ၀က်တောင်မပြည့်ဘူး။ စစ်တပ်အစောင့်တွေနဲ့ လုပ်ရတာ။ အချိန်ပိုင်းလေးပဲ။ စစ်တပ်ကို အားပေးထောက်ခံကြောင်းနဲ့ PDF အလိုမရှိကြောင်း အော်ရတယ်"

ရေစကြိုက မြို့မရဲစခန်းနဲ့နေရာအချို့ကို တိုက်ခိုက်စီးနင်းခဲ့ပြီး လက်နက်ခဲယမ်းမလောက်လို့ ပြန်ဆုတ်ခဲ့ရ (ရုပ်/သံ)

ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်နံနက် ၄ နာရီခွဲခန့်မှာ ရေစကြိုမြို့နယ်၊ နံ့သာဟေဝန်ပန်းခြံထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကအနီးကပ်သွားရောက်ပစ်ခတ်ခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၄ နာရီကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

၁၁၁၁ လူထုလှုပ်ရှားမှုဟာ ၁၀၂၇ စစ်ဆင်ရေးကိုအားပေးထောက်ခံတဲ့ ဟန်ချက်ညီလုပ်ဆောင်မှုဖြစ်လို့ ကျေးဇူးတင်ကြောင်း ညီနောင်မဟာမိတ်ပြော

၁၁၁၁ လှုပ်ရှားမှုက ၁၀၂၇ စစ်ရေးနဲ့အတူ ဟန်ချက်ညီလှုပ်ရှားမှုတခုဖြစ်လို့ သွေးလန့်နေတဲ့ စစ်ကောင်စီရဲ့ သက်ဆိုး‌ရှည်နေခြင်းကို အဆုံးသတ်ဖို့‌ဆောင်ရွက်နေကြတဲ့ လူထုလှုပ်ရှားမှုတွေထဲက ထိရောက်တဲ့ လှုပ်ရှားမှုတခုဖြစ်တယ်လို့ ထုတ်ပြန်ဖော်ပြပါတယ်။

PDF ဝင်တိုက်မယ့်သတင်းကြောင့် စစ်တောင်းမြစ်ကမ်းနားရွာတွေကို စစ်တပ်က အင်အားဖြည့်တင်းနေ

"ဒီ ၁၇ ရက်နေ့ကို ဝေါကို PDF တွေဘက်က ဝင်တိုက်မယ်လို့ ဘယ်သူတွေက သတင်းဖြန့်ထားလဲ မသိဘူး။ စကစဘက်က အင်အားတွေ တိုးချနေတယ်။ စစ်တပ်က အကောင်ကြီးပိုင်းတယောက်တောင် ထွေအုပ်ရုံးမှာ ကွပ်ကဲဖို့ ရောက်နေတယ်။"

ကောလင်းမြို့ကို မြေပြင်၊ဝေဟင် ၂ ခုနဲ့ တိုက်ခိုက်ထိုးစစ်ဆင်လာပေမယ့်  PDF က ဆက်လက်ထိန်းချုပ်ထားနိုင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှု၊ မြေပြင်တပ်တွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်က မြို့ကို ဆက်လက်ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စလင်းနယ်မှာ စစ်တပ်ပူးပေါင်းစစ်ကြောင်းကို မိုင်းရာချီဖောက်ခွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူများဟုဆို

“ ကျနော်တို့က မြေပြင်အနေအထားကြည့်ပြီး မိုင်းရာကျော်ခင်းထားတာ။ အရေအတွက်ကတော့များတယ်။ ထိခိုက်ဒဏ်ရာရတာက ၂၀ လောက်နဲ့ သေတာက ၃၀ လောက်ကြားတယ်။ စလင်းတပ်က စစ်ကြောင်းမှူးကတော့ မိုင်းထိပြီး ပေါင်ဘယ်ဘက်အခြမ်း ပြတ်ထွက်သွားတယ်သိရတယ်”

စစ်တပ်ထောက်ပို့သင်္ဘော ၇ စီးကို PDF က ထပ်မံဖမ်းဆီးပြီး ဆီပေပါ၊ သစ်လုံးနဲ့ ယာဉ်ယန္တရားတွေ သိမ်းဆည်းရမိ

" နေကလည်းပူတော့ အပြင်ထွက်ကြတယ်။ ထွက်ရင် ကျနော်တို့က စနိုက်ပါနဲ့ပစ်တာ။ ခေါင်းထွက်ရင် ခေါင်းကိုပစ်တယ်။ လက်ထွက်ရင်လက်ကို ပစ်တယ်။ ဒါကြောင့် သူတို့လုံးဝမထွက်ရဲတော့ မုံရွာဘက်က တွဲဒိုးတစီးခေါ်ပြီး ထွက်ပြေးသွားကြတာ"

ဝိတုတ်ကျေးရွာ စခန်းသိမ်းတိုက်ပွဲမှာ ဒဏ်ရာရ ABSDF ရဲဘော် ၁ ဦး ဆေးကုသစဉ်သေဆုံး

"ကျည်က အစာအိမ်နဲ့အူမကို ဖောက်သွားတာ။ ခွဲစိတ်မှုလည်း လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အသက်မရှင်ခဲ့ဘူး"

ညောင်ကိုင်းရွာက ပျူစောထီးတွေကို လက်လုပ်လက်နက်ကြီးတွေနဲ့ ပစ်ခတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာမှာနေတဲ့ ပျူစောထီးတွေရှိတဲ့ နေရာကို လက်လုပ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Rain Sky Brothers LPDF-Depeyin အဖွဲ့ဆီက သိရပါတယ်။

" ၁၀၂၇ လှိုင်းများ အောင်ရမည်” လူထုလှုပ်ရှားမှု ကနီမှာ ပြုလုပ်

“၁၀၂၇ စစ်ဆင်ရေးလှိုင်းဟာ ကျနော်တို့ အညာလူထု သွေးအေးနေတာကို နိုးကြားတတ်ကြွလာဖို့အတွက် စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေတယ်။ ဒီစိတ်ဓာတ်ခွန်အားတွေနဲ့အတူတူ လက်နက်ကိုင်တော်လှန်ရေး၊ လက်နက်မဲ့တော်လှန်ရေး အတူတကွ သွားမယ်ဆိုရင် အခုတော်လှန်ရေးက မကြာတော့ပါဘူး”

မြောင်မှာ စစ်တပ်က လေယာဉ်နဲ့ပစ်လို့ ဒဏ်ရာရသူတွေရှိပြီး ဘုန်းကြီးကျောင်းနဲ့ စေတီတချို့ပျက်စီး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာလေယာဥ်ဖြင့် နိုဝင်ဘာ ၁၀ ရက်က လာရောက်တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့သလို လူတချို့ ဒဏ်ရာရခဲ့တယ်လို့ မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDSOM ထံက သိရပါတယ်။

ရေစကြိုမြို့ ငြိမ်းဇာနည်တပ်စခန်း စီးနင်းတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး (ရုပ်/သံ)

"ကျနော်တို့ သူတို့အလံတောင်ဖြုတ်ချနေပြီ၊ ငြိမ်းဇာနည်စခန်းက ၂ ထပ်တိုက်ပါ၊ ပထမထပ်ကကောင်တွေက သူတို့မနိုင်လို့ ပြန်ပြေးကုန်ပြီ၊ သူတို့ထဲက ၂ ယောက်အဲဒီနားမှာတင် ပွဲချင်းပြီးသေသွားတယ်၊ ၁ ယောက်ကခေါင်းမှန်ပြီး နောက် ၁ ယောက်က ရင်ဘတ်ဖောက်မှန်သွားတယ်၊ အတွင်းထဲကို ၄၀ မမ၂ လုံးထပ်ပစ်တယ်၊ ကျနော်တို့ဘက်က စခန်းကိုသိမ်းဖို့ အောက်ထပ်ကိုရောက်နေပြီ၊ သူတို့ဘက်က စစ်ကူလာတာကြောင့် ပြန်ဆုတ်ခွာခဲ့ရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10