သတင်းတို

အာဏာအလွဲသုံးစားလုပ်ပြီး တံစိုးလက်ဆောင်ရယူကြောင်း အပြစ်ဖော်ပြကာ  ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ် ကို ထောင်ဒဏ် ၅ နှစ်ချ

စစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်တရားရုံးနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တယ်လို့ နိုဝင်ဘာ ၁၀ ရက် မနေ့ည ၈ နာရီသတင်းမှာ စစ်တပ်ပိုင်မီဒီယာတွေက ထုတ်ပြန်လာပါတယ်။

ကျွန်းလှနဲ့ ကန့်ဘလူရှိ ပြည်သူတွေကို စစ်ကောင်စီက ခရီးသွားခွင့်ပိတ်ထား

"ကောလင်းမြို့သိမ်းတိုက်ပွဲလုပ်တော့ ပြည်သူတွေ ပိတ်မိနေသလိုမျိုး ကျွန်းလှ၊ ကန့်ဘလူကလူတွေကလည်း ကြောက်ကြတယ်။ အဲ့ဒါကို စစ်ကောင်စီက ခရီးသွားခွင့်ပိတ်ပြီး ကားလိုင်းတွေကိုလည်း လူအတင်မခံဘူး။ အခွံတိုင်းပြန်ခိုင်းတယ်"

ဆားတောင်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပြီး ကာကွယ်ရေးရဲဘော် ၁ ဦးသေဆုံး

"စကစဘက်က ၁ ယောက်သေတယ်လို့ ကြားရပေမယ့် အတည်မပြုနိုင်ဘူး။ မိုးကြိုးအဖွဲ့က ၁ ယောက်ဒဏ်ရာရပြီးတော့ ၁ ယောက်ကျတယ်"

ကန့်ဘလူမှာ စစ်အုပ်စုတိုက်ခိုက်ခံရလို့ သေဆုံးမှုများပြီး လက်နက်တွေပါသိမ်းနိုင်ခဲ့

"စကစဘက်က အများအပြားသေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာ မှန်ပါတယ်"လို့ ကန့်ဘလူမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက အတည်ပြုပြောပါတယ်။

မုံရွာမှာ စစ်အုပ်စုက ဒေသခံနေအိမ်နဲ့ ဆိုင်ကယ်တွေကို မီးရှို့

"ပြည်သူပိုင်ပစ္စည်းတွေ ဖျက်ဆီးခဲ့ကြတယ်။ ဆိုင်ကယ်ဆိုလည်း အကောင်းတွေကို ခိုးယူသွားတယ်။ ရဲဘော်တွေက မီးငြှိမ်းသတ်လို့ဆုံးရှုံးတာ နည်းသွားတယ်"

အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးသေ

"ရုံးရယ်၊ အုပ်ကြီးအိမ်နဲ့ စာရေးအိမ်က တဆက်တည်းပါ။ PDF တွေဘက်က မပစ်ခင်မှာ လက်နက်ချဖို့အော်သေးတယ်။ စကစ ဘက်ကပစ်တော့ အပြန်အလှန်ပစ်ကြတာ"

ကောလင်းမြို့သိမ်းတိုက်ပွဲမှာ ပျောက်ဆုံးသွားတဲ့ ကလေး ၂ ယောက်ကို ရှာမတွေ့သေး

"အခုထိတော့ အစအနရှာလို့ မတွေ့သေးပါဘူး။ ကလေး ၂ ယောက်နဲ့ ပတ်သက်ပြီး ဒီလောက်ပဲဖြေပါရစေ" လို့ ကလေး ၂ ယောက်ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

ဆားလင်းကြီးမှာ စစ်တပ်အထိုင်ချထားတဲ့ ရုံး ၄ ရုံးကို PDF တွေက လက်နက်ကြီးနဲ့ပစ်ခတ်

စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားနဲ့တပ်စွဲထားတဲ့ ဆားလင်းကြီးမြို့မရဲစခန်း၊ ထွေအုပ်ရုံး၊ တရားရုံးနဲ့ ဆေးရုံတို့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါတယ်။

စကစတပ်သား ၆ ဦးသေဆုံးအောင် စနိုက်ပါနဲ့ပစ်နိုင်ခဲ့တဲ့ BNRA ကို လူထုကပန်းနဲ့ကြို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်တီးကျေးရွာတောင်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး စနိုက်ပါနဲ့ ပစ်ခတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA အဖွဲ့ဆီက သိရပါတယ်။

ညောင်လေးပင်မြို့နယ်က စစ်ကောင်စီတပ်နေရာ ၃ ခု တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

နိုဝင်ဘာ ၁၀ ရက် မနက် ၃ နာရီခွဲခန့်မှာ အင်ဝိုင်းကျေးရွာအနီး ညောင်လေးပင်-မဒေါက်လမ်းပေါ်က ရေကြည်ချောင်းတံတား၊ စစ်ကောင်စီစစ်ဆေးရေးဂိတ်၊ မလူးတဲ စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ ပုဇွန်းမြောင်းကျေးရွာထဲက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တပ်ကြပ်ကြီးတဦးကို ဖမ်းဆီးနိုင်

"ဒီကောင်က တချက်ပစ်သေးတာ။ ကျည်ညပ်သွားလို့ အညံ့ခံလိုက်တာ"လို့ တပ်ရင်း ၃၀ ADRPA မှ ရဲဘော်တဦးက ပြောပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲစတင်နေ၊ စစ်တပ်က လေကြောင်းပစ်ကူဆက်တိုက်ပြုလုပ်

"မြို့တွင်းကိုတော့ မနေ့ကတည်းက ကာကွယ်ရေးတပ်တွေကဝင်စီးထားနိုင်တယ်။ စစ်ကောင်စီတပ်တွေကလည်း တောင်ပေါ်တွေမှာ နေရာယူထားတယ်။ ပြည်သူတွေတော့ အကုန်ရွေ့ဖို့ မနေ့ကတည်းက ကြေညာထားတယ်။" လို့ ထီးချိုင့်မြို့နယ်၊ ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သား မင်္ဂလာဆောင်ကို PDF တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း၊ သီလုံးကျေးရွာမှာ ကျင်းပနေတဲ့ စစ်ကောင်စီတပ်သား တဦးရဲ့ မင်္ဂလာပွဲကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၈ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မိကျောင်းတပ်ဖွဲ့ဆီက သိရပါတယ်။

မင်းလှမြို့နယ်မှာ PDF စခန်းကို သိမ်းဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ပြန်ဆုတ်ပြေး

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ စခန်းစီးနင်းဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာ ၈ ရက် မွန်းလွှဲ ၁ နာရီမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃ ဦး သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်သား မင်္ဂလာဆောင်ကို PDF တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

“ရဲ**မင်္ဂလာဆောင်ရှိလို့ ကျနော်တို့ မဟာမိတ် Drone အဖွဲ့တွေကိုခေါ်ပြီး Drone ချခဲ့တယ်။ အဲ့ထဲမှာ ပြည်သူ့စစ် ၂ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ သတင်းကြားတယ်။ ညဘက်ပစ်ခတ်မှုကြောင့် သေဆုံးမှုကိုတော့ လောလောဆယ် ရွာနားကပ်မရသေးတဲ့အတွက် မသိရသေးဘူး”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10