သတင်းတို

ရွာကိုမီးရှို့ပြန်လာတဲ့ စစ်အုပ်စုကား မိုင်းဆွဲခံရလို့ ၁ ဦးသေ

"တယောက်ကတော့ ကားပေါ်မှာတင် ပွဲချင်းပြီးသေသွားတယ်။ နောက်တယောက်ကတော့ မသေသေးဘူး။ ဆေးရုံမှာ ဆေးကုသမှုခံနေပါတယ်။"

ထီးချိုင့်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ

"ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ ရွှေဂူတောင်ဘုန်းတော်ကြီးကျောင်းနဲ့ လျောင်းတော်မူဘုန်းကြီးကျောင်းမှာရှိတဲ့ သံဃာတွေနဲ့ စစ်ရှောင်ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ကြားတယ်။ အသေးစိတ်မသိသေးဘူး"

ပုလဲမှာ ကြက်သွန်ပင်ပေါက်မျိုးကို စျေးနှုန်းအဆမတန်မြင့်တက် ဝယ်ယူနေရ

"ရွှေဖလားမျိုး၊ မြေနဲမျိုးနဲ့ ဥနီအကြီးမျိုး ၃ မျိုးကို အစေ့ဝယ်ပြီးတော့ ပျိုးထောင်စိုက်ကြတယ်။အပင်ပေါက်နှုန်းကောင်းတဲ့မျိုး ရှာဝယ်ရတာပေါ့။ အဲ့ဒါကြောင့်လည်း မျိုးစျေးတွေ စျေးကြီးပေးဝယ်နေရတာ"

ရွှေဘိုမြို့ပေါ်ကနေ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦး ထိမှန်

"လက်တဖက်ကတော့ ဖြတ်ရမှာ၊ ခြေထောက်တွေရောထိတယ်။ အဲ့ဒီရွာဘက်က လက်နက်ကြီး ၁၁ လုံးလောက်ကို ကျတာ"

စစ်ရေးမှာ အရေးနိမ့်နေချိန် တပ်မိသားစုဝင်အမျိုးသမီးတွေကို ယတြာချေပြီး ပရိတ်ရွတ်ဖို့ ညွှန်ကြား

“ တပ်အားလုံးကို ညွှန်ကြားတာမျိုးဖြစ်နိုင်တယ်။ အဲ့ဒီမှာပါတဲ့ အစီအစဉ်အတိုင်း တချိန်တည်း၊ တပြိုင်တည်းလုပ်ဆောင်ဖို့ နေပြည်တော်စစ်ရုံးက ညွှန်ကြားတာကို တပခ က ပြန်ညွှန်ကြားတဲ့ ကြေးနန်းစာမျိုး “

ပဲခူးမြို့ပေါ်မှာ စစ်တပ်က သံချပ်ကာယာဉ်သုံးပြီး စစ်အင်အားအများအပြားနဲ့ကင်းလှည့်

"ဘာကြောင့်ဆိုတာတော့ မသိရဘူး။ ညက ခြေလျင်နဲ့ကော ယာဥ်တွေနဲ့ပါ သွားလာကင်းလှည့်နေကြတယ်လို့တော့ သိရတယ်။ ဘာထူးခြားလို့လဲတော့မသိဘူး။ အာ ဏာသိမ်းကာစကတောင် ခုလိုသွားတာ မတွေ့ရဘူး"လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။

ကမ်ပိန်းငွေမှကျည် ၁၀၀၀ ဝယ်ယူထားပြီး ထိရောက်တဲ့တိုက်ပွဲတွေ ဆင်နွှဲမယ် (ရုပ်/သံ)

အညာမှာ မုန်တိုင်းထန်ဖို့ Myingyan Black Tiger ကို မောင်းပြန်ရိုင်ဖယ် ၅ လက်၊ ကျည်ဆန် ၅၀၀၀ ထောက်ကူစို့ ဆိုတဲ့ ကမ်ပိန်းကို အောက်တိုဘာ ၂၂ ရက်ကစတင်ပြုလုပ်ခဲ့ရာ လက်ရှိမှာတော့ ကျည် ၁၀၀၀ ရရှိထားပြီး ၁၀ ရာခိုင်နှုန်းသာ အောင်မြင်သေးပေမယ့် ထိထိရောက်ရောက်အသုံးပြုနိုင်ဖို့ ပြင်ဆင်နေတယ်လို့ MBT တာဝန်ခံ ဗိုလ်မိုက်ခဲက မြေလတ်အသံကို ပြောပါတယ်။

ပင်လည်ဘူးမြို့ကို KIA/PDF ပူးပေါင်းအဖွဲ့ သိမ်းပိုက်ရရှိ

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်ကိုင်းတိုင်းအထက်ပိုင်းက ကောလင်း၊ ၀န်းသို၊ ပင်လည်ဘူး၊ ချပ်သင်း၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ ဇီးကုန်း၊ ကျွန်းလှစတဲ့ မြို့တွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ကောလင်းမြို့နဲ့ တမူးမြို့နယ်ထဲက ခမ်းပတ်မြို့ကို ဒေသကာကွယ်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

ဝက်လက်မှာ ခေါင်းဖြတ်ခံထားရတဲ့ လူသေအလောင်း ၂ လောင်းတွေ့

"အားကစားဘောင်းဘီအတိုနဲ့ ယောက်ျားအလောင်း ၂ လောင်းတွေ့တာပါ။ စစ်သားလား ရွာသားလားတော့ သေချာမသိရသေးပါဘူး။ ဖမ်းဆီးခံ ရွာသားရှိမရှိ စုံစမ်းနေပါတယ်"

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဥ်တိုက်မှုဖြစ်လို့ ယာဉ်မောင်းသံဃာ ၁ ပါး ပျံလွန်၊ လူ ၄ ဦးဒဏ်ရာရ

"လမ်းအတိုင်းမောင်းလာရာကနေ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက အကာအရံတွေကို တိုက်ပြီး တဖက် ယာဥ်ကြောကိုတောင် ပြန်ရောက်သွားတာ။ သံဃာတော်ကတော့ ပျံလွန်တော်မူသွားတယ်"

လက်နက်ကြီးထိလို့ ဝေါ ဒေသခံ ၄ ဦးသေဆုံး

"သိရသလောက်ကတော့ ကျိုက်ထိုမြို့နယ်ဘက်ခြမ်းက ထွေအုပ်ရုံးကို KNLA တပ်ဘက်က ဒရုန်းဗုံးသွားချတယ်လို့ သိရတယ်။ အဲဒါကို တပ်ဘက်က လက်နက်ကြီးပစ်ကူပေးတာ။ သူတို့ပစ်တဲ့ လက်နက်ကြီးက ဒေသခံတွေရှိတဲ့နား ကျတာ"

ခမ်းပတ်မြို့သိမ်းတိုက်ပွဲမှာ စစ်တပ်က ၁၀ ဦးကျော်သေဆုံး

“အခုတော့ မြို့ထဲတိတ်ဆိတ်နေတယ်။ ခမ်းပတ်မြို့ကို အထူးတပ်ရင်း တမူးခရိုင်-တပ်ရင်း ၂ နဲ့ မဟာမိတ်တပ်ဖွဲ့ တွေက ထိန်းချုပ်ထားပါတယ်“

ပုလဲမြို့ကထွက်လာတဲ့ ယာဉ်တန်းနဲ့ လုံခြုံရေးတပ်ဖွဲ့ကို ကာကွယ်ရေးတပ်တွေ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ကနေထွက်လာတဲ့ ယာဉ်တန်းကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ နိုဝင်ဘာ ၆ ရက် မနေ့က နေ့လယ် ၁၂ နာရီကျော်မှာ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဟိန္နက Local People Defence Force - YMB မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

မတ္တရာနယ်မှာ စစ်အုပ်စု ၂ ပတ်အတွင်း ၆ ကြိမ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

"စစ်တပ်ဘက်က ၈ ယောက်သေတယ်။ ၇ ယောက်ဒဏ်ရာရတယ်ဆိုတာ မျက်မြင် ပြည်သူတွေရဲ့ ပြောကြားချက်အရ ကျနော်တို့ပြန်သိရတာပါ"

မင်းရွာရဲစခန်းကို PDF တွေ ဘယ်လိုသိမ်းနိုင်ခဲ့တာလဲ (ရုပ်/သံ)

၂ ဖက်အပြန်အလှန် ၅ နာရီကြာတိုက်ပွဲတွင်း စစ်ကောင်စီဘက်က သေဆုံးတာတွေရှိလာတဲ့အတွက် လက်နက်ချ အညံ့ခံလာလို့ မနက် ၁၀ နာရီဝန်းကျင်မှာ စခန်းကိုအပြီးသိမ်းနိုင်ခဲ့ကြတာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10