သတင်းတို

မင်းရွာရဲစခန်းသိမ်း တိုက်ပွဲပြန်ရဲဘော်တွေကို ပြည်သူတွေကြိုဆို (ရုပ်သံ)

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှေ့တန်းကပြန်လာချိန် ဂန့်ဂေါနယ်က လမ်းပိုင်းတနေရာမှာ ရာဂဏန်းရှိတဲ့ ပြည်သူတွေက လမ်းဘေးဝဲယာ စီတန်းပြီး သပြေပန်းအပါအဝင် ပန်းမျိုးစုံကိုင်ဆောင်ကာ ကခုန်စောင့်ကြို ဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။

မင်းရွာရဲစခန်းသိမ်းနိုင်ခဲ့တဲ့ ရဲဘော်တွေကို ပြည်သူတွေကြိုဆို (Photo News)

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှေ့တန်းကပြန်လာချိန် ဂန့်ဂေါနယ်က လမ်းပိုင်းတခုမှာ ရာဂဏန်းရှိတဲ့ ဒေသခံတွေက လမ်းဘေးဝဲယာ စီတန်းပြီး သပြေပန်အပါအဝင် ပန်းမျိုးစုံကို ကိုင်ဆောင်ကာ စောင့်ကြို ဂုဏ်ပြုခဲ့ကြတာပါ။

တပ်သားချင်း စိတ်ဆိုးပြီး စခန်းကထွက်လာတဲ့ ရဲတဦး PDF တွေ လက်ထဲမှာပျော်နေ (ရုပ်/သံ)

အဖမ်းမခံရခင်ကတည်းက PDF တွေ ပစ်သတ်ရင်သေဖို့ ဆုံးဖြတ်ထားတဲ့ တပ်သားရီဝေယံဟာ သူ့ကိုယ်သူ သေလူလို့ သတ်မှတ်ထားပေမယ့် သူအထင်နဲ့အမြင် လွဲသွားခဲ့တယ်လို့ဆိုပါတယ်။

ပန်းတောင်း ခလရ ၉၂ တပ်က ရှမ်းမြောက်ကို ပို့ခံရမယ့် အရာရှိ၊စစ်သည်တချို့ ထွက်ပြေးနေ

“ ရှမ်းမြောက်ဘက်ကိုပို့ဖို့ အဲ့တပ်မှာ လူစုထားတုန်းပြေးတာလို့ သိရတယ်။ ပြေးတာက ဗိုလ်မှူး ၃ ယောက် တပ်သား ၂ ယောက်လို့သိရတယ်။ အဲ့ထက်များမယ်ထင်တယ်။ ရှမ်းမြောက်ကိုပို့မှာမို့ ထွက်ပြေးတာလို့ ကြားတယ်”

ပခုက္ကူက ပျူစောထီး ၃ ဦးအပါ ၄ ဦး ရှင်းလင်းခံရ၊ သေနတ် ၁ လက်ပါ သိမ်းနိုင်ခဲ့

"နေ့လယ်လောက်မှာ ဝင်စီးတာ။ သတင်းပေးဒလန်နဲ့ ပျူစောထီးတွေနေတာကို ဝင်ရှင်းတာ။ ပျူစောထီး ၃ ယောက်နဲ့ သတင်းပေးဒလန် ၁ ယောက် သေဆုံးတယ်။ ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်"

ဖြူးမှာ စစ်အုပ်စုပစ်တဲ့လက်နက်ကြီးထိလို့ ကလေး ၂ ဦးသေဆုံး

"လက်နက်ကြီးတွေ ရွာထဲ ပစ်ဝင်လာတာ။ တိုက်ပွဲဖြစ်တာလည်း မရှိသလို အဲ့ရွာထဲမှာလည်း ကျနော်တို့ PDF တွေမရှိဘူး။ သူတို့ပစ်တဲ့ လက်နက်ကြီးထိလို့ ဒေသခံတွေ ထိခိုက်သေဆုံးတာ ရှိတယ်"

မင်းလှက ပျူခေါင်းဆောင်ဆိုသူကို PDFက သေနတ်နဲ့ပစ်သတ်ပြီး ကားကိုမီးရှို့

“အခြောက်မ ပြန်လာမယ်ဆိုတာသိလို့ ကြိုစောင့်နေပြီး သေနတ်နဲ့ ၇ ချက်ပစ်ခဲ့တာ ပွဲချင်းပြီးပဲ။ ကားကိုလည်း တခါတည်းမီးရှို့ခဲ့တယ်“

မင်းရွာရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်က ၆ ဦးသေ၊ ၁၁ ဦးလက်နက်ချ၊ သေနတ် ၁၇ လက်ရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ၁၁ ဦးလက်နက်ချအညံ့ခံကာ သေနတ် ၁၇ လက်နဲ့ ကျည်ဆံ အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ PDF စစ်ရုံးချုပ်က နိုဝင်ဘာ ၄ ရက်မှာ စာထုတ်ပြန်ထားပါတယ်။

သဖန်းဆိပ်ဆည်ရဲကင်းစခန်းတိုက်ပွဲ စစ်တပ်က လေကြောင်း၊ တင့်ကား ပစ်ကူနဲ့ ခုခံခဲ့ရ

"ဘောလုံးကွင်းတကွင်းစာလောက်ပဲရှိတဲ့ စခန်းဝန်းထဲအထိကို အနီးကပ်ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ စခန်းတော့ မသိမ်းနိုင်ခဲ့ဘူး"

ကောလင်းမြို့သိမ်းတိုက်ပွဲပြင်းထန်နေဆဲ၊ လေယာဉ်သုံးတိုက်ခိုက်မှုမှာ သေဆုံးသူတွေရှိ (ရုပ်/သံ)

ကောလင်းမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပြီး စစ်ကောင်စီဘက်က မနေ့ညပိုင်းမှာ ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦးအထိသေဆုံးထားပြီး ဒဏ်ရာရသူတွေရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အရာတော်က စစ်တပ်ဂိတ်စခန်းတိုက်ပွဲမှာ စစ်သား ၅ ဦးသေဆုံးပြီး ဘန်ကာတွေကိုမီးရှို့ ဖျက်ဆီးနိုင်ခဲ့ဟုဆို

"ဂိတ်ထိတော့ ဝင်နိုင်ခဲ့တယ်။ စခန်းကိုတော့ မဝင်နိုင်ခဲ့ဘူး"လို့ Danger Force LPDFမှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ချောင်းဦးက စစ်ကောင်စီဂိတ်စခန်းကို သိမ်းပိုက်မီးရှို့၊ တိုက်ပွဲအတွင်း PDF ၅ ဦးသေဆုံး

"အဲ့စခန်းမှာ စကစအင်အားက ၄၀ ကျော်လောက်ရှိတယ်။ ၄ နာရီက စတိုက်တာ ၉ နာရီမှာ သိမ်းပိုက်မီးရှို့ခဲ့တာ။ စကစတွေကတော့ မြို့ထဲဝင်ပြေးသွားကြတယ်"

စစ်တပ်က တပ်လာစွဲတဲ့နေရာ တိုက်ခိုက်ခံရလို့ စခန်းကိုမီးရှို့ထွက်ပြေး (ရုပ်/သံ)

ကြို့ပင်ကောက်မြို့နယ်၊ ပုဇွန်ဆိတ်ဆင်စခန်းဘုန်းကြီးကျောင်းမှာ တပ်စွဲတဲ့ စစ်အုပ်စုအင်အား ၄၀ ဝန်းကျင်ကို နိုဝင်ဘာ ၂ ရက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဟာ နိုဝင်ဘာ ၁ ရက်က တပ်လာစွဲတာလို့ ဆိုပါတယ်။

မင်းရွာရဲစခန်းသိမ်းပိုက်မီးရှို့ခံရပြီးနောက် တောင်ခင်ရန်းရဲစခန်းက ရဲနဲ့စစ်သားတွေ စခန်းစွန့် ထွက်ပြေး

“အဲ့ဒီရဲစခန်းမှာ အင်အားကတော့ ၃၀ နဲ့ ၅၀ ကြားမှာရှိတယ်။ သူတို့စွန့်လွှတ်သွားတဲ့ စခန်းကိုတော့ ရှင်းလင်းရေးတွေ လုပ်ပြီးသွားပြီ။ သိမ်းဆည်းရမိတာတွေတော့ ပြောလို့မရသေးဘူး”

အသက်အန္တရာယ်ကင်းရေး သီပေါဘိုးဘိုးကြီးနတ်နန်းမှာ ဆုတောင်းနေရတဲ့ ရှမ်းမြောက်က တပ်ရင်းတွေ

ညီနောင်မဟာမိတ်အဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ စစ်တပ်ရဲ့ စစ်စခန်းတွေ တခုပြီးတခု ကျဆုံးပြီး တပ်သားတွေလည်း အသေအပျောက်နဲ့ ဖမ်းဆီးခံရတာတွေ များနေတာကြောင့် တပ်မိသားစု၀င်တွေဟာ သီပေါမြို့နယ် တုံစင့်ကျေးရွာ နမ္မတူ-နမ့်ဆန်သွား ကားလမ်းဘေးရှိ တုံစင့်ဘိုးဘိုးကြီးနတ်နန်းမှာ အုန်းပွဲ၊ ငှက် ပျောပွဲထိုးကာ ဆုတောင်းယတြာချေမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေကြတယ်လို့ တပ်မိသားစု၀င်ထံက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10