သတင်းတို

ပြည်က ဧရာဝတီမြစ်ထဲမှာ ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ အမျိုးသားအလောင်းတွေ့

"ရပ်ကွက်က လူတွေက အရင်တွေ့တာပါ။ အလောင်းကတော့ မျက်နှာတောင်မပေါ်တော့ဘူး။ ငါးတွေစားထားလို့ မျက်နှာအသားတွေတောင်မရှိတော့ဘူး"

မတ္တရာမှာ တိုက်ခိုက်ခံရတဲ့စစ်အုပ်စု ထိခိုက်မှုများလို့ လူနာတင်ကားတွေနဲ့ပြန်သယ်နေရ

"တိုက်ပွဲမှာ စကစဘက်က အထိနာခဲ့တယ်။ အဲ့ဒီနောက် မန္တလေးဆိပ်ကမ်းကို သူတို့ပြန်စုန်သွားတယ်။ ဆိပ်ကမ်းကနေ မြို့ထဲကို အရေးပေါ်ကား ၁၁ စီးနဲ့သယ်သွားတယ်လို့ ကျနော်တို့ သတင်းရထားပါတယ်"

စစ်ကောင်စီဖမ်းသွားတဲ့ ပြည်သူ ၁ ဦးကို ဦးခေါင်းပွင့်ဒဏ်ရာနဲ့ သေဆုံးလျှက်ပြန်တွေ့

"စကစနဲ့ပျူတွေဝင်လာတော့ ကျန်တဲ့သူတွေက ပြေးလို့လွတ်တယ်။ သူက ဘာလုပ်နေလဲမသိဘဲ ကျန်ခဲ့တော့ စကစတွေဖမ်းတာ ခံလိုက်ရတယ်။ သူအလောင်းကိုတော့ စက်ကြည်ရွာက အိမ်တခုထဲမှာ ပြန်တွေ့ရတယ်"

နေအိမ်တွေ မီးရှို့နေတဲ့ စစ်အုပ်စုကို PDF တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာက ဒေသခံနေအိမ်တွေကို မီးရှို့နေတဲ့ အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်တွေကို ဒီဇင်ဘာလ ၂၀ ရက် မနက်ပိုင်း ၈ နာရီလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ အဖွဲ့ဆီက သိရပါတယ်။

ဝက်လက်မှာ တိုက်ပွဲဖြစ်ပြီး ဒုရဲအုပ် ၁ ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦးအပါ ၃ ဦးသေဆုံး

“ပစ်ခတ်မှုကတော့ ၁ နာရီခွဲလောက်ဖြစ်သွားတယ်။ သူတို့ဘက်က ၃ ဦးသေပြီး ၁ ဦးဒဏ်ရာရတယ် ဆိုတာ ကျနော်တို့အတွင်းသတင်းအရ သိရတယ်။ ကျနော်တို့ဘက်ကတော့ ၁ ဦးဒဏ်ရာရတယ် မစိုးရိမ်ရပါဘူး”

အမြန်လမ်းမှာ ဘုရားဖူးဟိုက်ဂျက်ကား နောက်ကဝင်တိုက်ခံရလို့ ၁၀ ဦးဒဏ်ရာရ

" နောက်ကားက သူတို့ကားကို ကျော်တက်တာမှာ မလွတ်ဘဲ ဝင်တိုက်မိသွားတာ။ Hijet ပေါ်မှာက ယာဥ်မောင်းအမျိုးသားနဲ့ ကျန်တာအမျိုးသမီးတွေချည်းပဲပါတာ"

ကလေးနယ်က စစ်ရှောင်စခန်း ၄ ခုကို ဆန် တင်း ၂၀၀ ကျော်ထောက်ပံ့

"ကျနော်က အလှူရှင်တွေရှာရတယ်။ ပြည်ပကတော့ အလှူငွေပို့ပေးကြတာပေါ့။ အဓိက လိုတဲ့ဆန်တွေ စုဆောင်းဝယ်ပြီးတော့ စစ်ရှောင်စခန်း ၄ ခုကို အရင်ပို့ပေးခဲ့တယ်”

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ မန္တလေးနန်းတွင်းထဲကို ၁၀၇ မမ ရှော့ဒုံး ၆ လုံးနဲ့ပစ်ခတ်

“အဓိက ကတော့ သူတို့ အလုံခြုံဆုံးနေရာလို့ယူဆရတဲ့ နေရာထင်လို့ စစ်ရေးအရ ခြိမ်းခြောက်တဲ့ သဘောပါ။ သူတို့လုံခြုံပါတယ်ဆိုတဲ့နေရာမှာ စိတ်ဖြောင့်ဖြောင့် စိတ်အေးအေးနေလို့ မရဘူးဆိုတာကို သိစေချင်လို့ ပစ်ခတ်ခဲ့တာပါ “

ပေါင်းတည်မှာ သတင်းပေးဖို့သွားတဲ့ တပ်သတင်းပေးဆိုသူကို PDF ပစ်ခတ်ရှင်းလင်း

“သူက မနက်တိုင်း တာဝါတိုင်စောင့်စစ်သားတွေဆီကို သတင်းပေးဖို့ သွားတာကိုသိလို့ စောင့်ကြိုရှင်းလင်းခဲ့တာပါ။ ဓါးရှည်ကိုင်ပြီး ခြေလျင်သွားနေတာကို ရင်ဘတ်ကို ၂ ချက်ပစ်လိုက်တာ ပွဲချင်းပြီးပဲ “

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ မုန်းမြို့မှာ စျေးမီးလောင်လို့ ဆိုင်ခန်း ၂၀၀ ကျော် ပျက်စီးခဲ့ပြီး ရှို့မီးဟုဆို

" ဘယ်ဆိုင်ကနေ စလောင်မှန်းကို မသိရဘူး။ ရှို့မီးလို့တော့ သိရတယ်။ ကျနော်တို့ဆိုင်ခန်းတွေလည်းပါသွားတယ်။ ဘယ်သူကနေ ဘယ်လိုရှို့လဲဆိုတာတော့ မသိရဘူး"

ဖျက်အားပြင်းပေပါမိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သား သေဆုံးဒဏ်ရာရသူများ (ရုပ်/သံ)

စစ်ကြောင်းဟာ နှမ်းဆီကန်ရွာ ပြည်သူပိုင်နေအိမ်တွေက ရိက္ခာတွေယူပြီးထွက်လာတဲ့အချိန် ရွာလယ်မှာ ပေပါမိုင်း ၁ လုံးနဲ့တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေပြီး ၁၀ ဦးကျော်ဒဏ်ရာအပြင်းအထန်ရတယ်လို့ ဆိုပါတယ်။

ဖောင်းပြင်မှာ လေကြောင်းနဲ့ပစ်လို့ ၃ နှစ်အရွယ် ကလေးတဦးသေဆုံး

“စာသင်ကျောင်းမှာက ၂ လုံး၊ ရွာမထဲမှာက ၃ လုံး၊ ဗုံး ၅ လုံးချသွားတယ်၊ အဲ့မှာ ကလေးမလေး ၂ ယောက်ထိတာ၊ တယောက်က ပွဲချင်းပြီးဆုံးသွားတယ်၊ အကြီးမလေးကလည်း ၅၀/၅၀အခြေနေမှာ ရှိနေတယ်။”

ကသာမှာ PDF ၅ ဦးနဲ့ ပြည်သူ ၁ ဦး အသတ်ခံရ

“သတ်ပြီးတော့ ခန္ဓာကိုယ်တွေမှာ ကျားဘီလူးစစ်ကြောင်းဆိုပြီး စာရေးသွားသေးတယ်၊ အလောင်းက တော့ ပြန်ရပြီ၊ ပစ္စည်းတွေလည်း ပါသွားသေးတယ်၊ ဒရုန်း ၁ စီးရယ်၊ ပဒိန် (လက်လုပ်စိန်ပြောင်း) ၂ လက်၊ ပါရီ (Type 81 rifle) ၁ လက်၊ အတို ၁ လက် ပါသွားတယ်လို့ ကြားတယ်။”

ဖမ်းဆီးခံရတဲ့ အုပ်ချုပ်ရေးမှူးနေရာ ယာယီဝင်လုပ်တဲ့ ပျူစောထီးခေါင်းဆောင် ရက်ပိုင်းအတွင်း ရှင်းလင်းခံရ

“သူ(ကိုတင်ဦး)က စမ်းတောင်ကွေ့ရွာထိပ်မှာ ဆိုင်ကယ်နဲ့ ရပ်နေတာကို ကျနော်တို့က မထင်မှတ်ဘဲ တွေ့လို့ ရှင်းခဲ့တာ။ ဘယ်တွေကို မှန်လဲတော့ မသိဘူး။ ပွဲချင်းပြီးသေတာ"

မြိုင်နယ်၊ နှမ်းဆီကန်ရွာကို မီးရှို့ပြီး ဒေသခံ ၃ ဦးကို ဖမ်းဆီး

“ရွာသားတွေကထွက်ပြေးရင်း စစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံရတာ။ အဖမ်းခံရတဲ့ထဲမှာ အမျိုးသမီးတွေလည်း ပါတယ်။ အမျိုးသမီးကိုတော့ သူတို့ပြန်လွှတ်ပေးလိုက်တယ်။ အမျိုးသားတွေကိုတော့ ဖမ်းထားတယ်။ သူတို့(စစ်ကောင်စီ)တွေ ရွာထဲမှာ ရှိနေတုန်းပဲ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10