သတင်းတို

ငါန်းဇွန်မှာ စစ်ကောင်စီစစ်ကြောင်းကို တမနက်တည်း မိုင်း ၃ ကြိမ်ဆွဲ၊ သေဆုံးမှုရှိ

"စကစတွေ သေဆုံး၊ ဒဏ်ရာရတာကို မျက်မြင်တွေ့တဲ့ ပြည်သူတွေရဲ့ပြောပြချက်အရအတည်ပြုခဲ့တာ။ ဒဏ်ရာရကောင်တွေကို လက်ပံသာရွာနဲ့ ထနောင်းကုန်းရွာထဲမှာဝင်ပြီး ဆေးကုသခဲ့တယ်။ သေတဲ့ကောင်တွေကို ထော်လာဂျီတစီးနဲ့ တင်သွားတယ်"

မုံရွာမှာ စစ်သားတွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

"တိုက်ပွဲတွင်း မျက်မြင်ကျသွားတာကို တွေ့ရတာရယ်၊ ပြီးတော့ သူတို့(စကစ) ထမ်းစင်နဲ့ သယ်ထုတ်သွားတဲ့ အရေအတွက်ကိုသတင်းရတာနဲ့ အတည်ပြုနိုင်တာပါ"

မြောင်က ၃ရက်တာ တိုက်ပွဲအတွင်း စစ်သား ၁၃ ဦးကျော် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ဆူးလေကုန်းကျေးရွာ၊ သုခဒီပကျေးရွာနဲ့ ရွှေလှံကျေးရွာတွေမှာ ၃ ရက်အတွင်း ၃ ကြိမ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၁၃ ဦးကျော်ဒဏ်ရာရတယ်လို့ Myingyan District Drone Strike Team ထံက သိရပါတယ်။

ရွှေဘိုမြို့ပေါ်မှာ ကင်းလှည့်စစ်ကားထဲ ဗုံးပစ်ထည့်လို့ ၂ ဦးသေ၊ ၁ ဦးကို သေနတ်နဲ့ ပစ်ခတ်ရှင်းလင်း

"သူက အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးပြီး တယောက်တည်းသွားနေချိန် သူအလာကို စောင့်နေတဲ့ ရဲဘော်တွေက ရှေ့တည့်တည့်ကနေ တချက်ပစ်ခတ်လိုက်တာ။ ပွဲချင်းပြီးတယ်"

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ သားအမိ ၂ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရ

"လက်နက်ကြီးကလည်း စကစ ဘက်က ဒီလိုပဲ ပစ်နေကြတာ။ ဒီရက်ပိုင်းတွေဆို ပိုဆိုးလာတယ်။ ညတိုင်းနီးပါး ပစ်လာတယ်။ အရင်ကတောင် ရက်ခြားပစ်သေးတယ်" လို့ ညောင်လေးပင်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ကြို့ပင်ကောက်က ပျူစောထီးနဲ့ဆက်နွယ်တယ်ဆိုတဲ့ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

"သူတို့ ၂ ဦးက ယာတောအတွင်း သွားလာနေချိန်မှာ သေနတ်နဲ့ ပစ်ခတ်နိုင်ခဲ့လို့ နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်"

ယာကြီးပြင် စစ်တပ်ဂိတ် တိုက်ခိုက်ခံရ

“ကျနော်တို့ဘက်က ၄၀ မမနဲ့ ပစ်လိုက်လို့ ဘန်ကာထိမှန်ပြီး ပျက်စီးတယ်။ မြေပြင်သတင်းအရ သေဆုံးမှုရှိတယ်။ လူနာတင်ကားတွေနဲ့လည်း လာသယ်တာရှိတယ်။ ဒီစစ်ဆေးရေးဂိတ်က ရေနံချောင်းမြို့အပိုင် စစ်ဆေးရေးဂိတ်ဖြစ်တော့ မြို့တွင်းမှာဖြစ်သွားတဲ့ မစ်ရှင်ဖြစ်တဲ့အတွက် စကစဘက်က သတင်းတွေ ဖုံးဖိထားတာရှိတယ်”

လက်လုပ်ပြောင်းကွဲလို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်စိတ်မှူး ကျဆုံး (ရုပ်/သံ)

ကျဆုံးခဲ့တဲ့ အသက်၃၀အရွယ် တပ်စိတ်မှူး ဖိုးကျော်ရဲ့ အလောင်းကို ပြန်သယ်လာနိုင်ခဲ့ပြီး အောက်တိုဘာ ၃၀ ရက် မနေ့က နေ့လယ် ၁ နာရီလောက်မှာ သူ့ရဲ့စျာပနအခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

စဥ့်ကူးနယ်က ပျူစောထီးတွေ ဒရုန်းဗုံးချလို့ ကလေး ၃ ဦး ဒဏ်ရာပြင်းထန်

"၁၅ နှစ် ကလေးက လက်ချောင်းလေးတွေထိတာ။ နောက်ထပ်ယောကျာ်းလေး ၂ ယောက်မှာ ကလေးတယောက်က ရင်ဘတ်ပွင့်ထွက်သွားတယ်။ နောက်တယောက်ကလည်း တံတောင်ဆစ်မှန်တာ" လို့ ဝက်လက်နယ် ဒေသခံတဦးကပြောပါတယ်။

ယာဉ်မတော်တဆမှုဖြင့် ပေါင်းတည်အသင်း(ရန်ကုန်)ရဲ့ နာယက ကွယ်လွန်

"စလစ်ဖြစ်ပြီး ကားက ညာဘက်ခြမ်းကနေ ဘယ်ဘက်ခြမ်းက သစ်ပင်ဝင်တိုက်ပြီး မြောင်းထဲကျသွားတာ ကားခေါင်းပိုင်းလည်း တော်တော်ပျက်စီးသွားတယ်"

ပဲခူးမှာ စစ်ကောင်စီသီတင်းကျွတ်မီးထွန်းပွဲကာလ လျှပ်စစ်မီးရရှိချိန် ပိုနည်းလာ

"အရင်ကတည်းက မီးကမမှန်တာ။ ခုကျ မီးထွန်းပွဲလုပ်နေတဲ့အချိန်မှာ ပိုဆိုးသွားတာ။ ဖွင့်ပွဲက လပြည့်နေ့မှ ဆိုပေမယ့် ဒီမတိုင်ခင် ၄၊ ၅ ရက်ထဲက စျေးတန်းတွေရှိတယ်။ အဲ့ဒီမှာကျ မီးက ထိန်လင်းနေရော။ ရပ်ကွက်တွေကျ လာချိန်မမှန်ဘဲ မလာတာက များတယ်။ ပွဲတော်ကိုကျ တနေကုန် နီးပါး မီးပေးထားတယ်"

ဒီပဲယင်းမှာ စစ်တပ်က PDF ၂ ဦးအပါ ဒေသခံ ၈ ဦးကို ခေါင်းဖြတ်သတ်ပြီး ၂၀ ဦးကျော်ကို ဖမ်းဆီးထား

"ဒီ ၈ ယောက်ထဲမှာ ရပ်ရွာကာကွယ်ရေး ၂ ယောက်ပါတယ်။ လုံခြုံရေးအရ တိတိကျကျ ပြောလို့မရဘူး။ အသတ်ခံရသူတွေက ခေါင်းဖြတ်ခံ၊ ဗိုက်ဖောက်ခံထားရတယ်။ အလောင်းတွေက မပီပြင်တော့ဘူး"

၁၀၂၇ စစ်ဆင်ရေးအောင်မြင်ဖို့ အညာပြည်သူတွေ ဆုတောင်းသပိတ်လုပ်

"ပြည်သူ့ဘက်က ရပ်တည်တဲ့ ဘယ်စစ်ဆင်ရေးကိုမဆို ကြိုဆိုပါတယ်။ ပရိုကျပြီးစစ်ရေးပြည့်ဝတဲ့ လက်နက်ကိုင်အဖွဲ့တွေက ပြိုင်တူအုံကြွလိုက်တော့ ကျနော်တို့ စစ်ကိုင်းတိုင်း အညာဒေသကအဖွဲ့တွေ ပြည်သူတွေ အသက်ရှူချောင်လာတာပေါ့ဗျာ။"

NUG ကြားကာလပညာရေးစနစ်ကို ဗကသများအဖွဲ့ချုပ်က မေးခွန်းထုတ် (ရုပ်/သံ)

"အဆင့်မြင့် ပညာရေး ကဏ္ဍမှာဆိုရင် နွေဦးတက္ကသိုလ်ဆိုတဲ့ အွန်လိုင်းစနစ်တွေပဲရှိသေးတယ်။ အဲ့ဒီအွန်လိုင်းစနစ်တွေမှာဆိုရင် အညာဒေသတို့ တိုင်းရင်းသားဒေသတွေပဲဖြစ်ဖြစ် ဘယ်ဒေသမှာမဆို အင်တာနက်အဆင်မပြေမှု၊ လုံခြုံရေးအဆင်မပြေမှုတွေနဲ့ တက်ရောက်ဖို့က ကျောင်းသားတွေအနေနဲ့အဆင်မပြေမှုတွေ ဖြစ်နေတယ်။ အခြေခံပညာမှာရောအဆင့်မြင့်ပညာမှာပါ လိုအပ်ချက်တွေရှိနေတယ်။ အဲ့ဒီလိုအပ်ချက်တွေကို ကျွန်တော်တို့က မေးခွန်းထုတ်ရခြင်းဖြစ်ပါတယ် "

ရေစကြိုမြို့ပေါ်က စစ်အုပ်စု အနီးကပ်တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး

"ရုံးရဲ့ဝင်ပေါက်ရှေ့မှာ ရှော့တိုက်မိုင်းကို စွန့်ပြီးသွားထောင်လိုက်တာ။ ရုံးမှာဂိတ်က တောင်ဘက်နဲ့မြောက်ဘက်၂ ခုမှာရှိတယ်။ ဝင်ပေါက်က အဲ့ဂိတ်၂ ခုကြားမှာရှိတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10