သတင်းတို

ကုလားရှင်ကျေးရွာ စစ်ဆေးရေးဂိတ် ၆၀ မမ နဲ့ ပစ်ခံရလို့ ပျက်စီး (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာ စစ်‌ဆေးရေးဂိတ်မှာ အထိုင်ချနေတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ဒီဇင်ဘာ ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာ ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဂဠုန်တပ် နတ်မောက် PDF အဖွဲက ပြောပါတယ်။

ရဲစခန်းထဲ လင်းတပြုတ်ကျလို့ ပွဲပေးကာ မောင်းတီးပြီးပြန်လွှတ်ပေးခဲ့ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ရဲစခန်းထဲကို လင်းတ(လဒ)တကောင်ကျရောက်ခဲ့လို့ အုန်းပွဲငှက်ပျောပွဲတွေနဲ့ မောင်းတီးကာ ပြန်လွှတ်ပေးခဲ့ကြပါတယ်။

ခမ်းပါတ်တိုက်ပွဲမှာ တပ်ပျက်ထွက်ပြေးသွားတဲ့စစ်ကြောင်းက စစ်သုံ့ပန်းတချို့ ထပ်မံဖမ်းဆီးရမိ

“မနေ့က မိတဲ့ ၃ ယောက်က မိုင်းမိထားတော့ လမ်းမလျှောက်နိုင်ကြဘူး။ ချောင်းဘေးနားမှာ ထိုင်နေကြတဲ့ အချိန်ကို မိတာ။ ညနေပိုင်းမှာ တယောက်ထပ်မိတယ်။ သူတို့က(ရာထူးအကြီးပိုင်းတွေက) ဒဏ်ရာမရတဲ့သူတွေ ကိုခေါ်ပြီး ကိုယ်လွတ်ရုန်းသွားကြတယ်။ ဒဏ်ရာရတဲ့ဟာတို့ မပြေးနိုင်တော့တဲ့ဟာဆို ထားခဲ့လိုက်တော့တာ”

ရေမျက်နီရွာက ခလရ ၅၀ တပ်သားတွေ ချောင်းမြောင်းပစ်ခတ်ခံရလို့ ၃ ဦးသေ

“သူတို့နေတဲ့အိမ်ထဲက ၃ ယောက်ထွက်လာတာ။ ဒီဘက်က ချောင်းမြောင်းပစ်ခတ်တာ ၃ ယောက်လုံးသေသွားတယ်။“

အမြန်လမ်းမှာ ငါး၊ပုဇွန်ပုံးတွေတင်လာတဲ့ကုန်ကား လမ်းလယ်ကျွန်းကထန်းပင်ကို ဝင်တိုက်ပြီး မီးလောင်

" ငါးစျေးကနေ ငါးတွေ ပုဇွန်တွေပါတဲ့ ပုံးတွေတင်ပြီးမောင်းလာတာ။ အိပ်ငိုက်ပြီး ထန်းပင်ကို တိုက်တယ်။ ပြီးမှ ကားခေါင်းထဲက ရှော့ဖြစ်ပြီး မီးထလောင်တာ"

ထီးချိုင့်မြို့နယ်မှာ Non-CDMတွေ အလုံးအရင်းနဲ့အလင်းဝင်ရောက်

"သက်ဆိုင်ရာ ရပ်ကျေးတွေအလိုက် အလင်းဝင်လာတဲ့သူတွေ များပါတယ်။ အများစုကတော့ ပညာရေး ဝန်ထမ်းတွေပါ။ နယ်မြေအခြေအနေ မတည်ငြိမ်သေးတော့ စာရင်းသေချာပြောပြဖို့ အခက်အခဲရှိနေပါတယ် "

စနိုက်ပါနဲ့ပစ်ခံရတဲ့စစ်ကြောင်းက လက်နက်ကြီးနဲ့ပြန်ပစ်တာကနေ ကျောင်းထိုင်ဘုန်းကြီး ဒဏ်ရာရ

စနိုက်ပါနဲ့ပစ်ခတ်မှုမှာ စစ်ကောင်စီစစ်ကြောင်းက ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တာကြောင့် စစ်ကြောင်းက လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်လို့ ၁ မိုင်ခန့်အကွာမှာရှိတဲ့ ကညင်မြောင်ရွာကိုကျရောက်ပြီး ရွာဘုန်းကြီးကျောင်းကို ထိမှန်ခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

မင်းလှက သစ်လုပ်ငန်းလုပ်ကိုင်တဲ့လင်မယားကို စစ်တပ်က ဖမ်ဆီး

“ကိုဝင်းသိန်းကို အိမ်ဟောင်းတလုံးရောင်းဖို့ရှိတယ်ဆိုပြီး ဖုန်းဆက်ခေါ်လို့ စမ်းဘုတ်ကို အိမ်ကြည့်ဖို့သွားတာ။ စမ်းဘုတ်ရွာ စစ်ကောင်စီဂိတ်ကိုရောက်တော့မှ ဖမ်းထားလို့ မိန်းမက သတင်းကြားပြီးလိုက်သွားတာမှာ ထပ်ဖမ်းထားလိုက်တာ။ အပြစ်မရှိအပြစ်ရှာ ဖမ်းနေတာ“

နမခအနီး တပ်ရင်း ၁ ခုအပါ နေရာ ၃ ခုကို PDF တိုက်ခိုက်

“နတ်လူထိပ္ပန်ရပ်ကွက်ရုံးကို ပစ်ခတ်တိုက်ခိုက်တာမှာ ဒီကောင်တွေဘက်က တော်တော်ထိသွားတယ်၊ တရစပ် ပြန်ပစ်တယ်၊ ၂ ကောင်သေတယ်၊ ဆေးရုံးကိုသယ်သွားတယ်လို့ သတင်းလှမ်းပို့လို့ ပြန်သိရတာ”

ဂန့်ဂေါမှာ လက်နက်ကြီးထိလို့ ၃ နှစ်အရွယ်ကလေး ၁ ဦးအပါ ၂ ဦးသေဆုံး

ဒီဇင်ဘာ ၁၆ ရက် မနေ့ကညနေ ၃ နာရီလောက်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီဘက်ကပစ်တဲ့ ၁၂၀ မမ လက်နက်ကြီးကျည်က ရှုံးရှီကျေးရွာတောင်ပိုင်းရှိ စျေဆိုင်ဖွင့်ထားတဲ့ နေအိမ်တလုံးအပေါ် ကျရောက်ခဲ့တာဖြစ်ပြီး ဒေါ်ထွေးရင် ၇၀ နှစ်နဲ့ မောင်သြရထူးလျှံ ၃ နှစ်တို့ ထိမှန်သေဆုံးခဲ့တာပါ။

သဲကုန်းက အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

“ကျနော်တို့ ရဲဘော်တွေရောက်တော့ သူက အိမ်ထဲကနေ အပြင်ထွက်လာတုန်း ပစ်လိုက်တာမှာ ခေါင်းနဲ့ရင်ဘတ်ကို သေနတ်နဲ့ ၂ ချက်ပစ်ခဲ့တာ။ ခုခံချိန်တောင် မရဘူး၊ ပွဲချင်းပြီးသေသွားတယ်”

နတ်တလင်းနဲ့ ကဝမြို့နယ်မှာ စစ်ကောင်စီအဖွဲ့တွေ တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိ

“ ပြည်သူတွေ မျက်မြင်သက်သေပြောပြချက်အရ နှစ်ခါမိုင်းဆွဲတာမှာ ၆ ကောင်သေတယ်လို့ သိရတယ်။ ထိခိုက်သေဆုံးသူတွေကိုတော့ ထော်လာဂျီနဲ့ ကွင်းကျယ်ဆေးရုံသယ်သွားတယ် “

ခလရ ၂၅၁ အရာရှိတဦးအပါ ၂၀ ဝန်းကျင်သေဆုံးခဲ့တဲ့ မြိုင်မြို့နယ်က တိုက်ပွဲ (ရုပ်/သံ)

တွင်းမကျေးရွာက ထွက်လာတဲ့ ခလရ ၂၅၁ ရဲ့ စစ်ကား ၃ စီးနဲ့ အင်အား ၁၂၀ ပါစစ်ကြောင်းကို ဒီဇင်ဘာ ၁၅ ရက် မနက် ၉ နာရီလောက်ကတည်းက မြိုင်မြို့နယ် သာစည်ကျေးရွာအနီးမှာ အနီးကပ်တိုက်ခိုက်ခဲ့တာလို့ မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

တိုက်ပွဲအတွင်းအထိနာတဲ့ စစ်အုပ်စုက သာစည်ရွာက နေအိမ် ၅၀ ကျော်ကို မီးရှို့

အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်အုပ်စုက သာစည်ရွာကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၅ လုံး၊ ဆီစက် ၂ လုံး၊ မြေပဲတင်း ၃၀၀ ကျော် မီးလောင်ပျက်စီးပြီး ဆိတ် ၁၃ ကောင်လည်း မီးထဲပါသေဆုံးခဲ့ပါတယ်။

စဥ့်ကူးက ပျူစောထီးအဖွဲ့ဝင် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရပြီး သေဆုံး

"သူက စကစ ခန့်အုပ်ကြီး၊ ကျေးရွာ ပျူစောထီးအဖွဲ့ဝင်ပါ။ ဖြစ်တာက မြို့ကနေပြန်အလာ ရွာတောင်ဘက်လမ်းပေါ်မှာ ပစ်ခံရတာ"လို့ စဉ့်ကူးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10