သတင်းတို

မြိုင် ပကဖ က ပေါက်မြို့ပေါ်ရှိ ပျူစောထီးနေအိမ်ကို ဝင်ရောက်စီးနင်းပြီး လက်နက်၊ ခဲယမ်းတွေ သိမ်းနိုင်ခဲ့

“သတင်းပေးပို့ချက်ရလို့ ဝင်ရောက်စီးနင်းတာ၊ သူ(ဘန်ဘန်)အပါ ၂ ယောက်ပဲရှိတာ။ ဒီကောင်တွေရှိ မှန်းသိလို့ စစ်ရင်း၊ပစ်ရင်းနဲ့ဝင်တာ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

စဉ်ကူးနဲ့ မတ္တရာမှာ စစ်တပ်က ရေကြောင်းကနေ စစ်ကြောင်းထိုးကာ ကျေးရွာတွေကို မီးရှို့

"သင်္ဘောလာပြီဆိုကတည်းက ဒေသခံတွေကတော့ ပြေးကြတာ။ ရွာထဲအခြေအနေကို အသေးစိတ် မသိရသေးဘူး။ အခုမီးရှို့နေပြီ"

ပေါက်နယ် ၆ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းမှာ အောက်တိုဘာ ၁၉ ရက်ကနေ ၂၄ ရက်အထိ ဖြစ်ခဲ့တဲ့ ၆ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်မြို့နယ်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ငါန်းဇွန်မြို့နယ် လမ်းဦးစီးအရာရှိနဲ့ စားသုံးသူရေးရာဦးစီးမှူးတို့ သေနတ်ပစ်ခံရပြီးသေဆုံး

"လမ်းမှာကာကွယ်ရေးအဖွဲ့တွေက ကားကိုစစ်ဆေးဖို့တားတဲ့အချိန်မှာ မရပ်ဘဲ မောင်းပြေးတယ်လို့ သိရတယ်။ အဲ့ဒီအချိန်မှာ ပစ်ခံရတာတဲ့။ ဘယ်အဖွဲ့ကလုပ်တာလည်းတော့ မသိရပါ"

ဒီပဲယင်းမှာ စစ်ရှောင်တွေနဲ့ စစ်ရှောင်ကူညီသူတွေ ရာသီတုပ်ကွေးဖြစ်နေ

"ဖျားနေသူ အရေအတွက်ကို မသိရသေးဘူး။ ဖျားနေသူတွေက ရွာကနေပါလာတဲ့ ဆေးတွေ သောက်နေရတယ်။ စခန်းမှာက ဆေးမရှိသေးဘူး။ မိုးကလည်း မစဲသေးဘူး"

စစ်ကောင်စီက ဆည်ထဲနေသူတွေကို ခြိမ်းခြောက်နှင်ထုတ်ပြီး ပစ္စည်းတွေသိမ်းယူနေ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ကံတင်ဘီးလင်းဆည်အတွင်း နေထိုင်တဲ့ ပြည်သူတွေကို စစ်ကောင်စီက နှင်ထုတ်ပြီး ပြည်သူပိုင် စက်လှေအချို့ကို သိမ်းယူနေလို့ ပြောင်းရွှေ့နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပဲခူးယာဉ်ထိန်းရဲက ဆိုင်ကယ်စီးသူတွေကို မျိုးစုံအပြစ်ရှာပြီး ကျပ် ၃သောင်းမှ ၁ သိန်းအထိ ဒဏ်ရိုက်

"ယာဥ်လမ်းစည်းကမ်းအတိုင်း မလိုက်နာလို့ ဖမ်းတာဆိုတာက ထားပါတော့။ ဒါတောင် မြို့ရေကြီးထားလို့ ပြည်သူတွေမှာ ဒုက္ခရောက်နေတာ လျော့ပေါ့စဥ်းစားသင့်တယ်။ ခုက မဆိုင်တာတွေပါ စစ်ပြီးငွေရအောင် လုပ်နေတာ"

ပုလဲနယ်က စစ်ရှောင်ကိုယ်ဝန်ဆောင်မိခင် ၄ ဦးကို ငွေကြေးထောက်ပံ့

"စစ်ရှောင်ကိုယ်ဝန်ဆောင်မိခင်တွေကို ပထမဆုံးထောက်ပံပေးတာပါ။ သူတို့မှာ အခက်အခဲတွေက မျိုးစုံရှိနေကြတယ်။ လိုအပ်တာ သုံးလို့ရအောင် တတ်နိုင်သမျှ ထောက်ပံ့ပေးတာပါ"

တန့်ဆည်မြို့ပေါ်မှာ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး၊ ပြည်သူအချို့ဒဏ်ရာရ

မြို့တွင်းစစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်သားတွေကို တန့်ဆည်မြို့တောင်ပိုင်း စျေးသစ်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး မိုင်းစထိမှန်လို့ လမ်းသွားလမ်းလာ အမျိုးသမီး ၃ ဦးလည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဘုတလင်မှာ တိုက်ပွဲဖြစ်ပြီး ကာကွယ်ရေးရဲဘော်တဦး သေဆုံး

“သူတို့က ရွာစာသင်ဆောင်မှာနေတာ ၄ လနီးပါးလောက်ရှိပြီ။ ဘယ်အဖွဲ့ကလဲဆိုတာတော့ ကျနော်လည်း မသိဘူး။ မနက်က ပစ်ခတ်မှုဖြစ်ပြီးတော့ ကျသွားတဲ့ ရဲဘော်အလောင်းကို အဖွဲ့တဖွဲ့က ကားနဲ့ လာသယ်သွားတယ်”

သပိတ်ကျင်းနယ် တပတ်တာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာအထက်ပိုင်းရွာတွေကို ဝင်ရောက်နေတဲ့ စစ်ကြောင်းကိုတိုက်ခိုက်ရာ တပတ်အတွင်း စစ်ကောင်စီတပ်သား သေဆုံးဒဏ်ရာရသူ များပြားခဲ့တယ်လို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ညောင်လေးပင်မှာ စစ်တပ်က လက်နက်ကြီး၊ ရဟတ်ယာဉ်တွေနဲ့ပစ်လို့ ဒေသခံ ၃ ဦးဒဏ်ရာရပြီး ထောင်ချီထွက်ပြေးနေရ

"ဒီရက်ပိုင်းတွေအတွင်းမှာ စကစဘက်က လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်တာတွေများလာသလို လေယာဥ်ပါ သုံးလာရတဲ့အခြေနေရှိနေတယ်။ "

အုတ်တွင်းနယ်အတွင်းမှာ ကား ၁ စီးမြောင်းထဲကျပြီး ၂ ဦးသေ၊ ၄ ဦးဒဏ်ရာရ

"ကားရဲ့ညာဘက် နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ မြောင်းထဲထိုးကျသွားတာ။ ကားပေါ်မှာက လူ ၁၀ ဦးပါတယ်။ ၂ ယောက်ကတော့ သေသွားတယ်"

ဆိုင်ကလုန်း “ဟမွန်း” ကြောင့် မကွေး၊ စစ်ကိုင်းအပါ မြန်မာနိုင်ငံအနှံ့ ရုတ်တရက် ရေကြီး၊ မြေပြိုတာတွေဖြစ်နိုင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့တောင်ဘက်အနီးက ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဟမွန်း” (HAMOON)ဟာ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေတာကြောင့် မြန်မာနိုင်ငံဒေသအလိုက် ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာတွေဖြစ်ပေါ်နိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒက အောက်တိုဘာ ၂၅ ရက် ဒီမနက် ၇ နာရီက သတင်းထုတ်ပြန်ထားပါတယ်။

ဆော-ဆိပ်ဖြူလမ်းပိုင်း မြေပြိုကျမှု PDF တွေ ပြုပြင်ပေး၊ ထပ်မံကျနိုင်လို့ စုံစမ်းပြီးမှသွားရန် အသိပေး

“မိုးရွာသွန်းမှုများပြီး မြေပြိုကျနေလို့ ခရီးသွားတွေ လမ်းပိတ်နေလို့ ပြည်သူ့အကျိူးပြုအနေနဲ့ လမ်းရှင်းပေးတာပါ။ ပြည်သူတွေလည်း လူအား၊ ငွေအား ပါဝင်ပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10